ဝန်ထမ်းမလေးကို အရမ်းချစ်မိလို့ နေတိုင်း ကော်ဖီဝယ်သောက်သူ၊ ဆီးချိုရောဂါသာ အဖတ်တင်ခဲ့
အသက်လူလတ်ပိုင်းအရွယ် ထိုင်ဝမ်အမျိုးသားတစ်ယောက်ဟာ သူတို့အိမ်နဲ့မနီးမဝေးမှာ လာရောက်ဖွင့်လှစ်တဲ့ 7-Eleven စတိုးဆိုင်ရဲ့ အမာခံ ပရိသတ်ဖြစ်ခဲ့ပါတယ်။ အဓိကကတော့ ကော်ဖီကောင်တာမှာထိုင်တဲ့ ငွေကိုင်ဝန်ထမ်းမလေးကို ချစ်မိနေခဲ့တာပါ။
ဒါကြောင့် သူဟာ ကောင်မလေးကို တွေ့ရဖို့အရေး နေ့စဉ် ကော်ဖီသွားဝယ်ရင်း စကားဖောရော လုပ်ခဲ့ပါတယ်။ သူဟာ နေ့စဉ် အဲဒီကော်ဖီဘားကို သွားရောက်အားပေးခဲ့ပြီး၊ တစ်ခါတလေ တစ်ရက်ကို သုံးလေးကြိမ်တောင် ရောက်ပါသတဲ့။ တစ်ခြား သွားရေစာလည်း မကြိုက်တော့-
ကောက်ဖီသောက်လိုက်၊ ချစ်စရာကောင်းတဲ့ ဝန်ထမ်းမလေးကို ငမ်းလိုက်၊ ကော်ဖီတစ်ငုံသောက်လိုက်၊ မျက်လုံးချင် မဆုံဆုံအောင်စောင့်ပြီး ပြုံးပြလိုက်နဲ့ လူပျိုတိုက်ကွက်ကို စခဲ့ပါတယ်။ ကဗျာဆန်ဖို့အတွက် ကောင်မလေးကို ကော်ဖီထဲမှာ သကြားတွေ နင်းကန်ထည့်ခိုင်းတော့-
ကောင်မလေးက ” ရှင် ဒီလောက်ဆိုရင်ကို ချိုနေပြီးနော် … ဘေးဖြစ်မယ် “လို့ သတိပေးပေမယ့်၊ သူက သူမရဲ့ အပြုံးနုနုနဲ့ပေးတဲ့ဝန်ဆောင်မှုလေးကို အာသာငမ်းငမ်းနဲ့ခံယူရင်း ” သကြားက မင်းလောက် မချိုပါဘူး .. ဆီးချိုဖြစ်မယ်ဆိုရင် မင်းအပြုံးလေးတွေနဲ့တင် ဆီးချိုဖြစ်လို့ ရလောက်ပါပြီ “လို့ ညုခဲ့ပါတယ်။
ကောင်မလေးကလည်း သူ့ကောင်တာ ရောင်းအားတက်ဖို့ ဒီဘဲကြီးက တစ်ထောင့်တစ်နေရာက ပါဝင်သူဆိုတော့ ပြေပြေလည်လည် ဆက်ဆံပါတယ်တဲ့။ ဒါပေမယ့် (၂)နှစ်လောက် ကြာလာတော့ ကောင်မလေးအချစ် မရရှိခဲ့ဘဲ၊ ဆီးချိုရောဂါကြောင့် ဆေးရုံခုတင်ပေါ်မှာ ဘုံးဘုံးလဲပါတော့တယ်။
အမျိုးသားရဲ့အမည်ကိုတော့ ထုတ်ဖော်ထားခြင်းမရှိဘဲ၊ သူဟာ သူရဲ့အတွေ့အကြုံကို Dcard အမည်ရ ထိုင်ဝမ်ဖိုရမ်မှာ မျှဝေခဲ့တာပါ။ သူ့အဖြစ်ဟာ ငိုအားထက် ရယ်အားသန်စေခဲ့ပါတယ်။ Healthline ဝက်ဘ်ဆိုဒ်မှာ ဖော်ပြထားတာကတော့ ဆီးချီဖြစ်ခြင်းမဖြစ်ခြင်းဟာ သကြားအလွန်အကျွံ စားသုံးမှုကြောင့် ဟုတ်ချင်မှ ဟုတ်မှာဆိုပေမယ့် တစ်ခြားဆိုးကျိုးတွေကတော့ အများကြီးလို့ သတိပေးထားပါတယ်။
Credit \\ original





