” အပ္မိႈစားျခင္းျဖင့္ရရွိလာမည့္ …က်န္းမာေရး…အက်ိုးေက်းဇူးမ်ား။”





Zawgyi

Hot Pot ေလးစားလိုက္ရရင္ သိပ္အရသာရွိမွာပဲေနာ္။ Hot Pot စားတဲ့အခါ အသား၊ အသီးအရြက္၊ မိႈ၊ ၾကက္ဥကစလို႔

ႏွစ္သက္ရာေတြကို ထည့္စားၾကတယ္မဟုတ္လား။

ဒီလိုထည့္စားတဲ့အရာေတြထဲမွာ ေတ္ာေတာ္ေလး ခံတြင္းေတြ႔ေစတဲ့ မိႈတစ္မ်ိဳးျဖစ္တဲ့ အပ္မိႈက

အရသာတင္ေကာင္းတာမဟုတ္ဘဲ က်န္းမာေရးအတြက္လည္းေကာင္းပါတယ္။

အပ္မိႈစားရင္ရရွိလာမယ့္ က်န္းမာေရး အက်ိဳးေက်းဇူးေတြက

ကိုယ္ခံအား ေကာင္းေစတယ္


အပ္မိႈမွာ အာဟာရဓာတ္ေတြၾကြယ္ဝစြာပါဝင္ေနသလို ဓာတ္တိုးဆန္႔က်င္ အာနိသင္ေတြလည္းၾကြယ္ဝစြာပါဝင္ပါတယ္။

အရိုးေတြကို သန္မာေစတဲ့ ကယ္လ္ဆီယမ္လည္း ၾကြယ္ဝစြာပါဝင္ပါတယ္။

အပ္မိႈမွာပါဝင္တဲ့ အျခားဓာတ္ေတြက ကိုယ္ခံအားစနစ္ကိုေကာင္းမြန္ေစျပီး အသည္းေရာဂါ၊

ကိုလက္စထေရာမ်ားတာ၊ေသြးတိုးတာနဲ႔ အသည္းေရာဂါကို သက္သာေစႏိုင္တယ္။



အဆီက်ေစႏိုင္တယ္

အပ္မိႈမွာ conjugated linoleic acid (CLA) ပါဝင္ေနတာေၾကာင့္ ခႏၶာကိုယ္က အဆီေတြကို ေလ်ာ့က်ေစနိုင္တဲ့အတြက္

ပိန္ခ်င္သူေတြ စားသံုးေပးသင့္တယ္။

ေသြးတြင္းသၾကားဓာတ္ကုိ ထိန္းညွိေပးႏိုင္တယ္

ေန႔စဥ္စားသံုးတဲ့ အစားအစာထဲမွာ အမွ်င္ဓာတ္ပါဝင္မႈမ်ားေလေလ ေသြးတြင္းကိုလက္စထေရာ က်ေလေလျဖစ္ျပီး

ခႏၶာကိုယ္အေလးခ်ိန္ကို က်ေစႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အမွ်င္ဓာတ္မ်ားမ်ားစားေလေလ

ေသြးတြင္းသၾကားဓာတ္ထိန္းခ်ဳပ္ႏိုင္မႈ ေကာင္းေလေလေပါ။

ဆီးခ်ိဳရွိသူေတြအေန နဲ႔ ေသြးတြင္းသၾကားဓာတ္ကို ထိန္းညွိႏိုင္ေစဖို႔အတြက္ အပ္မႈိ စားသံုးလို႔ရသလို ဆီးခ်ိဳ

ကာကြယ္ခ်င္သူေတြအေနနဲ႔လည္း အပ္မိႈ စားသံုးေပးလို႔ရတယ္။

ဝမ္းမွန္ေစႏိုင္တယ္

အပ္မိႈမွာပါဝင္တဲ့ အမွ်င္ဓာတ္ေတြက ဝမ္းမွန္ေစႏိုင္ျပီး ဝမ္းခ်ဳပ္တာမ်ိဳးမျဖစ္ေအာင္ကာကြယ္ေပးႏိုင္ပါတယ္။ အပ္မိႈကို ေန႔စဥ္

ပံုမွန္စားသံုးေပးမယ္ဆိုရင္ အစာေျခစနစ္ကို က်န္းမာေစျပီး ဝမ္းမွန္ေစမွာပါ။ ဝမ္းမခ်ဳပ္ေစဖို႔အတြက္ ေန႔စဥ္လံုေလာက္တဲ့

အမွ်င္ဓာတ္ရရွိေအာင္ ဂရုစိုက္စားသံုးေပးပါ။

မွတ္ဥာဏ္ေကာင္းမြန္ေစႏိုင္တယ္

အပ္မိႈ မွာ အမိုင္ႏိုအက္ဆစ္ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ အာရံုေၾကာေတြကိုေကာင္းမြန္ေစႏိုင္ သလို မွတ္ဥာဏ္ကိုလည္း

တိုးတက္ေကာင္းမြန္ေစႏိုင္ပါတယ္။ ကေလးငယ္ေလးေတြကို အပ္မိႈေကၽြးေပးမယ္ဆိုရင္လည္း ကေလးဟာ

မွတ္ဥာဏ္ဖြံ႔ျဖိဳးမႈေကာင္းမွာ အေသအခ်ာပါ။

ဓာတ္မတည့္တာကို ကာကြယ္ေပးႏိုင္တယ္

မၾကာခဏ အပ္မိႈကို စားသံုးေပးမယ္ဆိုရင္ ပန္းနာရင္က်ပ္ျဖစ္တာ နဲ႔ အေရျပားမွာ နီျမန္းယားယံတာ၊ ႏွင္းခူ ျဖစ္တာလိုမ်ိဳး

ဓာတ္မတည့္ျခင္းေတြကို ေရွာင္ရွားႏိုင္မွာျဖစ္ပါတယ္။ အပ္မိႈကို ပံုမွန္စားသံုးေပးမယ္ဆိုရင္

က်န္းမာေရးေကာင္းမြန္လာမွာျဖစ္သလို ဓာတ္မတည့္မႈေတြလည္း ကင္းေဝးေစမွာပါ။

ႏွလံုးက်န္းမာေစႏိုင္တယ္

အပ္မိႈစားသံုးေပးတာက ေသြးတြင္း အဆီဓာတ္မ်ားတာမ်ိဳး မျဖစ္ေအာင္္ကာကြယ္ေပးပါတယ္။ ေသြးတြင္း

ကိုလက္စထေရာျမင့္တက္မႈက ႏွလံုးေရာဂါျဖစ္ရတဲ့ အဓိကအေၾကာင္းအရင္းပါ။

အပ္မိႈက ေသြးတြင္းကိုလက္စထေရာပမာဏ အရမ္းမမ်ားေအာင္ ထိန္းထားတာက ႏွလံုးေရာဂါမျဖစ္ေအာင္ကာကြယ္ႏိုင္တဲ့

ထိေရာက္တဲ့နည္းလမ္းေလးပါ။

ဇီဝတြင္းျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစႏိုင္တယ္

အပ္မိႈစားသံုးေပးတာက ခႏၶာကိုယ္ ရဲ႕ ဇီဝတြင္း ျဖစ္စဥ္ေတြကို တိုးတက္ေကာင္းမြန္ေစျပီး လိုအပ္တဲ့ အာဟာရဓာတ္ေတြ

စုပ္ယူမႈကို တိုးတက္ေစႏိုင္တာေၾကာင့္ ခႏၶာကိုယ္ကို က်န္းမာ ဖြံ႔ျဖိဳးေစႏိုင္ပါတယ္။

အရသာရွိတဲ့ အစားစားရင္း က်န္းမာေရး အက်ိဳးေက်းဇူးေတြရရွိမယ္ဆိုေတာ့ သင္ေရာ အရမ္းၾကိဳက္ရဲ႕လား ? ေျပာခဲ့ပါဦး

Credit  \\ original

Unicode Version
Hot Pot လေးစားလိုက်ရရင် သိပ်အရသာရှိမှာပဲနော်။ Hot Pot စားတဲ့အခါ အသား၊ အသီးအရွက်၊ မှို၊ ကြက်ဥကစလို့

နှစ်သက်ရာတွေကို ထည့်စားကြတယ်မဟုတ်လား။

ဒီလိုထည့်စားတဲ့အရာတွေထဲမှာ တေ်ာတော်လေး ခံတွင်းတွေ့စေတဲ့ မှိုတစ်မျိုးဖြစ်တဲ့ အပ်မှိုက

အရသာတင်ကောင်းတာမဟုတ်ဘဲ ကျန်းမာရေးအတွက်လည်းကောင်းပါတယ်။

အပ်မှိုစားရင်ရရှိလာမယ့် ကျန်းမာရေး အကျိုးကျေးဇူးတွေက

ကိုယ်ခံအား ကောင်းစေတယ်



အပ်မှိုမှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို ဓာတ်တိုးဆန့်ကျင် အာနိသင်တွေလည်းကြွယ်ဝစွာပါဝင်ပါတယ်။

အရိုးတွေကို သန်မာစေတဲ့ ကယ်လ်ဆီယမ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။

အပ်မှိုမှာပါဝင်တဲ့ အခြားဓာတ်တွေက ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေပြီး အသည်းရောဂါ၊

ကိုလက်စထရောများတာ၊သွေးတိုးတာနဲ့ အသည်းရောဂါကို သက်သာစေနိုင်တယ်။

အဆီကျစေနိုင်တယ်

အပ်မှိုမှာ conjugated linoleic acid (CLA) ပါဝင်နေတာကြောင့် ခန္ဓာကိုယ်က အဆီတွေကို

လျော့ကျစေနိုင်တဲ့အတွက် ပိန်ချင်သူတွေ စားသုံးပေးသင့်တယ်။

သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်တယ်

နေ့စဉ်စားသုံးတဲ့ အစားအစာထဲမှာ အမျှင်ဓာတ်ပါဝင်မှုများလေလေ သွေးတွင်းကိုလက်စထရော ကျလေလေဖြစ်ပြီး

ခန္ဓာကိုယ်အလေးချိန်ကို ကျစေနိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အမျှင်ဓာတ်များများစားလေလေ

သွေးတွင်းသကြားဓာတ်ထိန်းချုပ်နိုင်မှု ကောင်းလေလေပေါ။

ဆီးချိုရှိသူတွေအနေ နဲ့ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိနိုင်စေဖို့အတွက် အပ်မှို စားသုံးလို့ရသလို ဆီးချို

ကာကွယ်ချင်သူတွေအနေနဲ့လည်း အပ်မှို စားသုံးပေးလို့ရတယ်။

ဝမ်းမှန်စေနိုင်တယ်

အပ်မှိုမှာပါဝင်တဲ့ အမျှင်ဓာတ်တွေက ဝမ်းမှန်စေနိုင်ပြီး ဝမ်းချုပ်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

အပ်မှိုကို နေ့စဉ် ပုံမှန်စားသုံးပေးမယ်ဆိုရင် အစာခြေစနစ်ကို ကျန်းမာစေပြီး ဝမ်းမှန်စေမှာပါ။ ဝမ်းမချုပ်စေဖို့အတွက်

နေ့စဉ်လုံလောက်တဲ့ အမျှင်ဓာတ်ရရှိအောင် ဂရုစိုက်စားသုံးပေးပါ။

မှတ်ဉာဏ်ကောင်းမွန်စေနိုင်တယ်

အပ်မှို မှာ အမိုင်နိုအက်ဆစ် ကြွယ်ဝစွာပါဝင်တဲ့အတွက် အာရုံကြောတွေကိုကောင်းမွန်စေနိုင် သလို

မှတ်ဉာဏ်ကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ကလေးငယ်လေးတွေကို အပ်မှိုကျွေးပေးမယ်ဆိုရင်လည်း

ကလေးဟာ မှတ်ဉာဏ်ဖွံ့ဖြိုးမှုကောင်းမှာ အသေအချာပါ။

ဓာတ်မတည့်တာကို ကာကွယ်ပေးနိုင်တယ်

မကြာခဏ အပ်မှိုကို စားသုံးပေးမယ်ဆိုရင် ပန်းနာရင်ကျပ်ဖြစ်တာ နဲ့ အရေပြားမှာ နီမြန်းယားယံတာ၊ နှင်းခူ ဖြစ်တာလိုမျိုး

ဓာတ်မတည့်ခြင်းတွေကို ရှောင်ရှားနိုင်မှာဖြစ်ပါတယ်။ အပ်မှိုကို ပုံမှန်စားသုံးပေးမယ်ဆိုရင်

ကျန်းမာရေးကောင်းမွန်လာမှာဖြစ်သလို ဓာတ်မတည့်မှုတွေလည်း ကင်းဝေးစေမှာပါ။

နှလုံးကျန်းမာစေနိုင်တယ်

အပ်မှိုစားသုံးပေးတာက သွေးတွင်း အဆီဓာတ်များတာမျိုး မဖြစ်အောင်ကာကွယ်ပေးပါတယ်။ သွေးတွင်း

ကိုလက်စထရောမြင့်တက်မှုက နှလုံးရောဂါဖြစ်ရတဲ့ အဓိကအကြောင်းအရင်းပါ။

အပ်မှိုက သွေးတွင်းကိုလက်စထရောပမာဏ အရမ်းမများအောင် ထိန်းထားတာက

နှလုံးရောဂါမဖြစ်အောင်ကာကွယ်နိုင်တဲ့ ထိရောက်တဲ့နည်းလမ်းလေးပါ။

ဇီဝတွင်းဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေနိုင်တယ်

အပ်မှိုစားသုံးပေးတာက ခန္ဓာကိုယ် ရဲ့ ဇီဝတွင်း ဖြစ်စဉ်တွေကို တိုးတက်ကောင်းမွန်စေပြီး လိုအပ်တဲ့ အာဟာရဓာတ်တွေ

စုပ်ယူမှုကို တိုးတက်စေနိုင်တာကြောင့် ခန္ဓာကိုယ်ကို ကျန်းမာ ဖွံ့ဖြိုးစေနိုင်ပါတယ်။

အရသာရှိတဲ့ အစားစားရင်း ကျန်းမာရေး အကျိုးကျေးဇူးတွေရရှိမယ်ဆိုတော့ သင်ရော အရမ်းကြိုက်ရဲ့လား ? ပြောခဲ့ပါဦး

Credit  \\ original

Recent Updates

Recent Posts Widget