Myanmar Idol က ဒိုင်တွေဖက်ရှင်ပြိုင်တဲ့ ပြိုင်ပွဲမဟုတ်ဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း
2003ခုနှစ်လောက်က မြန်မာနိုင်ငံရဲ့ နာမည်ကြီး IC ရဲ့စင်တင် အဆိုတော်အဖြစ် ဂီတလောကကြီးထဲကို စတင်ခြေလှမ်းဝင်ရောက်ခဲ့တဲ့ ဖြူဖြူကျော်ကျော်သိန်း ကိုတော့အားလုံးပဲသိကြပြီးသားဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံရဲ့ကိုယ်စားအနေနဲ့လည်းနိုင်ငံတကာ ကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်သီဆိုခဲ့ရတဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ်။ သူရဲ့သီချင်းတွေကလည်း တစ်နိုင်ငံလုံးမှာ အောင်မြင်နေပါတယ်။ အခုဆိုရင်တော့ သူဟာ Myanmar Idol season 4 မှာ အကဲဖြတ်ဒိုင်တစ်ဦးအနေနဲ့ ပါဝင်လုပ်ကိုင်သွားဦးမှာဖြစ်ပါတယ်။ သူနဲ့Kz မီဒီယာနဲ့အင်တာဗျူးမှာ ပြောပြသွားတဲ့အကြောင်းလေးတွေကို ပြောချင်လွန်းလို့ မိတ်ဆွေတွေသိအောင်ပြောပြပေးလိုက်ပါတယ်။
ဖြူဖြူကျော်သိန်းက “ဖြူဖြူအနေနဲ့ပြောရရင် Myanmar Idol က Seasson 1 စကတည်းက မြန်မာပြည်မှာ ပရိသတ်စိတ်အဝင်စားဆုံးပြိုင်ပွဲတွေထဲကတစ်ခုပဲ ။ ပြီးရင် သက်သေအနေနဲ့တွေ့ရတာက ဒီပြိုင်ပွဲကထွက်လာတဲ့ Winner တွေပဲဖြစ်ဖြစ် Runner up တွေပဲဖြစ်ဖြစ် သူ့ပရိသတ်နဲ့သူ ဂီတလောကထဲမှာ ဈေးကွက်တစ်ခုရှိသွားပြီး ဈေးကွက်ထဲကို တန်းရောက်သွားကြတယ် ဆိုတော့ ဖြူဖြူကတော့ ဒီလိုပြိုင်ပွဲကြီး တစ်ခုမှာ ပထမဦးဆုံးစပြီးတော့ ဒိုင်အနေနဲ့ပါဝင်ခွင့်ရတာ အများကြီးပဲ ဂုဏ်ယူပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
ဒိုင်တွေရဲ့ဖက်ရှင်ကိုလည်း တွေ့မြင်ရမှာဆိုတဲ့မေးခွန်းကိုတော့ “ ဒါကတော့လေ ဒိုင်ပြိုင်ပွဲလုပ်နေတာမှ မဟုတ်တာ (သဘောကျလျက်) ဒိုင်တွေကိုအချင်းချင်း Compare လုပ်ပြီးကြည့်ကြရမယ် အဲ့ဒီလိုကြည့်ကြရမယ်ဆိုလို့မှ မဟုတ်တာရှင် ။ အဓိကက လာပြိုင်ကြမယ့် ပြိုင်ပွဲဝင်တွေရဲ့အရည်အသွေးက အဓိက ပါ။”ဆိုပြီးပြောသွားပါတယ်။ ဆက်လက်ပြီးတော့လည်း “ ပြောချင်တာဆိုရင်တော့ဖြူဖြူကိုယ်တိုင်လည်း စိတ်လှုပ်ရှားတယ် ။ ဒီလိုမျိုးပရိသတ်စိတ်ဝင်စားမှုအမြင့်ဆုံး ပြိုင်ပွဲတစ်ခုမှာ ဒိုင်တစ်ယောက်အနနဲ့ပါဝင်ရတယ်။ နောက်ပြီးတော့ ဘယ်လို Talent တွေနဲ့လာကြမလဲဖြူဖြူတို့ကိုယ်တိုင်လည်း အရမ်းစိတ်ဝင်စားတယ်။ နောက်တစ်ခုက ဒီနှစ်မှာဆိုရင် ဖြူဖြူရယ် ၊ ဦးလတ်ရယ် ၊ မတင်ဇာမော်ရယ်ပေါ့နော် ကျန်တဲ့သူတွေအကြောင်းကိုယ်ကများများစားစားလည်းမသိသလို ပြောလည်းမပြောလိုပါဘူး ။ ဒါပေမယ့် ဖြူဖြူ တို့အနုပညာအလုပ်လုပ် ရင်းဆုံဖူးကြတဲ့ အတွေ့အကြုံအရပြောပြရ ဦးလတ်ကော မမော်ရော အရမ်း Serious ဖြစ်ကြတယ်။ လုံးဝတည်တည်တန့်တန့်ပေါ့ အဲ့ဒီလိုမျိုးဆိုတော့ တစ်မျိုးတစ်ဖုံတော့ ထူးခြားမယ်လို့ဖြူဖြူထင်ပါတယ်။”ဆိုပြီးပြောပြသွားခဲ့ပါတယ်။
Credit \\ original





