မိုးရာသီမှာ ဖီးလ်လို့ကောင်းတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်း





ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးက မကြာခင်မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ဝင်းလွင်ထက်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး ရဲတိုက်၊ ဒေါင်း၊ ရွှေထူး၊ ဝတ်မှုံရွှေရည်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ထိပ်တန်းမင်းသမီးလေးနဲ့ ဒိတ်ဒိတ်ကြဲမင်းသားသုံးဦး ဆုံတဲ့ ရုပ်ရှင်ဇာတ်ကားလေးမို့ ပရိသတ်တွေက စိတ်ဝင်တစားနဲ့ စောင့်ကြည့်ကြတာ ဖြစ်



ပါတယ်။“ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးက မင်းသားသုံးယောက်နဲ့ မင်းသမီးတစ်ယောက်ရဲ့ လေးပွင့်ဆိုင် အချစ်ဇာတ်လမ်းလေးဖြစ်ပြီး စတင်ရိုက်ကူးနေစဉ်ကတည်းက ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို ခံထားရတဲ့ ရုပ်ရှင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ဒီတစ်ခောက်မှာတော့ ပရိသတ်တွေအတွက် တေးရေးတေးဆို လင်းထက်သီဆိုထားတဲ့ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်


ဝင်တေးသီချင်းဖြစ်တဲ့သီချင်းလေး ထွက်ရှိလို့ လာပါတယ်။ ထိုသီချင်းဗီဒီယိုလေးမှာ သရုပ်ဆောင်ရဲတိုက်က လွမ်းဆွေးဖွယ် သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။မိုမိုလေးပရိသတ်တွေအတွက် “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်တေးသီချင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။


သီချင်းလေးက နားထောင်လို့ကောင်းသလို ရဲတိုက်ကလည်း သီချင်းလေးနဲ့ အလိုက်ဖက်ဆုံး သရုပ်ဆောင်ထားတာမို့ တော်တော်လေးကြည့်ကောင်းတာကို တွေ့ရပါတယ်။ ပရိသတ်ကြီးလည်း ဒီ “ဒဏ္ဍာရီမိုး” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဇာတ်ဝင်သီချင်းလေးကို သဘောကျကြမယ် ထင်ပါတယ်။ ဒီသီချင်းလေးကို ကြိုက်ရင် Like & Share လုပ်ပေးဖို့ မမေ့ပါနဲ့နော်။


Credit   \\  original

Recent Updates

Recent Posts Widget