ရှားပါးအောက်ချင်းငှက်ကို သတ်ခဲ့သောအမျိုးသား ထောင်(၅)နှစ်ကျမယ့်အရေးနဲ့ ရင်ဆိုင်နေရ
အောက်ချင်းငှက်ဟာ အခုအခါမှာ ရှားပါးငှက်မျိုးစိတ်စာရင်းဝင်နေပြီဖြစ်ပြီး၊ နိုင်ငံအသီးသီးက သားရိုင်းတိရစ္ဆာန် ကာကွယ်စောင့်ရှောက်ရေးအသင်းတွေက အထူး စောင့်ကြည့်နေရတဲ့ ငှက်မျိုးစိတ်ပါ။ နိုင်ငံအသီးသီးမှာ အောက်ချင်းငှက် မျိုးကွဲတွေ ရှိနေပြီး၊ အင်္ဂလိပ်လိုဆိုရင်တော့ အောက်ချင်းငှက်ကို Hornbill လို့ ခေါ်ပါတယ်။
အာဖရိက၊ အာရှနဲ့၊ Melanesia ကျွန်းစုတွေဘက်မှာ အတွေ့များပါတယ်။ အခု အင်ဒိုအမျိုးသားတစ်ယောက်က ရှားပါး အောက်ချင်းငှက်တစ်ကောင်ကို သတ်ပြီးနောက်၊ လူမှုကွန်ရက်ပေါ်မှာ ပုံတွေတင်ခဲ့ရာ၊ သက်ဆိုင်ရာက တရားစွဲဆိုခြင်းကို ခံလိုက်ရပြီ ဖြစ်ပါတယ်။
သူဟာ ထောင်ဒဏ်(၅)နှစ်အထိ ချမှတ်ခံရဖို့ရှိနေပါပြီ။ သူ့အမည်ကတော့ Bobiean Siro ဖြစ်ပြီး၊ သူ့ကို သက်ဆိုင်ရာ အင်ဒိုနီးရှားအာဏာပိုင်တွေက ဖမ်းဆီးဖို့ လိုက်ရှာခဲ့ပါတယ်။ Siro ဟာ Facebook ပုံတွေကို ဖြုတ်ချကာ၊ သူ မှားခဲ့ကြောင်း တောင်းပန်ခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မလွှတ်ပါဘူး။
သူဟာ Facebook မှာ ပုံတွေတင်စဉ်က ” ဒီကောင်ကြီးကို ကျွန်တော် တောထဲက တွေ့ခဲ့တာ … ကျွန်တော်ကိုယ်တိုင် ပစ်ချခဲ့တာ “လို့ ဂုဏ်ယူစွာနဲ့ ပို့စ်တင်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ အထူးဘေးမဲ့ပေးထားတဲ့ သတ္တဝါ (၁၄)မျိုးထဲမှာ အောက်ချင်းငှက်လည်း အပါအဝင်ပါ။
Siro ကို ရုံးတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ သူဟာ ထောင်ဒဏ်(၅)နှစ်၊ ဒါမှမဟုတ်၊ အမေရိကန်ဒေါ်လာ (၁၇၆၀၀)နဲ့ ညီမျှတဲ့ အင်ဒိုငွေကြေးကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရဖို့ရှိနေတယ်လို့ သိရပါတယ်။ ဒီပမာဏဟာ အာရှသားတစ်ယောက်အတွက် များပြားတဲ့ ပမာဏဆိုပေမယ့် ဘယ်သူမပြု မိမိမှုပါဘဲ။
credit \\ original




