သူမရဲ့ အတိတ်က ကောလဟာလတွေနဲ့ ပက်သတ်ပြီး ပြတ်ပြတ်သားသားပြောလာတဲ့ နန်းမွေစံ




ဆရာဝန်မလေး နန်းမွေစံက ဆက်စီ Model တစ်ယောက်အဖြစ် အနုပညာလမ်းမမှာ နာမည်ကြီးသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ ပုရိသကိုကိုတွေ စွဲမက်စေတဲ့ သူမရဲ့ ခန္ဒာကိုယ်ကောက်ကြောင်းအလှနဲ့ မြန်မာဆန်တဲ့ သူမရဲ့ ရုပ်ရည်ကြောင့် အားပေးသူ ပရိသတ်အခိုင်အမာ ရရှိထားသူလေးတစ်ယောက်ဆိုလည်း မမှားပါဘူး။ နန်းမွေစံက လက်ရှိမှာတော့ ဆက်စီ Model တစ်ဦးအဖြစ် ရပ်တည်နေပြီး သရုပ်ဆောင်အလုပ်တော့ မလုပ်ကိုင်သေးပါဘူး။



ဒီနေ့မှာတော့ နန်းမွေစံရဲ့ အတိတ်က အကြောင်းအရာတွေနဲ့ ပက်သတ်ပြီး ကောလဟာလသတင်း ဓာတ်ပုံတွေနဲ့ကတွ ထွက်ရှိလာခဲ့ပါတယ်။ ထိုဓာတ်ပုံတွေကို မီဒီယာတစ်ခုက စတင်ဖြန့်ဝေခဲ့တာဖြစ်ပြီး ပရိသတ်တွေကြားမှာ တော်တော်လေး ဂယက်ထသွားခဲ့ပါတယ်။



ထိုကိစ္စနဲ့ ပက်သတ်ပြီး နန်းမွေစံက “ကျမရဲ့ အရင်ပုံတွေတင်ထားတဲ့ မီဒီယာတွေကို ပြောချင်ပါတယ်။ ဆက်လုပ်နေမယ်ဆိုရင် တရားဆွဲသွားပါမယ်။ ယခုအချိန်မှာ ကျမသည် single ဖြစ်ပါတယ်။ ကျမ fan တွေနဲ့ ကျမရဲ့ ကြားထဲမှာအထင်အမြင်လွဲမှားအောင်မလုပ်ကြပါနဲ့” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။



လွန်ခဲ့တဲ့ ရက်ပိုင်းကလည်း သူမရဲ့ဝတ်စားဆင်ယင်မှုနဲ့ ပက်သတ်ပြီး မြန်မာနိုင်ငံဆေးကောင်စီဥပဒေ အခန်း(၁၂)၊ ပုဒ်မ(၄၅)၊ ပုဒ်မခွဲ(ဃ)နဲ့ အညီ နန်းမွေစံရဲ့ အထွေထွေ ဆေးကုသခွင့်လိုင်စင်ကို သိမ်းခံထားရသေးတာ ဖြစ်ပါတယ်။



နန်းမွေစံကို သူမရဲ့ ပရိသတ်တွေကလည်း အားပေးစကားပြောနေကြတာကိုလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ နန်းမွေစံက Single တစ်ယောက်အနေနဲ့ ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ မိုမိုလေးပရိသတ်တွေလည်း နန်းမွေစံကို အားပေးဝန်းရံပေးကြပါဦးနော်။

Rowena
Source; Nang Mwe San – နန်းမွေစံ

Credit  \\  original

Recent Updates

Recent Posts Widget