ခြင်အရမ်းပေါလို့စိတ်ညစ်နေရင် ဒီနည်း (၃) ခုထဲက တစ်ခုပဲ သုံးလိုက်ပါ…!
ခြင်အရမ်းပေါလို့စိတ်ညစ်နေရင်ဒီနည်းလမ်း(၃)မျိုးသုံးကြည့်
ခြင်တွေတဝီဝီနဲ့ခြင်အရမ်းများတဲ့နေရာတွေဆိုရင်လုံးဝနေလို့မကောင်းတဲ့အပြင်ကိုစိတ်အနှောက်အယှက်လည်းဖြစ်၊ကျန်းမာရေးကိုလည်းအရမ်းထိခိုက်စေပါတယ်။
ဒါကြောင့်သင့်အိမ်နဲ့ဆိုင်တွေမှာခြင်တွေလုံးဝမလာအောင်လုပ်လို့ရတဲ့နည်းလေးတွေ ရှိပါတယ်။
ဒီနည်းလမ်းလေးတွေဟာ သဘာဝနည်းလမ်းလေးတွေဖြစ်တာကြောင့်ကျန်းမာရေးကိုလုံးဝမထိခိုက်စေသလို၊ ခြင်တွေကိုလည်းနှိမ်နင်းပေးတာကြောင့်အိမ်တိုင်း၊ဆိုင်တိုင်းသိထားသင့်တဲ့နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။
ဖတ်ပြီးရင်လည်း သူများတွေကို လက်ဆင့်ကမ်းလိုက်ပါဦးနော်။
(၁) ကော်ဖီမှုန့်
ကော်ဖီမှုန့်ကို ပန်းကန်လုံးလေးထဲ ထည့်ပြီး ခြင်တွေလာတတ်တဲ့နေရမှာ အဖုံးဖွင့်ပြီးထားလိုက်ပါ။ခြင်တွေဟာကော်ဖီနံ့ရတဲ့ နေရာတွေမှာ မလာတော့ပါဘူး။
ကော်ဖီနံ့ကြိုက်တဲ့သူတွေ အတွက်တော့ ဒီနည်းလမ်းလေးဟာ အရမ်းကို အဆင်ပြေမှာပါ။
(၂) အမွှေးရနံ့တွေ
သင်ကြိုက်နှစ်သက်တဲ့အမွှေးဆီ(နှင်းဆီ၊လာဗင်ဒါ၊စံပယ်)တစ်ခုခုကိုရေနဲ့ရောပြီးခြင်လာတတ်တဲ့နေရာတွေကိုဖြန်းထားလိုက်ရင် ခြင်တွေလာတော့မှာ မဟုတ်ပါဘူး။
အကြောင်းကတော့ ခြင်တွေဟာ အမွှေးရနံ့ကို မကြိုက်လို့ပါ။
(၃) ပန်းသီးရှာလကာ
ပန်းသီးရှာလကာကိုရေရောပြီးစပရေးဘူးထဲထည့်ကာခြင်တွေလာတတ်တဲ့နေရာအနှံ့ကိုဖြန်းပေးခြင်းဖြင့်ခြင်တွေလာတော့မှာ မဟုတ်ပါဘူး။
Credit : မူရင်း




