နတ်မိမယ်လေးလို အရမ်းလှနေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေ
သူများထက်ထူးတဲ့ ဟန်ပန်အမူအယာတွေကြောင့် ပရိသတ်တွေကြားမှာ တစ်ရှိန်ထိုး နာမည်ကြီးလာတဲ့ ဟာသသရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးကတော့ အရမ်းကို ချစ်စရာကောင်းလွန်းခဲ့တာကြောင့် လူတိုင်းက ချစ်ခင်အားပေးနေခဲ့ကြရတဲ့ သူလေးတစ်ယောက်ပါ။ ဖြူဖြူထွေးကတော့ လတ်တလောမှာ နတ်မိမယ်လေးတစ်ယောက်လို အရမ်းလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အရမ်းကို နန်းဆန်နေတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေကိုတော့ ပရိသတ်တွေကလည်း သဘောကျ အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။
မိုမိုလေးချစ်ပရိသတ်တွေအတွက် ရင်သပ်ရှုမောဖွယ်ကောင်းလောက်အောင် လှရက်လွန်းတဲ့ ဖြူဖြူထွေးရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
ဖြူဖြူထွေးကတော့ “ဟေ့ သူငယ်မရာ ချောလို့လှလို့ဝလို့ကွား 😬😬😬😬😬😬😬😬😬😬😬😬😬မောင်ကြီး စားဖို့ အုပ်ထဲမှာပါတယ်နော်” ဆိုပြီး သူမရဲ့အလှပုံရိပ်တွေကို လူမှုကွန်ယက်မှာ တင်ထားတာပါ။
မြန်မာဆန်ဆန်လေးနဲ့ လှရက်လွန်းတဲ့ ဖြူဖြူထွေးကတော့ အလန်းစား ဖက်ရှင်တွေနဲ့လည်း အထာကျလွန်းသူတစ်ဦးပါ။
အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ရင်း ပရိသတ်တွေ ပျော်ရွှင်အောင် ဖျော်ဖြေပေးနေတဲ့ ဖြူဖြူထွေးကတော့ အခုဆို ဇာတ်ကားတွေပါ ရိုက်ကူးနေရပြီပဲ ဖြစ်ပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ အလှပိုင်ရှင်လေး ဖြူဖြူထွေးကို သဘောကျရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Myint Myat
Source:Phyu Phyu Htwe’s Facebook
Credit \\ original





