သိပၸံပညာရွင္ေတြ မ်က္လုံးျပဴးသြားရမယ့္ အပ်ံစား ရွာေဖြေတြ႕ရွိမႈမ်ား ….
မယုံႏိုင္ေအာင္ အံ့ၾသၿငိတြယ္စရာမ်ားနဲ႔ ကမာၻႀကီးရဲ႕အရပ္ရပ္မွာ ကြၽန္ေတာ္တို႔အတြက္ ျမင္ရင္ျမင္ႏိုင္သေလာက္ ပ်င္းရိၿငီးေငြ႕ဖြယ္ရာ မရွိေလာက္ေအာင္ ထူးျခားဆန္းျပားလွပါတယ္။ ကံေကာင္းတာတစ္ခ်က္က ကိုယ္ေတြလို ေလ့လာစူးစမ္းလိုစိတ္ရွိ႐ုံမက အခ်ိန္ေပးႏိုင္သူေတြက တကယ္မွတ္တမ္းတင္ခဲ့တဲ့ ျဖစ္ရပ္ေတြ၊ ရွာေဖြေတြ႕ရွိခဲ့ခ်က္ေတြက သိပ္ၿပီးဗဟုသုတတိုးေစတဲ့
အမိုက္စား အားထုတ္မႈေတြျဖစ္ခဲ့ပါတယ္။ ၾကည့္ၾကည့္ရေအာင္ဗ်ာ။ေရေအာက္ထဲက ပိုကီမြန္မ်ားလားကြယ္။ ရင္ခုန္ရပါတယ္။ တကယ္တမ္း ေသခ်ာၾကည့္ရင္ေတာ့ ပင္လယ္ခ႐ု အခြံမာေတြ ကပ္ၿငိတြယ္ေနတဲ့ ဖန္သားလုံးေလးတစ္လုံးသာ ျဖစ္ပါတယ္။ ျမင္ရတာေတာ့ တကယ့္မ်က္စိပသာဒပါပဲ။Osage Orange ဆိုတဲ့ အပင္က သီးတဲ့ ထူးဆန္းတဲ့ပုံစံနဲ႔ အသီးတစ္မ်ိဳးျဖစ္ပါတယ္။ အသီးက အေတာ္ေလး မာေက်ာၿပီး ထိပ္ပိုင္းမွာ အေမႊးအမွ်င္ေတြေတြ႕ရမွာပါ။ ပုံစံကလဲ
အမိုက္စားပါပဲဗ်ာလက္ဗီးယားႏိုင္ငံမွာ ငါးမွ်ားေနရင္း မွ်ားမိခဲ့တဲ့ ေပါင္ ၂၅၀ အေလးခ်ိန္စီးတဲ့ ဧရာမဗိုင္းဗုံးေဟာင္းႀကီး ျဖစ္ေနပါတယ္။ သမိုင္းေၾကာင္းအရ ပထမကမာၻစစ္တုန္းက အသုံးျပဳခဲ့တဲ့ စစ္သေဘာသၤုံး ေရျမႇဳပ္မိုင္းႀကီးျဖစ္ေနတာကို အံ့ၾသဖြယ္ သိရွိခဲ့ရပါတယ္။ ၁၈၈၇ မွာ ထုတ္လုပ္ခဲ့တာပါ။ေဖာက္ထြင္းၿပီးျမင္ေနရတဲ့ သစ္႐ြက္ပဲျဖစ္ပါတယ္။ ၾကည္လင္လွတဲ့ ပုံေဆာင္ခဲလို အလွဆင္သစ္႐ြက္ေလးအျဖစ္ ျမင္ေတြ႕ရမွာပါ။ ဒီလိုသစ္႐ြက္မ်ိဳး ကိုယ္တိုင္ဖန္တီးခ်င္ရင္ေတာ့လြယ္ပါတယ္။ ဘရက္ရွ္၊ ဒယ္အိုး၊ နဲ႔ ဆိုဒီယံကာဗြန္နိတ္ တို႔သာလိုအပ္ပါတယ္။ေခတ္ေဟာင္း ကင္မရာႀကီးတစ္လုံးျဖစ္ပါတယ္။ ေရွးေဟာင္းပစၥည္းျဖစ္တာမို႔ အျမင္ဆန္းလွပါတယ္။
Kodak No 2A ေမာ္ဒယ္ ကင္မရာအမ်ိဳးအစားပါပဲ။ မျမင္ဖူးေသးတဲ့အခါ တကယ့္အထူးအဆန္းျဖစ္ရပါလိမ့္မယ္။ဒါက သစ္သားနဲ႔လုပ္ထားတဲ့ ေသတၱာဘူးေလးပါပဲ။ ထူးဆန္းတာက ပုံမွာမျမင္ရတဲ့တစ္ျခမ္းဘက္က ပြင့္ေနၿပီး ဒီဘက္တစ္ျခမ္းကေတာ့ အေပါက္ကေလးတစ္ေပါက္ ပါဝင္ေနတာ ေတြ႕ရပါတယ္။ တကယ္ေတာ့ ဒါဟာ ဝိုင္ပုလင္းထည့္သိမ္းဆည္းတဲ့ ေသတၱာပုံးေလး ျဖစ္ပါတယ္။ထူးထူးျခားျခားပဲ ေတြ႕ရွိခဲ့ရတဲ့ တံခါးေပါက္ပဲျဖစ္ပါတယ္။ ဘယ္လိုတံခါးမ်ိဳးလဲ လို႔ ပေဟဠိဆန္ေစတာ အမွန္ပါပဲ။ ဘာအတြက္အသုံးျပဳသလဲဆိုတာေတာ့ မသိကိန္းျဖစ္ေနဆဲပါပဲ။ အဂၢိရတ္ထိုးတဲ့ ဖိုႀကီးမ်ားျဖစ္ေနမလား၊ လ်ိဳွ႔ဝွက္ေျမတိုက္ႀကီးမ်ားလား၊ ဟိုဘက္ေခတ္က ဗုံးခိုက်င္းမ်ား ျဖစ္ေလမလား စသည္စသည္အေတြးမ်ားစရာပါပဲ။
Credit \\ original
Unicode …သိပ္ပံပညာရှင်တွေ မျက်လုံးပြူးသွားရမယ့် အပျံစား ရှာဖွေတွေ့ရှိမှုများမယုံနိုင်အောင် အံ့သြငြိတွယ်စရာများနဲ့ ကမ္ဘာကြီးရဲ့အရပ်ရပ်မှာ ကျွန်တော်တို့အတွက် မြင်ရင်မြင်နိုင်သလောက် ပျင်းရိငြီးငွေ့ဖွယ်ရာ မရှိလောက်အောင် ထူးခြားဆန်းပြားလှပါတယ်။ ကံကောင်းတာတစ်ချက်က ကိုယ်တွေလို လေ့လာစူးစမ်းလိုစိတ်ရှိရုံမက အချိန်ပေးနိုင်သူတွေက တကယ်မှတ်တမ်းတင်ခဲ့တဲ့ ဖြစ်ရပ်တွေ၊ ရှာဖွေတွေ့ရှိခဲ့ချက်တွေက သိပ်ပြီးဗဟုသုတတိုးစေတဲ့ အမိုက်စား အားထုတ်မှုတွေဖြစ်ခဲ့ပါတယ်။ ကြည့်ကြည့်ရအောင်ဗျာ။ရေအောက်ထဲက ပိုကီမွန်များလားကွယ်။ ရင်ခုန်ရပါတယ်။ တကယ်တမ်း သေချာကြည့်ရင်တော့ ပင်လယ်ခရု အခွံမာတွေ ကပ်ငြိတွယ်နေတဲ့ ဖန်သားလုံးလေးတစ်လုံးသာ ဖြစ်ပါတယ်။ မြင်ရတာတော့ တကယ့်မျက်စိပသာဒပါပဲ။Osage Orange ဆိုတဲ့ အပင်က သီးတဲ့ ထူးဆန်းတဲ့ပုံစံနဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။ အသီးက အတော်လေး မာကျောပြီး ထိပ်ပိုင်းမှာ အမွှေးအမျှင်တွေတွေ့ရမှာပါ။ ပုံစံကလဲ အမိုက်စားပါပဲဗျာလက်ဗီးယားနိုင်ငံမှာ ငါးမျှားနေရင်း မျှားမိခဲ့တဲ့ ပေါင် ၂၅၀ အလေးချိန်စီးတဲ့ ဧရာမဗိုင်းဗုံးဟောင်းကြီး ဖြစ်နေပါတယ်။ သမိုင်းကြောင်းအရ ပထမကမ္ဘာစစ်တုန်းက အသုံးပြုခဲ့တဲ့ စစ်သဘောင်္သုံး ရေမြှုပ်မိုင်းကြီးဖြစ်နေတာကို အံ့သြဖွယ် သိရှိခဲ့ရပါတယ်။ ၁၈၈၇ မှာ ထုတ်လုပ်ခဲ့တာပါ။ဖောက်ထွင်းပြီးမြင်နေရတဲ့ သစ်ရွက်ပဲဖြစ်ပါတယ်။ ကြည်လင်လှတဲ့ ပုံဆောင်ခဲလို အလှဆင်သစ်ရွက်လေးအဖြစ် မြင်တွေ့ရမှာပါ။ ဒီလိုသစ်ရွက်မျိုး ကိုယ်တိုင်ဖန်တီးချင်ရင်တော့လွယ်ပါတယ်။ ဘရက်ရှ်၊ ဒယ်အိုး၊ နဲ့ ဆိုဒီယံကာဗွန်နိတ် တို့သာလိုအပ်ပါတယ်။ခေတ်ဟောင်း ကင်မရာကြီးတစ်လုံးဖြစ်ပါတယ်။ ရှေးဟောင်းပစ္စည်းဖြစ်တာမို့ အမြင်ဆန်းလှပါတယ်။ Kodak No 2A မော်ဒယ် ကင်မရာအမျိုးအစားပါပဲ။ မမြင်ဖူးသေးတဲ့အခါ တကယ့်အထူးအဆန်းဖြစ်ရပါလိမ့်မယ်။ဒါက သစ်သားနဲ့လုပ်ထားတဲ့ သေတ္တာဘူးလေးပါပဲ။ ထူးဆန်းတာက ပုံမှာမမြင်ရတဲ့တစ်ခြမ်းဘက်က ပွင့်နေပြီး ဒီဘက်တစ်ခြမ်းကတော့ အပေါက်ကလေးတစ်ပေါက် ပါဝင်နေတာ တွေ့ရပါတယ်။ တကယ်တော့ ဒါဟာ ဝိုင်ပုလင်းထည့်သိမ်းဆည်းတဲ့ သေတ္တာပုံးလေး ဖြစ်ပါတယ်။ထူးထူးခြားခြားပဲ တွေ့ရှိခဲ့ရတဲ့ တံခါးပေါက်ပဲဖြစ်ပါတယ်။ ဘယ်လိုတံခါးမျိုးလဲ လို့ ပဟေဠိဆန်စေတာ အမှန်ပါပဲ။ ဘာအတွက်အသုံးပြုသလဲဆိုတာတော့ မသိကိန်းဖြစ်နေဆဲပါပဲ။ အဂ္ဂိရတ်ထိုးတဲ့ ဖိုကြီးများဖြစ်နေမလား၊ လျိုှ့ဝှက်မြေတိုက်ကြီးများလား၊ ဟိုဘက်ခေတ်က ဗုံးခိုကျင်းများ ဖြစ်လေမလား စသည်စသည်အတွေးများစရာပါပဲ။
Credit \\ original








