ေမာ္လျမိဳင္မွာပါ..FOOD BOX ကို စျမင္ရေတာ့မယ္..
ကြ်န္ေတာ္တို႔ ေမာ္လျမိဳင္က တျခားေနရာေတြ ေနာက္က်ခ်င္ ေနာက္က်မယ္ … ပရဟိတေတာ႔ ဘယ္ေတာ႔မွ ေနာက္မက်ဘူး
ေခါင္းစဥ္က … ” လိုရင္ ယူသြားပါ … လွဴခ်င္လွဴသြားပါ ”
မနက္ျဖန္ ေမာ္လျမိဳင္ကမ္းနားလမ္းမွာ Food Box ေတြ စျမင္ရေတာ႔မွာပါ … မႏၲေလးျမိဳ႕က ကိုဝမ္း (One to one) ျပည္သူ႔ကူညီေရးက စတင္ခဲ႔တဲ႔ food box ကို ေသခ်ာသုံးသပ္ ၾကည္႔ေတာ႔ တကယ္ကို ေကာင္းမြန္တဲ႔ စနစ္လို႔ ယူဆရပါတယ္။
ႏိုင္ငံတကာမွာလဲ တကယ္လိုအပ္ေနတဲ႔သူေတြအတြက္ food box ေတြ ရွိပါတယ္။ အဆင္ေျပတဲ႔လူေတြအတြက္ ဘာမွမဟုတ္ေပမဲ႔ အဆင္မေျပတဲ႔သူေတြ ခရီးသြားဟန္လြဲ တကယ္လိုအပ္ေနသူေတြ အတြက္ေတာ႔ အေထာက္အကူ ျဖစ္ႏိုင္ပါတယ္။
က်န္တာကေတာ႔ မိမိတို႔ရဲ႕ ကိုယ္က်င္႔တရားနဲ႔ပဲ သက္ဆိုင္မွာပါ။
တကယ္လိုအပ္သူေတြ အတြက္ေတာ႔ အဆင္ေျပႏိုင္မွာပါ။
” လိုရင္ ယူသြားေလ … လွဴခ်င္လဲ လွဴသြားေပါ႔ ”
food box အစီအစဥ္ကို ေမာ္လျမိဳင္ျမိဳ႕ ျမိဳင္သာယာရပ္မွာေနတဲ႔
အလွဴရွင္တစ္ဦးမွ အေကာင္အထည္ စေဖာ္ဖို႔ စီစဥ္ခဲ႔တာပါ။ ဒီလို စီစဥ္မႈကို ထပ္မံပံ႔ပိုးတာက အလူမီနီယံလုပ္ငန္းလုပ္တဲ႔ ကိုေမာင္ေအး ပါ။ သူက food box ကို အလူမီနီယံနဲ႔ ေသခ်ာတပ္ဆင္ လွဴဒါန္း ဒါနျပဳေပးတာပါ။
food box ကို အလူမီနီယံနဲ႔ ေသခ်ာအခိုင္အမာ စီစဥ္ေပးမွာပါ။
တကယ္လိုအပ္တဲ႔ သူေတြအတြက္ အေအး မုန္႔ ေရသန္႔ အားျဖည္႔အခ်ိဳ ရည္ေတြကို အခမဲ႔ ယူေဆာင္ စားေသာက္ႏိုင္ျပီး လွဴဒါန္းလိုသူေတြ အေနနဲ႔လည္း food box မွာ အမ်ားျပည္သူ စားသုံးႏိုင္ဖို႔ အခ်ိန္မေရြး ေစတနာ ရွိသလို လာေရာက္ လွဴဒါန္း ထည္႔ဝင္ႏိုင္ပါတယ္။
မိမိအတြက္ အပန္းမႀကီးတဲ႔ စားေသာက္ဖြယ္ရာေလး တခုက တကယ္လိုအပ္ေနသူ အတြက္ဆို နတ္သုဒၶါ ပါပဲ …
က်န္တဲ႔ အျပဳအမူေတြက မိမိတို႔ ကိုယ္စီကိုယ္က်င္႔တရားနဲ႔ပဲ သက္ဆိုင္ မွာပါ။
ေမာ္လျမိဳင္ Food Box
” လိုရင္ယူသြားပါ … လွဴခ်င္လွဴသြားပါ ”
Zin Moe(Mawlamyine)
Credit \\ original
Unicode Version
ကျွန်တော်တို့ မော်လမြိုင်က တခြားနေရာတွေ နောက်ကျချင် နောက်ကျမယ် … ပရဟိတတော့ ဘယ်တော့မှ နောက်မကျဘူး
ခေါင်းစဉ်က … ” လိုရင် ယူသွားပါ … လှူချင်လှူသွားပါ ”
မနက်ဖြန် မော်လမြိုင်ကမ်းနားလမ်းမှာ Food Box တွေ စမြင်ရတော့မှာပါ … မန္တလေးမြို့က ကိုဝမ်း (One to one) ပြည်သူ့ကူညီရေးက စတင်ခဲ့တဲ့ food box ကို သေချာသုံးသပ် ကြည့်တော့ တကယ်ကို ကောင်းမွန်တဲ့ စနစ်လို့ ယူဆရပါတယ်။
နိုင်ငံတကာမှာလဲ တကယ်လိုအပ်နေတဲ့သူတွေအတွက် food box တွေ ရှိပါတယ်။ အဆင်ပြေတဲ့လူတွေအတွက် ဘာမှမဟုတ်ပေမဲ့ အဆင်မပြေတဲ့သူတွေ ခရီးသွားဟန်လွဲ တကယ်လိုအပ်နေသူတွေ အတွက်တော့ အထောက်အကူ ဖြစ်နိုင်ပါတယ်။
ကျန်တာကတော့ မိမိတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ပဲ သက်ဆိုင်မှာပါ။
တကယ်လိုအပ်သူတွေ အတွက်တော့ အဆင်ပြေနိုင်မှာပါ။
” လိုရင် ယူသွားလေ … လှူချင်လဲ လှူသွားပေါ့ ”
food box အစီအစဉ်ကို မော်လမြိုင်မြို့ မြိုင်သာယာရပ်မှာနေတဲ့
အလှူရှင်တစ်ဦးမှ အကောင်အထည် စဖော်ဖို့ စီစဉ်ခဲ့တာပါ။ ဒီလို စီစဉ်မှုကို ထပ်မံပံ့ပိုးတာက အလူမီနီယံလုပ်ငန်းလုပ်တဲ့ ကိုမောင်အေး ပါ။ သူက food box ကို အလူမီနီယံနဲ့ သေချာတပ်ဆင် လှူဒါန်း ဒါနပြုပေးတာပါ။
food box ကို အလူမီနီယံနဲ့ သေချာအခိုင်အမာ စီစဉ်ပေးမှာပါ။
တကယ်လိုအပ်တဲ့ သူတွေအတွက် အအေး မုန့် ရေသန့် အားဖြည့်အချို ရည်တွေကို အခမဲ့ ယူဆောင် စားသောက်နိုင်ပြီး လှူဒါန်းလိုသူတွေ အနေနဲ့လည်း food box မှာ အများပြည်သူ စားသုံးနိုင်ဖို့ အချိန်မရွေး စေတနာ ရှိသလို လာရောက် လှူဒါန်း ထည့်ဝင်နိုင်ပါတယ်။
မိမိအတွက် အပန်းမကြီးတဲ့ စားသောက်ဖွယ်ရာလေး တခုက တကယ်လိုအပ်နေသူ အတွက်ဆို နတ်သုဒ္ဓါ ပါပဲ …
ကျန်တဲ့ အပြုအမူတွေက မိမိတို့ ကိုယ်စီကိုယ်ကျင့်တရားနဲ့ပဲ သက်ဆိုင် မှာပါ။
မော်လမြိုင် Food Box
” လိုရင်ယူသွားပါ … လှူချင်လှူသွားပါ ”
Zin Moe(Mawlamyine)
Credit \\ original








