ေခါင္းကိုက္ျခင္းကိုအျမန္ဆံုးသက္သာေပ်ာက္ကင္းေစမယ့္ နည္းလမ္းေကာင္းမ်ား




လူတိုင္းလိုလိုေခါင္းကိုက္ဖူးျကပါတယ္။ ေခါင္းတစ္ျခမ္းကိုက္ျခင္း၊ေနရာကြက္ကိုက္ျခင္း၊ေနာက္ေစ့ကိုက္ျခင္း၊ထိပ္ခတ္နာေျကာင့္ေခါင္းကိုက္ျခင္း၊မ်က္ရိုးကိုက္ျခင္းစသည္ျဖင့္ ေခါင္းကိုက္ျခင္းအမ်ိဴးမ်ိဴးရွိသလို ေခါင္းကိုက္ျခင္းျဖစ္ေစေသာ အေျကာင္းရင္းမ်ားစြာလည္းရွိပါတယ္။ထိုအေျကာင္းရင္းမ်ားစြာအနက္ စိတ္ဖိစီးမွုေျကာင့္ေခါင္းကိုက္ျခင္းမွာအမ်ားဆံုးျဖစ္ျပီး လူေပါင္း ၁.၆ဘီလီယန္ေလာက္ခံစားေနရပါတယ္။



(၁)ေရေႏြးျဖင့္ေရခ်ိဴးျခင္း
ေရေႏြးျဖင့္ေရခ်ိဴးျခင္းျဖင့္ ေတာင့္တင္းေနေသာျကြက္သားမ်ားကို ေျပေလ်ာ့ေစတာမို့ ေခါင္းကိုက္ျခင္းနွင့္ဇက္ေျကာတက္ျခင္းကို သက္သာေစပါတယ္။ေရခ်ိဴးဖို့ခက္ခဲပါက ေရေႏြးအိတ္ ကပ္ေပးနိုင္ပါတယ္။

(၂)ရနံ့ကုထံုး
လာဗင္ဒါဆီကဲ့သို့ အေမြးဆီမ်ားကိုအသံုးျပဳျပီး နဖူးနွင့္နားထင္ေနရာကိုနွိပ္ေပးျခင္းျဖင့္ ေခါင္းကိုက္ျခင္းကိုသက္သာေစတယ္ေနာ္။
ေနာက္တစ္ခုကေတာ့ ပရုတ္ဆီပါ။ပရုတ္ဆီကို လိမ္းျခင္း၊ရွဴျခင္း ျပဳလုပ္နုိင္ပါတယ္။

(၃)ေရေသာက္ျခင္း
ေရဓာတ္ခမ္းေျခာက္ျခင္းေျကာင့္ ေခါင္းကိုက္ေစပါတယ္။ဒါေပမယ့္ေရအေသာက္မ်ားျခင္းဟာလည္း ဆားဓာတ္မ်ားကိုဆံုးရွံဳးေစတာမို့ ေသြးေပါင္က်ျခင္းေျကာင့္ ေခါင္းကိုက္ျခင္းကို ျဖစ္ေစပါတယ္။

(၄)ဂ်င္း
ဂ်င္းကိုရာစုနွစ္မ်ားစြာကပင္ ေခါင္းကိုက္ျခင္းကိုသက္သာဖို့ အသံုးျပဳခဲ့ျကပါတယ္။ဂ်င္းလက္တစ္ဆစ္ကိုေရျဖင့္ေဖ်ာ္ျပီး ေသာက္သံုးနိုင္ပါတယ္။

(၅)ေနာက္ေစ့ကိုနွိပ္နယ္ျခင္း
-ပံုတြင္ျပထားေသာ ဦးေခါင္းခြံေအာက္ဘက္ ေနာက္ေစ့ေနရာရွိ ေနရာနွစ္ခုကို နွိပ္နယ္ေပးပါ။ နွစ္ဖက္စလံုးကိုတျပိဳင္တည္းနွိပ္ျပီး ၁၀စကန့္ျကာေအာင္ထားပါ။ထို့ေနာက္ ၁၀စကန့္နားျပီး ေနာက္တျကိမ္ျပန္စတင္ပါ။

(၆)အကိုက္အခဲေပ်ာက္ေဆးေသာက္သံုးပါ
Paracetamol, Ibuprofen ကို ေသာက္သံုးနိုင္ပါတယ္။ အစာအိမ္ကိုထိခိုက္နိုင္သျဖင့္ အစာစားျပီးမွ ေသာက္သံုးသင့္ပါတယ္။

Credit  \\   original

Unicode

လူတိုင်းလိုလိုခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း၊နေရာကွက်ကိုက်ခြင်း၊နောက်စေ့ကိုက်ခြင်း၊ထိပ်ခတ်နာကြောင့်ခေါင်းကိုက်ခြင်း၊မျက်ရိုးကိုက်ခြင်းစသည်ဖြင့် ခေါင်းကိုက်ခြင်းအမျိူးမျိူးရှိသလို ခေါင်းကိုက်ခြင်းဖြစ်စေသော အကြောင်းရင်းများစွာလည်းရှိပါတယ်။ထိုအကြောင်းရင်းများစွာအနက် စိတ်ဖိစီးမှုကြောင့်ခေါင်းကိုက်ခြင်းမှာအများဆုံးဖြစ်ပြီး လူပေါင်း ၁.၆ဘီလီယန်လောက်ခံစားနေရပါတယ်။

(၁)ရေနွေးဖြင့်ရေချိူးခြင်း
ရေနွေးဖြင့်ရေချိူးခြင်းဖြင့် တောင့်တင်းနေသောကြွက်သားများကို ပြေလျော့စေတာမို့ ခေါင်းကိုက်ခြင်းနှင့်ဇက်ကြောတက်ခြင်းကို သက်သာစေပါတယ်။ရေချိူးဖို့ခက်ခဲပါက ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ်။

(၂)ရနံ့ကုထုံး
လာဗင်ဒါဆီကဲ့သို့ အမွေးဆီများကိုအသုံးပြုပြီး နဖူးနှင့်နားထင်နေရာကိုနှိပ်ပေးခြင်းဖြင့် ခေါင်းကိုက်ခြင်းကိုသက်သာစေတယ်နော်။
နောက်တစ်ခုကတော့ ပရုတ်ဆီပါ။ပရုတ်ဆီကို လိမ်းခြင်း၊ရှူခြင်း ပြုလုပ်နိုင်ပါတယ်။

(၃)ရေသောက်ခြင်း
ရေဓာတ်ခမ်းခြောက်ခြင်းကြောင့် ခေါင်းကိုက်စေပါတယ်။ဒါပေမယ့်ရေအသောက်များခြင်းဟာလည်း ဆားဓာတ်များကိုဆုံးရှုံးစေတာမို့ သွေးပေါင်ကျခြင်းကြောင့် ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

(၄)ဂျင်း
ဂျင်းကိုရာစုနှစ်များစွာကပင် ခေါင်းကိုက်ခြင်းကိုသက်သာဖို့ အသုံးပြုခဲ့ကြပါတယ်။ဂျင်းလက်တစ်ဆစ်ကိုရေဖြင့်ဖျော်ပြီး သောက်သုံးနိုင်ပါတယ်။

(၅)နောက်စေ့ကိုနှိပ်နယ်ခြင်း
-ပုံတွင်ပြထားသော ဦးခေါင်းခွံအောက်ဘက် နောက်စေ့နေရာရှိ နေရာနှစ်ခုကို နှိပ်နယ်ပေးပါ။ နှစ်ဖက်စလုံးကိုတပြိုင်တည်းနှိပ်ပြီး ၁၀စကန့်ကြာအောင်ထားပါ။ထို့နောက် ၁၀စကန့်နားပြီး နောက်တကြိမ်ပြန်စတင်ပါ။

(၆)အကိုက်အခဲပျောက်ဆေးသောက်သုံးပါ
Paracetamol, Ibuprofen ကို သောက်သုံးနိုင်ပါတယ်။ အစာအိမ်ကိုထိခိုက်နိုင်သဖြင့် အစာစားပြီးမှ သောက်သုံးသင့်ပါတယ်။

Credit  \\   original


Recent Updates

Recent Posts Widget