မိခင်ဖြစ်သူ၏ သီလရှင်ဝတ်စုံတွေနဲ့ လုံချည်တွေကို အမြဲလျှော်ဖွတ်ပေးပြီး ကုသိုလ်ယူတဲ့ စည်သူမောင်
အနုပညာလောကမှာ ဗီဒီယိုဇာတ်ကားပေါင်းများစွာ ရိုက်ကူးခဲ့ရပြီး ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးတစ်လက်ဖြစ်ခဲ့တဲ့ စည်သူမောင်ကတော့ သူချစ်တဲ့ အနုပညာအလုပ်တွေဆက်လက်လုပ်ကိုင်နေတာတွေ့ရပါတယ်။ ရုပ်ရည်ရူပကာပြေပြစ်လှပြီးတော့ ခန့်ချောတဲ့မင်းသားတစ်လက်ဖြစ်တာကြောင့်လည်း သူနဲ့ လိုက်ဖက်တဲ့ဇာတ်ရုပ်တွေအတော်များများမှာ ပရိသတ်တွေ သတိထားကြိုက်မိကြမယ်လို့လည်း ထင်ပါတယ်။
စည်သူမောင်ကတော့ အရွယ်ရောက်ရှိလာတဲ့သားတစ်ယောက်ပီပီ ယနေ့အချိန်ထိ မိခင်ဖြစ်သူရဲ့ လုံချည်တွေကို လျှော်ဖွတ်ပေးပြီး မိခင်အပေါ် သိတတ်တဲ့သားတစ်ယောက်အဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် မိခင် မယ်သီလရှင်ဝတ်တိုင်းမှာလည်း မိခင်ရဲ့ သီလရှင်ဝတ်စုံတွေကို လျှော်ဖွတ်ပြီး ကုသိုလ်ယူပြန်ပါသေးတယ်။
ကြည်နူးဖွယ်ကောင်းလှတဲ့ သူ့ရဲ့ ဒီလိုလုပ်ရပ်လေးကို Facebook ပေါ် အမြဲတင်လေ့ရှိတာကလည်း သူ့လိုပဲ အခြားသားသမီးတွေလည်း မိဘအပေါ် သိတတ်စေချင်တဲ့ စိတ်လေးဖြစ်ပေါ်စေချင်လို့လို့ သူ့ရဲ့ အကောင့်လေးမှာ ယခုလိုဖော်ပြထားပါတယ်။
“အမေ မယ်သီလရှင် ဝတ်ပြီးတိုင်း မပျက်မကွက် ကုသိုလ်ကျနော့်ညီကပြောတယ် ..ဒါလဲ Facebook တင်တာပဲလား တဲ့ ဟုတ်တယ် လို့ ငါ အမေ့ထမီလျော်ပေးတယ် မယ်သီလရှင်အဝတ်အစားလျော်ပေးတယ် ..ငါလုပ်တာတွေ့ပြီး တခြားသားသမီးတွေ တယောက်ပဲ လိုက်လုပ်ရင်တောင် သားသမီးတွေကုသိုလ်ရတယ် ငါ့ကုသိုလ် ပိုပွါးသွားတယ် မိဘတွေလဲ ပီတိဖြစ်တယ် လို့..မိဘဆိုတာ သက်ရှိထင်ရှားဘုရားတဲ့ မြတ်စွာဘုရားဟောကြားခဲ့တာ ရှိတုန်း လုပ်ကျွေးနိုင်တဲ့သားသမီးပဲ ဖြစ်ချင်ပါတယ်..” ဆိုတဲ့ စည်သူမောင်ရဲ့ စိတ်ဓာတ်လေးကို ကြည်နူးစွာနဲ့ မြင်တွေ့ရတာဖြစ်ပါတယ်။
ပရိသတ်တွေလည်း စည်သူမောင်လိုပဲ မိဘအပေါ် သိတတ်လိမ္မာတဲ့ သားကောင်းသမီးကောင်းရတနာလေးတွေဖြစ်နိုင်ပါစေလို့ ထပ်တူ ဆန္ဒပြု ဆုတောင်းပေးလိုက်ပါတယ်နော်။
Photos-Si Thu Maung
Source – We Love Cele
Credit \\ original








