“တစ္ညတည္းနဲ႔ ဝက္ျခံေတြ အရွင္းေပ်ာက္သြားေအာင္ လုပ္ႏို္င္မယ့္ နည္းလမ္းမ်ား …”




“တစ္ညတည္းနဲ႔ ဝက္ျခံေတြ အရွင္းေပ်ာက္သြားေအာင္ လုပ္ႏို္င္မယ့္ နည္းလမ္းမ်ား …”

ပဲြသြားခါနီး (ဒါမွမဟုတ္) သူငယ္ခ်င္းေတြနဲ႕ ခ်ိန္းထားတာရွိရင္ မ်က္ႏွာေပၚမွာ ၀က္ျခံေပါက္လာတာက ဆုိးတဲ့ခံစားခ်က္ႀကီးပါ။

ေနာက္ေန႔ပဲြရွိတယ္ဆုိရင္ ဒီေန႕လိုေန႕မ်ိဳးမွာ ၀က္ျခံေပါက္လာတတ္တာ သဘာ၀ပါ။ အေၾကာင္းကေတာ့ မနက္ျဖန္သြားရမယ့္ ပဲြအတြက္ စိတ္ဖိစီးေနလုိ႕ပဲျဖစ္တယ္။

ဒီလိုအခ်ိန္မ်ိဳး ၀က္ျခံေပါက္လာရင္ေတာ့ ေဆးခန္းျပစရာမလုိဘဲ တစ္ညတည္းနဲ႕ အရွင္းေပ်ာက္သြားေစမယ့္နည္းေတြကို မွ်ေ၀ေပးလုိက္ပါတယ္ ေနာ္ ……

(၁) ေရခဲကပ္ေပးပါ



တစ္ညတည္းနဲ႕ ၀က္ျခံေပ်ာက္ခ်င္ရင္ေတာ့ ၀က္ျခံေပၚကို ေရခဲကပ္ေပးပါ။ ၀က္ျခံက နီေနတယ္ဆုိရင္ ေရခဲအတုံးေလးေတြကို လက္ကိုင္ပ၀ါထဲထည့္ၿပီး ကပ္ေပးပါ။

ဒီလုိဆုိ ၀က္ျခံနီတာေတြေပ်ာက္သြားၿပီး ေရာင္ေနတာေတြ ေပ်ာက္သြားမွာပါ။ ၀က္ျခံကေန နာေနတာေတြလည္း ေပ်ာက္သြားမွာပါ …။

(၂) လက္နဲ႔မကိုင္လုိက္ပါနဲ႔ ”

ဒီအခ်က္ကေတာ့ အရမ္းအေရးႀကီးပါတယ္။ ၀က္ျခံေပါက္ၿပီဆုိတာနဲ႕ ၀က္ျခံကို လက္နဲ႕ဖဲ့ခ်င္ၾကတယ္။ ဒါက မွားတာပါ။ ၀က္ျခံကို ဒီထက္ပုိမပြားခ်င္ရင္၊ ပုိၿပီး မေယာင္လာခ်င္ရင္ လက္နဲ႕ သြားမေဆာ့လုိက္ပါနဲ႕။

၀က္ျခံက အဆံမထြက္ခ်င္ေသးဘဲနဲ႕ လက္နဲ႕သြားညွစ္လုိက္ရင္ ပိုေယာင္လာတတ္ပါတယ္။ ၀က္ျခံကို ညွစ္မယ္ဆုိရင္လည္း လက္ကို ဆပ္ျပာနဲ႕သန္႕ရွင္းေရးလုပ္ေပးပါ …။

(၃) ဗီတာမင္ E ကိုသုံးပါ ”

ဗီတာမင္ E အဆီကို သုံးေပးရင္လည္း ၀က္ျခံေပ်ာက္ပါတယ္။ Capsule ပုံစံ ဗီတာမင္ E အေတာင့္ကို ဖြင့္လုိက္ၿပီး အထည့္က အရည္ကို ၀က္ျခံမွာ လိမ္းလုိက္ပါ။ ညအိပ္ရာမ၀င္ခင္ လိမ္းအိပ္ေပးပါ။

မနက္ေရာက္တာနဲ႕ ၀က္ျခံေတြေပ်ာက္သြားမွာပဲ ျဖစ္ပါတယ္ …။

(၄) Apple Cider Vineger ကိုသုံးေပးပါ



၀က္ျခံေပ်ာက္ေဆးအေနနဲ႕ Apple Cider Vinegar ကိုသုံးလုိ႕ရပါတယ္။ Apple Cider Vinegar နည္းနည္းနဲ႕ ေရနည္းနည္းတုိ႕ကို ေရာေပးပါ။ ၿပီးရင္ ၀က္ျခံေနရာေတြကို လိမ္းေပးပါ။

မနက္ေရာက္တာနဲ႕ မ်က္ႏွာသစ္လုိက္ပါ။ Vinegar က ၀က္ျခံကိုေျခာက္သြားေစပါတယ္ …။

(၅) သြားတုိက္ေဆးလိမ္းေပးပါ ”

သြားတုိက္ေဆးက ၀က္ျခံကို ေျခာက္သြားေစတဲ့ေနရာမွာ အေကာင္းဆုံး နည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။ သြားတုိက္ေဆးကို နည္းနညး္ယူၿပီး ၀က္ျခံေနရာကိုပဲ လိမ္းအိပ္ေပးပါ။ မနက္ေရာက္တာနဲ႕ ေဆးခ်လုိက္ပါေနာ္ …။ ။

Hannwe Soe (Auntymay)

Credit  \\  original

Unicode

ပွဲသွားခါနီး (ဒါမှမဟုတ်) သူငယ်ချင်းတွေနဲ့ ချိန်းထားတာရှိရင် မျက်နှာပေါ်မှာ ဝက်ခြံပေါက်လာတာက ဆိုးတဲ့ခံစားချက်ကြီးပါ။

နောက်နေ့ပွဲရှိတယ်ဆိုရင် ဒီနေ့လိုနေ့မျိုးမှာ ဝက်ခြံပေါက်လာတတ်တာ သဘာဝပါ။ အကြောင်းကတော့ မနက်ဖြန်သွားရမယ့် ပွဲအတွက် စိတ်ဖိစီးနေလို့ပဲဖြစ်တယ်။

ဒီလိုအချိန်မျိုး ဝက်ခြံပေါက်လာရင်တော့ ဆေးခန်းပြစရာမလိုဘဲ တစ်ညတည်းနဲ့ အရှင်းပျောက်သွားစေမယ့်နည်းတွေကို မျှဝေပေးလိုက်ပါတယ် နော် ……

(၁) ရေခဲကပ်ပေးပါ
တစ်ညတည်းနဲ့ ဝက်ခြံပျောက်ချင်ရင်တော့ ဝက်ခြံပေါ်ကို ရေခဲကပ်ပေးပါ။ ဝက်ခြံက နီနေတယ်ဆိုရင် ရေခဲအတုံးလေးတွေကို လက်ကိုင်ပဝါထဲထည့်ပြီး ကပ်ပေးပါ။

ဒီလိုဆို ဝက်ခြံနီတာတွေပျောက်သွားပြီး ရောင်နေတာတွေ ပျောက်သွားမှာပါ။ ဝက်ခြံကနေ နာနေတာတွေလည်း ပျောက်သွားမှာပါ …။

(၂) လက်နဲ့မကိုင်လိုက်ပါနဲ့ ”

ဒီအချက်ကတော့ အရမ်းအရေးကြီးပါတယ်။ ဝက်ခြံပေါက်ပြီဆိုတာနဲ့ ဝက်ခြံကို လက်နဲ့ဖဲ့ချင်ကြတယ်။ ဒါက မှားတာပါ။ ဝက်ခြံကို ဒီထက်ပိုမပွားချင်ရင်၊ ပိုပြီး မယောင်လာချင်ရင် လက်နဲ့ သွားမဆော့လိုက်ပါနဲ့။

ဝက်ခြံက အဆံမထွက်ချင်သေးဘဲနဲ့ လက်နဲ့သွားညှစ်လိုက်ရင် ပိုယောင်လာတတ်ပါတယ်။ ဝက်ခြံကို ညှစ်မယ်ဆိုရင်လည်း လက်ကို ဆပ်ပြာနဲ့သန့်ရှင်းရေးလုပ်ပေးပါ …။

(၃) ဗီတာမင် E ကိုသုံးပါ ”

ဗီတာမင် E အဆီကို သုံးပေးရင်လည်း ဝက်ခြံပျောက်ပါတယ်။ Capsule ပုံစံ ဗီတာမင် E အတောင့်ကို ဖွင့်လိုက်ပြီး အထည့်က အရည်ကို ဝက်ခြံမှာ လိမ်းလိုက်ပါ။ ညအိပ်ရာမဝင်ခင် လိမ်းအိပ်ပေးပါ။

မနက်ရောက်တာနဲ့ ဝက်ခြံတွေပျောက်သွားမှာပဲ ဖြစ်ပါတယ် …။

(၄) Apple Cider Vineger ကိုသုံးပေးပါ
ဝက်ခြံပျောက်ဆေးအနေနဲ့ Apple Cider Vinegar ကိုသုံးလို့ရပါတယ်။ Apple Cider Vinegar နည်းနည်းနဲ့ ရေနည်းနည်းတို့ကို ရောပေးပါ။ ပြီးရင် ဝက်ခြံနေရာတွေကို လိမ်းပေးပါ။

မနက်ရောက်တာနဲ့ မျက်နှာသစ်လိုက်ပါ။ Vinegar က ဝက်ခြံကိုခြောက်သွားစေပါတယ် …။

(၅) သွားတိုက်ဆေးလိမ်းပေးပါ ”

သွားတိုက်ဆေးက ဝက်ခြံကို ခြောက်သွားစေတဲ့နေရာမှာ အကောင်းဆုံး နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ သွားတိုက်ဆေးကို နည်းနညး်ယူပြီး ဝက်ခြံနေရာကိုပဲ လိမ်းအိပ်ပေးပါ။ မနက်ရောက်တာနဲ့ ဆေးချလိုက်ပါနော် …။ ။

Hannwe Soe (Auntymay)

Credit  \\  original

Recent Updates

Recent Posts Widget