ယောက္ခမတွေကို အိမ်ခေါ်ပြီး ဒီပြသနာကြီး ဒီလိုကြီးဖြစ်တာ သမီးကပျော်ပါတယ်လို့ ပြောလိုက်တဲ့ “ဇင်သဲနိုင်”
သရုပ်ဆောင် ပိုင်ဇေရဲထွန်းနှင့် ဇနီးဖြစ်သူ ဇင်သဲနိုင်တို့ ဇနီးမောင်နှံဟာ ဖခင်ဖြစ်သူရဲ့ အိမ်နှင့်ခြံကို ပေါင်နှံထားမှုကြောင့် ကမ္ဘောဇဘဏ်မှ တရားစွဲဆိုခြင်းကို ရင်ဆိုင်နေရကြောင်း ပိုင်ဇေရဲထွန်းရဲ့ ဖခင်ဖြစ်သူက လွန်ခဲ့တဲ့ နှစ်ရက်က လူမှုကွန်ယက်ပေါ်ရေးသားထားတာဖြစ်ပါတယ်။
ထိုရေးသားမှုကြောင့် ပိုင်ဇေရဲထွန်းတို့ ဇနီးမောင်နှံဟာ ဝေဖန်ထိုးနှက်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ် ဒါ့အပြင် ဇင်သဲနိုင်ရဲ့ ပို့စ်တင်ပြီး တုံ့ပြန်မှုကြောင့်လည်း ဝေဖန်တိုက်ခိုက်မှုတွေက ပိုမိုပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။
ဇွန်လ ၂၁ ရက်နေ့ ညနေပိုင်းလောက်မှာတော့ ပိုင်ဇေရဲထွန်းရဲ့ ဖခင် ဦးရဲထွန်းအကောင့်ကနေ ပြေလည်သွားပြီဖြစ်ကြောင်း စိတ်ပူတဲ့အတွက် ယခုလို ရေးသားလိုက်တာဖြစ်ကြောင်း ဖြေရှင်းရေးသားမှုတစ်ခုကိုပြုလုပ်ခဲ့ပါတယ်။
ဒါပေမယ့် ဖခင်ဖြစ်သူရဲ့ အကောင့် Hack ခံထားရတယ်လို့ ပိုင်ဇေရဲထွန်းရဲ့ အမကြီး ကပြောခဲ့ပါတယ်။ “မိဘတွေက့ ညီမတို့ ဂုဏ်သိက္ခာ အဖတ်ဆည်နိုင်အောင် ပြန်လည်ကြိုးစားပေးနေတာလဲ အားလုးံသိတာပဲ. အခုဆို ၂ ယောက်စလုံး အရမ်းစိတ်ထိခိုက်ပြီး မစားနိုင်ခဲ့တာကြာပြီ. .
အခုလဲ အိပ်ရာက ကုန်းရုန်းထပြီး ပြောခိုင်းသမျှ ပြောပေးကြပါဦးမယ်
ဒါကြောင့် ညီမ အခုလေသံပြောင်းပြီး မိဘကို အပြစ်ဖြစ်အောင် ရေးနေတာလေးတွေကိုတော့ ဆက်မလုပ်ပါနဲ့တော့. အမအကြီးဆုံး တယောက်အနေနဲ့ ရပ်သင့်ပြီလို့ မေတ္တာရပ်ခံပါတယ်” ဆိုပြီးလဲ ဇင်သဲနိုင်ကို ပြောထားပါသေးတယ်။
ဒီနေ့မှာတော့ သတင်းစာရှင်းလင်းပွဲလုပ်ဖို့ ပိုင်ဇေရဲထွန်းရဲ့ မိဘတွေကို အိမ်ကိုခေါ်ခဲ့ပါတယ်။ ဒါပေမယ့်သတင်းစာရှင်းလင်းပွဲကတော့မလုပ်ဖြစ်ခဲ့ပါဘူး။ ပိုင်ဇရဲထွန်းရဲ့အကိုကလဲ ” ပြင်ဆင်ချက် သတင်းစာရှင်းလင်းပွဲမလုပ်ဖြစ်ဟုသိရ
သတင်းစာရှင်းလဲပွဲ လုပ်မည်ဟု သိရ ဦးနှောက်နှလုံးသားများနဲ့ဆင်ခြင်သုံးသပ် ပေးကြပါရန် အပြုံးချိုချို အလှည့်အပတ်လေးများမြင်တွေ့ရဖွယ်ရှိ အဖေအမေခမျာမှာ မျက်နှာလေးတွေထောက်ထားပြီး အိပ်ယာထဲလဲနေရာကနေကုံးရုံးထပြီးပါသွားရှာသင်ပေးထားသလိုပြောပေးရင်လဲကျန်တဲ့သားကြီးသမီးကြီးတွေစောဒကတက်စရာမရှိပါ
ရှေ့လာမဲ့ရက်များမှာ အမေအဖေကို အဖက်လုပ် ကျွေးမွေးfb မှာတင်ပြီး အာရုံလှဲ့စားတာတွေ လာမှာကိုလဲကြိုမြင် အညှိးအတေးများပြေပါစေ အတိတ်ဘဝ ဝဋ်ကျွေးရှိခဲ့လို့ပြန်ဆပ်နေရတယ် သဘောထားပြီးသားမို့ဆက်လက်တုန်လှုပ်စရာ မရှိတော့လို့ဒီထက်မက အောင်မြင်ကြီးပွား တိုးတက်ချမ်းသာပါစေလို့ပဲ ဆုတောင်း အားမလိုအားမရ ဖြစ်ပေးကြသူများအားလုံး ငရဲမယူကြပါရန်လေးစားစွာ ပန်ကြား 22 June 2019 12:51pm” ဆိုပြီး ရေးတင်ထားတာပဲဖြစ်ပါတယ်။ ဇင်သဲနိုင်ကတော့ ယောက္ခမနှစ်ဦးကို အိမ်ခေါ်ပြီး ” ဒီပြသနာကြီး ဒီလိုကြီးဖြစ်တာ သမီးကပျော်ပါတယ်လို့” ပြောခဲ့ပါတယ်။
Video ကြည့်ရန်
………………………
Credit \\ original







