MRTV 4 ဇာတ်လမ်းတွဲများထဲမှ ပရိသတ်အားပေးမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသားများ
နိုင်ငံတကာရုပ်ရှင်လောကမှာ နာမည်ကြီးရုပ်ရှင်ဇာတ်ကားတွေနဲ့ တန်းတူ နေရာယူနိုင်လာတာကတော့ TV Series(ရုပ်သံဇာတ်လမ်းတွဲ)တွေပဲဖြစ်ပါတယ်။ အထူးသဖြင့် ကိုရီးယားရုပ်သံဇာတ်လမ်းတွဲတွေဟာ အာရှတိုက်မှာတင်မကပဲ ကမ္ဘာတစ်ဝှမ်းလုံးက ပရိသတ်တွေအားပေးလာကြတဲ့အထိ အောင်မြင်နေတာကြောင့် အခုနောက်ပိုင်း မြန်မာရုပ်ရှင်လောကမှာလည်း ဇာတ်လမ်းတွဲတွေ ဆက်တိုက်ရိုက်ကူးလာတာတွေ့ ရပြီး ပရိသတ်တွေလည်း အကြိုက်တွေ့ ခဲ့ကြတာဖြစ်ပါတယ်။ ဒီတစ်ခောက်မှာတော့ပရိသတ်တွေအတွက် တီဗီဇာတ်လမ်းတွဲတွေကတဆင့် အောင်မြင်မှုတွေ များစွာ ရရှိခဲ့တဲ့ မင်းသားတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ဟိန်းထက်
“အရိပ်” ဇာတ်လမ်းတွဲမှာ ပေါ့ပါးပျော်ရွှင်စွာနေတတ်တဲ့ ညီလင်းညိုဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ်တွေ အားပေးခြင်းကို ခံခဲ့ရတဲ့ မင်းသားချော ဟိန်းထက်ကတော့ “မမထိပ်နှင့်အမွှေစံအိမ်”၊ “ဥယျာဉ်မှူးဖြစ်ဖူးချင်သည်” စတဲ့ ဇာတ်လမ်းတွဲတွေမှာလည်း အောင်မြင်ခဲ့သူပါ။ ဟိန်းထက်က မကြာခင်မှာ ဆရာမ မစန္ဒာရဲ့ “ဂျီဟောသူ” ဇာတ်လမ်းတွဲမှာလည်း ပါဝင်သရုပ်ဆောင်တော့မှာ ဖြစ်ပါတယ်။
အောင်ရေချမ်း
သဘာဝမင်းသားလို့ ပရိသတ်တွေက တင်စားကြတဲ့ အောင်ရေချမ်းကတော့ သဘာဝကျကျနဲ့ အပိုအလိုမရှိပဲ ကျရာဇာတ်ရုပ်ကို သရုပ်ဆောင်နိုင်သူ ဖြစ်ပါတယ်။ “ပျားရည်အိုင်”၊ “ရသ-မော်ကွန်း-အလင်္ကာ”၊ “ကျွန်မက မဟေသီ”၊ “ဝင်္ကပါစံအိမ်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေ အားပေးခြင်းကို ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ အောင်ရေချမ်းက အခုဆိုရင် “ဇာတ်လိုက်”၊ “ဆူးပန်းခွေ သွယ်ဘယက်နှင့် ပေရွက်လိပ်နားတောင်းဆင်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့ အပြိုင် သရုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။
စည်သူဝင်း
ဆံပင်ရှည်ရှည်နဲ့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းနှလုံးကို ဖမ်းစားနိုင်တဲ့ မင်းသားချော စည်သူဝင်းကတော့ “ဝင်္ကပါရှင်းတမ်း”၊ “မိုးကောင်းကင်အိမ်မက်”၊ ” အိပ်မက်ကျော့ကွင်း ” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်မှု ရရှိထားသူပါ။ စည်သူဝင်းကတော့ လက်ရှိမှာတော့ သူချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေတာကို တွေ့ရပါတယ်။
ကျော်ဆု
အကြည့်စူးစူးတွေနဲ့ ပရိသတ်ကို ဆွဲဆောင်နိုင်တဲ့ မင်းသားချော ကျော်ဆုကတော့ “ရွှေဖူးစာဆုံရာမြေ”၊ ”The Sign Of Love”၊ “လူရည်ချွန်”၊ “ပန်းနုသွေး”၊ “ချစ်သူထွင်းတဲ့ အက္ခရာ”၊ “ဥယျာဉ်မှူးဖြစ်ဖူးချင်သည်” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်ခဲ့သူ ဖြစ်ပါတယ်။ ကျော်ဆုက လက်ရှိမှာတော့ ဝင်္ကပါရှင်းတမ်း 2 ( Room No? ) ဇာတ်လမ်းတွဲမှာ ဝင့်ယမုံနိုင်၊ နေခြည်ရွှန်းလက်တို့နဲ့အတူတူ သရုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။
မြတ်သူကျော်
မြန်မာနိုင်ငံရဲ့ ပထမဆုံး ရုပ်သံဇာတ်လမ်းတွဲဖြစ်တဲ့ “The Sign Of Love” ဇာတ်လမ်းတွဲမှာ ခေါင်းဆောင်မင်းသားအဖြစ် သရုပ်ဆောင်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ မြတ်သူကျော်ကတော့ ပရိသတ်တွေအားလုံး ကြိုက်ကြတဲ့ မင်းသားတစ်လက်ပါပဲ။ “ပန်းနုသွေး”၊ “လူရည်ချွန်” စတဲ့ ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့ပြီး “စိတ်ကြီးဝင်နေတဲ့မိန်းမ”၊ “မာယာများတဲ့အချစ်” စတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ အခုလတ်တလောမှာတော့ မြတ်သူကျော်က အနုပညာလုပ်ငန်းတွေကို ခတ္တရပ်နားထားတာကို တွေ့ရပါတယ်။
နက္ခတ်
အေးဆေးတည်ငြိမ်တဲ့ ကာရိုက်တာတွေကို အများဆုံးသရုပ်ဆောင်တတ်သလို အပြင်မှာလည်း အနေအေးတဲ့ မင်းသားချော နက္ခတ်ကတော့ “အရိပ်”၊ “မေတ္တာအသည်းမွှာ”၊ “ဝင်္ကပါရှင်းတမ်း” စတဲ့ ဇာတ်လမ်းတွဲတွေနဲ့ အောင်မြင်လာခဲ့သူပါ။ လက်ရှိပြသနေတဲ့ “ချစ်ရပါသောနွေ” ဇာတ်လမ်းတွဲမှာလည်း ပိုင်သူဆိုတဲ့ ကာရိုက်တာနဲ့ ပရိသတ် အားပေးခြင်းကို ခံနေရတဲ့ မင်းသားလေး ဖြစ်ပါတယ်။ ပရိသတ်ကြီးရော ဒီမင်းသား (၁၀)ယောက်ထဲက ဘယ်သူ့ကို အကြိုက်ဆုံးလဲ ပြောခဲ့ပါဦးနော်။
Credit \\ original







