စည်းစိမ်ချမ်းသာပေမယ့် သမီးကို ကိုယ့်အားကိုယ် ကိုးတက်အောင် သင်ပေးနေတဲ့ စမိုင်းလ်
အပြုံးချိုချိုလေးတွေရဲ့ ပိုင်ရှင်စမိုင်းလ်က ပရိသတ်တွေ အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားသူပါ။ စမိုင်းလ်က အလိုလိုက်ပြီး မျက်နှာအညှိုးမခံတဲ့ ခင်ပွန်း၊ နိုင်ငံခြားသူလေးတွေလို လှပချစ်စရာကောင်းတဲ့ သမီးနှစ်ဦးနဲ့ ပျော်စရာကောင်းတဲ့ နေ့ရက်တွေကို ကုန်ဆုံးနေတာပဲဖြစ်ပါတယ်။စမိုင်းလ်က အနုပညာလုပ်ငန်းတွေ အရင်လောက်မလုပ်ကိုင်ပေမယ့် ပရိသတ်တွေကတော့ သူမကိုချစ်ခင်အားပေးလျက်ပါပဲ။
ပစ္စည်းဥစ္စာတွေ ပြည့်စုံကြွယ်ဝတဲ့ စမိုင်းလ်က အလုပ်ကို အင်မတန်ကြိုးစားခဲ့ရပြီး အောက်ခြေဘဝက တက်လာတာမို့ ဘဝမမေ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။ စမိုင်းလ်က သမီးလေးတွေကိုလည်း သူမလိုပဲ ကြိုးစားတတ်အောင် အစစအရာရာ ကိုယ့်အားကိုယ် ကိုးတက်အောင် သင်ကြားပေးတတ်သူ တစ်ဦးဖြစ်ပါတယ်။
စမိုင်းလ်က ဒီတစ်ခေါက်မှာလည်း သူမရဲ့ သမီးငယ်လေးကို နိုင်ငံခြားမှာနေချိန် အိမ်အကူမရှိတဲ့အခါ ကိုယ့်အားကိုယ်ကိုးတက်အောင် အောက်ခြေသိမ်း အိမ်မှုကိစ္စတွေ ခိုင်းခဲ့တာကို တွေ့ရပါတယ်။
သမီးလေးကို ကန်စွန်းရွက်ခြွေတာကအစ သင်ပေးနေတဲ့ မေမေစမိုင်းလ်
စမိုင်းလ်ကတော့ စည်းစိမ်တွေ ချမ်းသာပေမယ့် သူမဖြတ်သန်းခဲ့ရတဲ့ ဘဝကို ဘယ်တော့မှ မမေ့တတ်သူတစ်ဦး ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်တို့ မိသားစုလေးကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source: စမိုင်းလ် Smile
Credit \\ original




