အောင်ပန်းမြို့ပြည်သူ့ဆေးရုံကြီးမှာ မနက်စာ အာဟာရဒါနလှူဒါန်းခဲ့တဲ့ ကျော်သူ
ကျော်သူကတော့ တစ်ခေတ်တစ်ခါက နာမည်ကြီး လူကြိုက်များခဲ့တဲ့ မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသားတစ်လက်ပဲဖြစ်ပါတယ်။မိန်းကလေးတွေသည်းသည်းလှုပ်အားပေးခဲ့ရလောက်တဲ့ အထိ ဥပတိ ရုပ် ခန့်ညား ကြည့်ကောင်းပြီး ကျရာဇာတ်ရုပ်ကိုလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့သူဆိုရင်လည်းမမှားပါဘူးနော်။
ကျော်သူကအသက်အရွယ်ရလာတဲ့ အချိန်မှာတော့ အနုပညာအလုပ်တွေထက် ပရဟိတအလုပ်တွေကိုပိုမိုလုပ်ကိုင်လာပြီးမြန်မာနိုင်ငံအနှံအပြားမှာ သာရေးနာရေး စတဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို စိတ်ရောကိုယ်ပါ အားကျိုးမာန်တတ်လုပ်ဆောင်နေတာလည်း အမှန်ပါ။ကျော်သူရဲ့ဇနီးဖြစ်သူကလည်းပါရမီဖြည့်ဖက်ကောင်းလို့ဆိုရလောက်အောင် ပရဟိတအလုပ်တွေကို ကျော်သူနဲ့အတူတကွပူးပေါင်းလုပ်ဆောင်နေတာပဲဖြစ်ပါတယ်။
လတ်တလောမှာလည်း ကျော်သူကတော့”အောင်ပန်းမြို့ပြည်သူ့ဆေးရုံကြီးတွင် ကျွန်တော်တို့မိသားစုအဟာရဒါနအဖြစ်နံနက်စာဆန်ပြုတ်၊ကြက်ဥ၊ကွေကာအုတ်၊ကိတ်မုန့်၊ထမင်းတို့အားအောင်ပန်းမြို့အဖြူရောင်တွဲလက်များပရဟိတအဖွဲ့မှ ဦးစိုးနိုင်နှင့်ပရဟိတသမားများနှင့်အတူ လူနာများ၊လူနာစောင့်များအားလှူဒါန်းကုသိုလ်ပြုခဲ့ပါသည်။”လို့အောင်ပန်းမြို့မှာ အလှူပြုလုပ်နေတာကို သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကဖော်ပြထားပြီး “အားလုံး ကုသိုလ် အမျှ အမျှ အမျှယူတော်မူကြပါကုန်သော်။သာဓု သာဓု သာဓု။”ဆိုပြီး သူရဲ့ အလှူနဲ့ ပတ်သတ်ပြီး အမျှပေးဝေထားပါသေးတယ်။
Credit \\ original







