အဖေရှိတဲ့သူတွေကို အားကျတယ်လို့ “အဖေများနေ့”မှာ ရင်ဖွင့်လာတဲ့ အိန္ဒြာကျော်ဇင်
မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်နေခဲ့တဲ့ သရုပ်ဆောင် အိန္ဒြာကျော်ဇင်ကတော အနုပညာနဲ့ပတ်သတ်ရင် ထိထိမိမိနဲ့ အကောင်းဆုံးသရုပ်ဆောင်တတ်သူတစ်ဦးပါ။ လတ်တလောမှာတော့ အူဝဲက အဖေများနေ့မှာ သူမငယ်ငယ်ကတည်းက မရှိတော့တဲ့ အဖေကို သတိတရနဲ့ တမ်းတနေတဲ့ စာလေးတစ်စောင်ကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ဝေမျှပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဖခင်မရှိသူတိုင်း ကြေကွဲသွားရလောက်တဲ့ အိန္ဒြာကျော်ဇင်ရဲ့စာလေးကတော့ တကယ့်ကို ရင်ထဲထိသွားစေပါတယ်နော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် အဖေများနေ့မှာ အဖေရှိတဲ့သူတွေကို အားကျတယ်လို့ စိတ်မကောင်းစွာရင်ဖွင့်လာတဲ့ အိန္ဒြာကျော်ဇင်ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။
မင်းသမီးချောလေး အိန္ဒြာကျော်ဇင်ကတော့ “ကဲ ဒီနေ့တော့ မျှော်ရကျိုးနပ်သွားပြီ များတွေလို…..အဖေ့အကြောင်းတွေကြွားချင်လိုက်တာ…ဒါပေမဲ့ အဖေမှမရှိတာ….သူများတွေလို…..အဖေ့မေတ္တာတွေဖွဲ့ချင်လိုက်တာ….ဒါပေမဲ့ အဖေမှမရှိတာ….သူများတွေလို…..အဖေ့ကို အမိုးအကာကြီးတစ်ခုလို ရှိစေချင်လိုက်တာ…ဒါပေမဲ့ အဖေမှမရှိတာ….သူများတွေလို……အဖေ့ရဲ့ခွန်အားတွေရချင်လိုက်တာ……ဒါပေမဲ့ အဖေမှမရှိတာ……သူများတွေလို……”အဖေ”လို့ အားရပါးရခေါ်ချင်လိုက်တာ…..ဒါပေမဲ့ အဖေမှမရှိတာ…..အဖေရှိတဲ့သူများအားလုံးကို အားကျလျှက်……”အဖေများနေ့” အတွက်အမှတ်တရ…… ဖေဖေဦးကျော်ဇင် ရဲ့ သမီး အိန္ဒြာကျော်ဇင်” ဆိုပြီး ဖခင်ဖြစ်သူကို တမ်းတနေတဲ့ စာလေးတစ်စောင် ရေးသားထားတာပါ။
ထပ်ဆင့်အကယ်ဒမီဆုရှင်တစ်ဦး ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ၂၀၁၄ခုနှစ်တုန်းက “မျက်နှာများတဲ့ ကောင်းကင်” ရုပ်ရှင်ဇာတ်ကားနဲ့ ပထမဦးဆုံးအကယ်ဒမီကိုရရှိခဲ့ပြီး ၁၃နှစ်ကြာမှ “ရင်ဘတ်ထဲကဓား” ရုပ်ရှင်နဲ့ ဒုတိယမြောက်အကယ်ဒမီကို ထမ်မံဆွတ်ခူးရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အောင်မြင်တဲ့ အနုပညာရှင်တစ်ဦးအနေနဲ့ ရပ်တည်နေနိုင်တဲ့ အိန္ဒြာကျော်ဇင်ကတော့ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ဖခင်ကြီးကို တမ်းတနေတဲ့ အူဝဲလေးကို အားပေးစကားလေးတွေ ပြောသွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Eaindra Kyaw Zin’s Facebook
Credit \\ original