“တစ္ေက်ာ႔နွစ္ေက်ာ့ေတးကိုသီ” သီခ်င္းနဲ႔ပတ္သတ္ျပီး စိတ္မေကာင္းျဖစ္ေနတဲ့ အဆိုေက်ာ္ ေဒၚမာမာေအး
ျမန္မာသံစဥ္ေတြနဲ႔ အဆိုပညာေလာကမွာ နာမည္ၾကီး ထင္ရွားလွသူတစ္ဦးျဖစ္သည့္ နိုင္ငံေက်ာ္ အဆုိေတာ္ ေဒၚမာမာေအးကို အားလံုးသိၾကမွာပါ..
တစ္ေခတ္တစ္ခါက ျမန္မာ သံစဥ္ေတြကို သီဆိုရာမွာ နာမည္ၾကီးလွသူျဖစ္သလို အသက္ၾကီးသည့္တိုင္ အသံ မပ်က္စီးတဲ့သူဆိုလည္း မမွားနိုင္ပါဘူးေနာ္..။
အဆုိေက်ာ္ ေဒၚမာမာေအးဟာ ျပီးခဲ့တဲ့ The Voice Myanmar Final ပြဲမွာ နီနီခင္ေဇာ္ Team က ျပိဳင္ပြဲဝင္တစ္ဦးျဖစ္သည့္ Hazel သီဆိုသြားတဲ့
တစ္ေက်ာ့နွစ္ေက်ာ့ေတးကိုသီ သီခ်င္းနဲ႔ ပတ္သတ္ျပီး စိတ္မေကာင္းျဖစ္ေနရတဲ့ အေၾကာင္းကို မန္တေလး ေန႔စဥ္ သတင္းစာမွာ တစ္ေက်ာ႔နွစ္ေက်ာ႔ေတးကို
သီ ဆိုတဲ့ ေခါင္းစဥ္နဲ႔ ေဆာင္းပါးေရးသားလာတာကို ေတြ႕ရပါတယ္။
ဒီ ေဆာင္းပါးထဲမွာ တစ္ေက်ာ႔နွစ္ေက်ာ႔ေတးကိုသီ သီခ်င္းရဲ႕ ရာဇဝင္ နဲ႔ တန္ဖိုးကို ေျပာျပထားသလို ၊ သီဆိုမႈ မွာ မၾကိဳက္ဆံုးအရာကေတာ့
“ေမာင္ေလးေရ ထပါေတာ့ ေရာင္နီလာလွေပါ့ “ဆိုတဲ့ စာသားကို ထပ္ခါထပ္ခါ အသံေသးအသံေၾကာင္ မေရာက္ရံု တမယ္ အာျပဲစိန္ လုပ္ခိုင္းခဲ့တာကိုပဲ ထပ္တြန္႔စရာလား ” လို႔ေျပာထားပါတယ္။
ေဒၚမာမာေအးက ဒီသီခ်င္းနဲ႔ ပတ္သက္တဲ့ ဇစ္ျမစ္အားလံုးရွင္းျပၿပီး ေနာက္ ” ႏုိင္ငံတကာစံ ဝင္ခ်င္သပဆုိလဲ ကုိယ္တုိင္ေရးၾက ၊ ကုိယ္တုိင္ထုတ္လုပ္ၾကပါ ၊
က်မတုိ႔ ႀကိဳဆုိအားေပးေနမွာပါ ။ စီးလာတဲ့ ေရအလ်င္မွာ က်ဴပင္နဲ႔ မတားပါဘူး ။က်မတုိ႔ျမန္မာေတြ အျမတ္တႏုိးထားတဲ့ ဂႏၴဝင္သီခ်င္းေတြကုိ ျမန္မာစာအေနနဲ႔ ထားရစ္ခဲ့ၾကပါ – ” လို႔ မႏၱေလး ေန႔စဥ္သတင္းစာမွာ ေဖာ္ျပထားပါတယ္။
ပရိတ္သတ္ၾကီးရဲ႕ အျမင္ကိုလည္း ေျပာျပေပးသြားပါဦး။
Credit \\ original
Unicode Version
မြန်မာသံစဉ်တွေနဲ့ အဆိုပညာလောကမှာ နာမည်ကြီး ထင်ရှားလှသူတစ်ဦးဖြစ်သည့် နိုင်ငံကျော် အဆိုတော် ဒေါ်မာမာအေးကို အားလုံးသိကြမှာပါ..
တစ်ခေတ်တစ်ခါက မြန်မာ သံစဉ်တွေကို သီဆိုရာမှာ နာမည်ကြီးလှသူဖြစ်သလို အသက်ကြီးသည့်တိုင် အသံ မပျက်စီးတဲ့သူဆိုလည်း မမှားနိုင်ပါဘူးနော်..။
အဆိုကျော် ဒေါ်မာမာအေးဟာ ပြီးခဲ့တဲ့ The Voice Myanmar Final ပွဲမှာ နီနီခင်ဇော် Team က ပြိုင်ပွဲဝင်တစ်ဦးဖြစ်သည့် Hazel သီဆိုသွားတဲ့
တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းနဲ့ ပတ်သတ်ပြီး စိတ်မကောင်းဖြစ်နေရတဲ့ အကြောင်းကို မန်တလေး နေ့စဉ် သတင်းစာမှာ တစ်ကျော့နှစ်ကျော့တေးကို
သီ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးသားလာတာကို တွေ့ရပါတယ်။
ဒီ ဆောင်းပါးထဲမှာ တစ်ကျော့နှစ်ကျော့တေးကိုသီ သီချင်းရဲ့ ရာဇဝင် နဲ့ တန်ဖိုးကို ပြောပြထားသလို ၊ သီဆိုမှု မှာ မကြိုက်ဆုံးအရာကတော့
“မောင်လေးရေ ထပါတော့ ရောင်နီလာလှပေါ့ “ဆိုတဲ့ စာသားကို ထပ်ခါထပ်ခါ အသံသေးအသံကြောင် မရောက်ရုံ တမယ် အာပြဲစိန် လုပ်ခိုင်းခဲ့တာကိုပဲ ထပ်တွန့်စရာလား ” လို့ပြောထားပါတယ်။
ဒေါ်မာမာအေးက ဒီသီချင်းနဲ့ ပတ်သက်တဲ့ ဇစ်မြစ်အားလုံးရှင်းပြပြီး နောက် ” နိုင်ငံတကာစံ ဝင်ချင်သပဆိုလဲ ကိုယ်တိုင်ရေးကြ ၊ ကိုယ်တိုင်ထုတ်လုပ်ကြပါ ၊
ကျမတို့ ကြိုဆိုအားပေးနေမှာပါ ။ စီးလာတဲ့ ရေအလျင်မှာ ကျူပင်နဲ့ မတားပါဘူး ။ကျမတို့မြန်မာတွေ အမြတ်တနိုးထားတဲ့ ဂန္ထဝင်သီချင်းတွေကို မြန်မာစာအနေနဲ့ ထားရစ်ခဲ့ကြပါ – ” လို့ မန္တလေး နေ့စဉ်သတင်းစာမှာ ဖော်ပြထားပါတယ်။
ပရိတ်သတ်ကြီးရဲ့ အမြင်ကိုလည်း ပြောပြပေးသွားပါဦး။
Credit \\ original




