ဖေဖေ မြင့်မြတ်ရဲ့ ရိုက်ကွင်းရှိရာ ပြင်ဦးလွင်မြို့မှာ ပျော်ရွှင်နေတဲ့ မြတ်သူလေး
နိုင်ငံကျော် သရုပ်ဆောင်အကယ်ဒမီ မြင့်မြတ် ဟာဆိုရင် သရုပ်ဆောင်တဲ့ နေရာမှာ အရမ်းကို ပိုင်ပိုင်နိုင်နိုင်နဲ့ပီပြင်စွာ သရုပ်ဆောင်ပြသပေးနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ယနေ့အချိန်အထိ လက်ခံရရှိထားခဲ့ရတာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့ နေရာမှာ ဇာတ်ရုပ်မရွေးဘဲ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်ပြသ ပေးနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ နာမည်ကြီး ထိပ်တန်းမင်းသားတွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပါတယ်။ မြင့်မြတ်ကတော့ ယခုဆိုရင် အနုပညာလောကထဲမှာ အောင်မြင်ကျော်ကြားတဲ့ နေရာကို အပိုင်စားရရှိထားခဲ့ရပြီပဲဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းမှာ အရမ်းကိုတော်လွန်းတဲ့ မြင့်မြတ်ကတော့ မိသားစုရေးမှာလည်း အေးချမ်းသာယာတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားရှိ ခဲ့ရတာပဲဖြစ်ပါတယ်။ ချစ်ဇနီးလေးနဲ့အတူ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်ခန်းခန်းနားနား ကျင်းပပြုလုပ်ခဲ့တဲ့ မြင့်မြတ်ကတော့ ယခုဆိုရင် ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားရှိခဲ့ရတာပဲဖြစ်ပါတယ်။
ရှုတင်သွားတိုင်း သားလေးကို ထားခဲ့ရတဲ့ မြင့်မြတ်ကတော့ ရောက်လေရာနေရာတိုင်းမှာ သားလေးကို အမြဲလွမ်းနေခဲ့ရတာပဲဖြစ်ပါတယ်။ ယခုဆိုရင် အသက် ၈ လ ကျော်လာပြီဖြစ်တဲ့ သားလေးကို ရှုတင်ရှိရာ ပြင်ဦးလွင်ဆီ ခေါ်သွားခဲ့တာပဲဖြစ်ပါတယ်။ သားလေးကို အိမ်မှာထားပြီး ရုပ်ရှင် အဝေးသွားရိုက်ရမှာကို စိတ်မဖြောင့်တဲ့ ဖေကြီး မြင့်မြတ်ကတော့ ယခုဆိုရင် သားလေးကိုပါ ခေါ်သွားရတဲ့အတွက် စိတ်ချမ်းသာမှုတွေနဲ့ ရုပ်ရှင်ကို စိတ်ဖြောင့်လက်ဖြောင့် ရိုက်ကူးနေခဲ့ရပြီပဲဖြစ်ပါတယ်။
ဖေဖေ မေမေတို့ရဲ့ အသည်းစွဲအချစ်တုံးလေး ဂျင်းကောင်ပေါက်စလေးကတော့ တနေ့တခြား အရမ်းကိုချစ်စရာကောင်းလာခဲ့ပါပြီနော်။ တနေ့တခြား ပိုပိုဝဝလာပြီး ချစ်စရာကောင်းလာတဲ့ မြင့်မြတ်ရဲ့ သားလေး ဂျင်းကောင်ပေါက်စ ဂျူနီယာမြင့်မြတ်လေးကို ဆက်လက်ပြီး ချစ်ပေးအားပေးကြပါဦးနော်။
အရမ်းကို ချစ်စရာကောင်းတဲ့ ဂျင်းကောင်းသားအဖနှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကို ပရိသတ်ကြီးလည်း သဘောကျနှစ်သက်မယ်လို့ ထင်ပါတယ်။ တစ်နေ့တခြား ပိုပိုပြီး ချစ်စရာကောင်းလာတဲ့ သားလေးကို လက်ကမချနိုင်အောင်ဖြစ်ခဲ့ရတဲ့ ဖေကြီးမြင့်မြတ်တို့ မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို သဘောကျနှစ်သက်တယ်ဆိုရင် မျှဝေပြီး အားပေးကြပါဦးနော်။ ဖတ်ရှုပေးကြပါသော ချစ်ပရိသတ်များအပေါင်းကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Lazumnawsan
Ref : Myat Wai Tun’s Facebook
Credit \\ original





