“လူစည်ပြီး လူမပြတ်တဲ့ ကောင်းသစ် ကြေးအိုးဆိုင်ရှေ့မှာတောင် ဒီလိုဖြစ်နေပြီးတဲ့ မော်လမြိုင်က ကိုလှရွှေတို့ရေ …”









ကိုယ့်​ကားအ​ရှေ့မှာလည်းကားေ​တွရပ်​ထားတယ်​ အ​နောက်​မှာလည်း ကားရပ်​ထားတယ်​ ကြားထဲက ကိုယ့်​ကားတစ်​စီးတည်းကံစမ်းမဲ​ပေါက်​သွားတယ်​ …










Credit: Ju Ju

Unicode Version

19.6.2019 ည 7:30 ကျော် အချိန်လောက်မှာ မော်လမြိုင် ကောင်းသစ် ကြေးအိုးဆိုင်ရှေ့ လမ်းတစ်ဖက်ခြမ်းမှာ ကားလေးရပ်ထားပြီး ကောင်းသစ်မှာဝင်ရောက်စားသောက်ကြတဲ့ မိသားစုတစုရဲ့ ကားမှန်တံခါးအား ရိုက်ခွဲပြီး ကားထဲမှ ဖုန်းအား ခိုးယူသွားသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သည်ဟု သိရပါသည်။
ကားမှန်ခွဲခံရသူ ကာယကံရှင်မှ တခြားသူများ သတိထားနိုင်အောင် သူ၏ လူမှုကွန်ယက်တွင် ယခုလို ရေးသားဖော်ပြထားပါသည်။

ကိုယ့်ကားအရှေ့မှာလည်းကားတွေရပ်ထားတယ် အနောက်မှာလည်း ကားရပ်ထားတယ် ကြားထဲက ကိုယ့်ကားတစ်စီးတည်းကံစမ်းမဲပေါက်သွားတယ် …

ညာဘက် driver မှန်ကိုခွဲပြီးအထဲမှာ ကျန်ခဲ့တဲ့ ဖုန်းလေးတစ်လုံး huawei အဟောင်းလေးကိုယူသွားတယ် ကြည့်ရတာ စိန်နဲ့အရာပေးပြီးခွဲတယ်နဲ့တူတယ် အသံတော့ဘာမှမကြားလိုက်ရဘူး …
ကိုယ့်မိသားစု စားသောက်ပြီးပြန်တော့ ကွဲလျက်ကြီးတွေ့ရတာဘဲ
ဖုန်းအဟောင်းလေးတော့ ဘာမှတန်ဖိုးမရှိပါဘူး ကားကလည်း အာမခံထားတော့ ပြဿနာမရှိဘူး … စောက်လုပ်တော့နည်းနည်းရှုပ်တာပေါ့ … ကိုယ့် လိုခံပြီးတဲ့သူတွေလည်းရှိချင်ရှိမှာပါ မခံရသေးဖူးတဲ့ သူတွေလည်းကားထဲ တန်ဖိုးကြီးပစ္စည်းတွေမထားခဲ့ပါနဲ့လို့ သတိပေးချင်လို့ပါ မှန်ခွဲသွားတဲ့ ပုဂ္ဂိုလ်လည်း ကျန်းမာ ချမ်းသာပါစေသတိထားကြပါ စောက်ကျင့်မကောင်းတဲ့သူတွေများလာကြပြီ :-)ဟု သတိပေးရေးသားထားပါသည်။
ကောင်းသစ် ကြေးအိုးဆိုင်သည် မော်လမြိုင်မြို့၏ နာမည်ကြီး ဆိုင်တဆိုင် ဖြစ်သလို လာရောက်စားသောက်သူများ ဆိုင်ဖွင့်သည်မှ ဆိုင်ပိတ်ချိန်ထိ အမြဲတမ်း ပြည့်နှက်စည်ကားလျှက်ရှိသည့်ဆိုင်တဆိုင် ဖြစ်သည်။ ဒီလိုနေရာမျိုးတွေမှာတောင် အတင့်ရဲစွာ လုပ်ဆောင် လာပြီး ဆိုတော့ အဖွဲ့လိုက်တွေ ဖြစ်ဖို့ များပါတယ်။ လိုက်လေ့လာကြည့်တော့ ကားမှန်ခွဲခံထိတာ ဒီတစီးတည်းမဟုတ်ပဲ ၄/၅/၆ စီးလောက်ရှိပြီးလို့ သိရပါတယ်။

မြဝတီဘက်မှာ ကားမှန်ခဏခဏ ရိုက်ခွဲခံထိတဲ့ သတင်းတွေ တလော က ဆက်တိုက်ကြားရပါတယ်။ အဲဒီကအဖွဲ့တွေများ ဒီဘက်ထိ ခြေဆန့် လာပြီးလားဆိုတာတော့ ကိုလှရွှေ တို့အနေနဲ့ စုံစမ်းထောက်လှမ်း ဖော် ထုတ်ကြဖို့ တာဝန်ရှိလာပြီး ထင်ပါတယ်။ နယ်မြေလေးတွေ စိုးမိုးပေး ကြပါဦး ကိုလှရွှေတို့ရေ …

Credit: Ju Ju

Recent Updates

Recent Posts Widget