သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးဟေကို
အချိန်တွေကြာညောင်းလေ ပိုပိုပြီးလှလာလေလို့ ပရိသတ်တွေအားလုံးက လက်ခံထားကြတဲ့ မင်းသမီးချောလေး မိုးဟေကိုကတော့ မိဘနှစ်ပါးကို ပြုစုစောင့်ရှောက်နေတဲ့ သမီးလိမ္မာလေးဆိုလည်း မမှားပါဘူး။ သူမကတော့ ဒီနေ့လေးမှာ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားတယ်လို့ ဆရာဖြစ်သူ ဂျွန်လွင်က လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အပူအပင်မရှိ အေးချမ်းလွန်းတဲ့ ဆရာလေး မိုးဟေကိုရဲ့ပုံရိပ်တွေကတော့ အရမ်းကိုတည်ငြိမ်နေတာပါနော်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးဟေကိုရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်သွားပြီဖြစ်တဲ့ မိုးဟေကိုရဲ့အကြောင်းကိုတော့ ဆရာဂျွန်လွင်က “Moe hay ko သာသနာ့ဘောင်တွင်းသို့ဝင် တရားထူးတရားမြတ်ရှာတွေ့ပြီးဘဝမှာငြိမ်းချမ်းသာယာစွာဖြတ်သန်းနိုင်ပါစေ” ဆိုပြီး ဆုမွန်ကောင်းတောင်းရင်း လူမှုကွန်ယက်မှာ တင်ထားတာပါ။
မိုးဟေကိုကတော့ သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင် ယွန်းရွှေရည်နဲ့အတူ သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။
မိုးဟေကိုကတော့ လက်ရှိမှာ သူမကိုယ်တိုင်တည်ထောင်ထားတဲ့ “မိုး”ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးဆောင်ပြီး အရည်အသွေးရှိတဲ့ ဇာတ်ကားကောင်းလေးတွေကို ဖန်တီးနေတာဖြစ်ပြီး မိဘနှစ်ပါးကို လုပ်ကျွေးပြုစုရင်းနေတာပဲဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း သာသနာ့ဘောင်အတွင်းသို့ ဝင်ရောက်ပြီး ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေတဲ့ မိုးဟေကိုရဲ့ကုသိုလ်ကို သာဓုခေါ် သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:John Lwin’s Facebook
Credit \\ original






