“ေငြေၾကးအဆင္မေျပတဲ့သူေတြ၊အေႂကြးရိွတဲ့သူေတြ အတြက္ ယံုယံုၾကည္ၾကည္အဓိဌာန္ဝင္ၾကည့္ၾကပါ.. တကယ္အက်ိဳးထူးေစတဲ့ ကိုယ္ေတြ႔က်င့္စဥ္တစ္ခုပါ..”
ေငြေၾကးအဆင္မေျပတဲ့သူေတြ ၊အေႂကြးရိွတဲ့သူေတြ အတြက္ တကယ္ အက်ိဳးထူးေစတဲကိုယ္ေတြ႔က်င့္စဥ္တစ္ခုကိုေျပာျပေပးပါမယ္ ။ အဓိဌာန္ဝင္ၾကည့္ၾကပါ ။ တကယ္လုပ္အဟုတ္ျဖစ္ပါတယ္ ။ကုသိုလ္လည္းရ ေငြေၾကးလည္းေခ်ာင္လည္ေစပါတယ္ ။
က်င့္စဥ္ – ေရသန္႔ဘူးတစ္ဘူးလိုအပ္ပါတယ္
-1000 တန္ ၊5000တန္ ၊10000တန္ ကိုယ္တတ္ႏိုင္တဲ့ေငြကို…ပလပ္စတစ္အိတ္ထဲမွာထည့္ၿပီးမီးနဲ႔ပိတ္ရပါမယ္ ။ၿပီးရင္ေရသန္႔ဘူးထဲထည့္ရမွာျဖစ္ပါတယ္။
အဓိဠာန္ဝင္ရန္ -ဘယ္ေန႔သားသမီးျဖစ္ျဖစ္ တနလာၤကေနစလုပ္ရမွာျဖစ္ပါတယ္။ 9ရက္ ၊24ရက္ ၊28ရက္ …ကိုယ္လုပ္ႏိုင္တဲ့ရက္အတိုင္းအတာကို အဓိဠာန္ဝင္ပါ။
ပထမဆံုး ဘုရားကိုပန္း ၊ေရခ်မ္း၊ ဆီမီး ကပ္လႉပါ ။ၿပီးရင္ငါးပါးသီလယူပါ။ေစာနကပိုက္ဆံထည့္ထားတဲ့ ေရသန္႔ဘူးကိုလက္ႏွစ္ဖက္ႏွင့္ကိုင္ေျမႇာက္ၿပီး “ဘုရား႐ွင္အဆူဆူအတြက္ေသာက္ေတာ္ေရကိုကပ္ပါတယ္ဘုရား”လို႔ေျပာၿပီး ဘုရားေက်ာင္းေဆာင္ေပၚျပန္တင္ထားပါ။
ၿပီးတာနဲ႔ ပဠာန္း၂၄ပစၥည္း ကို ၂၄ႀကိမ္ရြတ္ဆိုရမွာျဖစ္ပါတယ္။
ၿပီးရင္ သဗၺသိဒိၶ ဂါထာကို ၂၄ ေခါက္ ရြတ္ဆိုပါ။
သဗၺသိဒၶိဂါထာ
************
ဒိဝါ တပတိ အာဒိေစၥာ
ရတၱိမာ ဘာတိ စႏၵိမာ။
သႏၷေဒၶါ ခတၱိေယာ တပတိ
စ်ာယီ တပတိ ျဗာဟၼေဏာ။
အထ သဗၺမေဟာရတၱိ ံ
ဗုေဒၶါ တပတိ ေတဇသာ။
တာဒိသံ ေတဇသမၸႏၷံ
ဗုဒၶံ ဝႏၵာမိ အာဒရံ။
နမကၠာရာနဳဘာေဝန
သေဗၺ ပူေရႏၲဳ သကၤပၸါ။
က်က္သေရမဂၤလာႏွင့္ ျပည့္စံု၍စီးပြား လာဘ္လာဘေပါမ်ားကာ ေကာင္းျမတ္ေသာဆႏၵမွန္သမ်ွျပည့္စံုေစနိဳင္ပါသည္။ ။
ရြတ္ၿပီးတာနဲ႔ အရပ္ ၈မ်က္ႏွာကိုေမတၱာပို႔ပါ။ ၿပီးတာနဲ႔ ၇ရက္ သားသမီးေတြ ေငြကိုေရလိုသံုးႏိုင္ၾကပါေစလို႔ဆုေတာင္းပါ။ဒီလိုဆုေတာင္းၿပီးမွသာ တပည့္ေတာ္သည္လည္း ေငြကိုေရလိုသံုးႏိုင္တဲ့သူျဖစ္ပါေစသတည္း လို႔ဆုေတာင္းရပါမယ္။
အဓိဠာန္ျပည့္တဲ့ေန႔မွာ ကပ္လႉထားတဲ့ေသာက္ေတာ္ေရဘူးကိုယူ အိမ္ကဆင္းတုေတာ္မွာျဖစ္ျဖစ္ ၊ေစတီတစ္ဆူဆူမွာျဖစ္ျဖစ္ ဘူးထဲကေရနဲ႔ ေရသပၸါယ္ပါ။ေရသပၸါယ္ေနတုန္းမွာ “မေကာင္းတဲ့ကံအညစ္အေၾကး ၾကမၼာဝဋ္ေႂကြးေတြေျပေပ်ာက္ပါေစ၊သန္႔စင္လာပါေစ၊ ေကာင္းတဲ့ကံေတြေပၚထြက္လာပါေစ လို႔ ၇ရက္ သားသမီးအတြက္အရင္ဆုေတာင္းပါ။ၿပီးမွကိုယ့္အတြက္ဆုေတာင္းပါ။ေရသန္႔ဘူးထဲမွပိုက္ဆံကို ဘုန္းေတာ္ႀကီးတစ္ပါးကို နဝကမၼအျဖစ္ကပ္လႉရပါမယ္။ လႉတဲ့အခါမွာစိတ္ထဲကဒီလိုဆုေတာင္းပါ။
“ယခုလိုနဝကမၼအလႉသည္ အလိုရိွရာ လိုအပ္တဲ့ေနရာေတြမွာမိမိလိုသလိုသံုးစြဲႏိုင္ေအာင္ဆပ္ကပ္လႉဒါန္းျခင္းျဖစ္ပါသျဖင့္ တူညီေသာအက်ိဳးေပးနဲ႔ ၇ရက္သားသမီးအေပါင္းနဲ႔တကြ တပည့္ေတာ္သည္လည္းအလိုရိွတဲ့အခါ လိုအပ္တဲ့ေငြေၾကးမ်အလ်င္အျမန္ရပါေစသတည္း”
လို႔ဆုေတာင္းပါ။ျပဳလုပ္ရမဲ့အဓိဠာန္ကဒါေလး ပါပဲ ။
လြန္ခဲ့တဲ့ 4ႏွစ္ေလာက္ကဆို အိပ္ကပ္ထဲပိုက္ဆံတစ္ေသာင္းကပ္ဖို႔ေတာင္အႏိုင္ႏိုင္ရယ္ပါ။ဒီအဓိဠာန္ေလးကို သူရဇၨမဂၢဇင္းကေတြ႔လို႔ ယံုယံုၾကည္ၾကည္နဲ႔ အဓိဠာန္ဝင္ခဲ့ပါတယ္။ခုခ်ိန္မွာေတာ့ အသင့္အတင့္သံုးစြဲႏိုင္တဲ့အေနအထားရိွေနပါၿပီ ။ယံုယံုၾကည္ၾကည္နဲ႔အဓိဠာန္ဝင္ၾကည့္ပါ ။ေငြေၾကးလမ္းေၾကာင္းပြင့္လာၿပီးအလုပ္အကိုင္ေတြအဆင္ေျပလာပါလိမ့္မယ္။ကိုယ္ေတြ႔က်င့္စဥ္ေလးပါ။
Credit-မူရင္းေရးသားသူ(ေလးစားစြာျဖင့္)
Unicode Version
ငွေကြေးအဆင်မပြေတဲ့သူတွေ ၊အကြွေးရှိတဲ့သူတွေ အတွက် တကယ် အကျိုးထူးစေတဲကိုယ်တွေ့ကျင့်စဉ်တစ်ခုကိုပြောပြပေးပါမယ် ။ အဓိဌာန်ဝင်ကြည့်ကြပါ ။ တကယ်လုပ်အဟုတ်ဖြစ်ပါတယ် ။ကုသိုလ်လည်းရ ငွေကြေးလည်းချောင်လည်စေပါတယ် ။
ကျင့်စဉ် – ရေသန့်ဘူးတစ်ဘူးလိုအပ်ပါတယ်
-1000 တန် ၊5000တန် ၊10000တန် ကိုယ်တတ်နိုင်တဲ့ငွေကို…ပလပ်စတစ်အိတ်ထဲမှာထည့်ပြီးမီးနဲ့ပိတ်ရပါမယ် ။ပြီးရင်ရေသန့်ဘူးထဲထည့်ရမှာဖြစ်ပါတယ်။
အဓိဠာန်ဝင်ရန် -ဘယ်နေ့သားသမီးဖြစ်ဖြစ် တနလာၤကနေစလုပ်ရမှာဖြစ်ပါတယ်။ 9ရက် ၊24ရက် ၊28ရက် …ကိုယ်လုပ်နိုင်တဲ့ရက်အတိုင်းအတာကို အဓိဠာန်ဝင်ပါ။
ပထမဆုံး ဘုရားကိုပန်း ၊ရေချမ်း၊ ဆီမီး ကပ်လှူပါ ။ပြီးရင်ငါးပါးသီလယူပါ။စောနကပိုက်ဆံထည့်ထားတဲ့ ရေသန့်ဘူးကိုလက်နှစ်ဖက်နှင့်ကိုင်မြှောက်ပြီး “ဘုရားရှင်အဆူဆူအတွက်သောက်တော်ရေကိုကပ်ပါတယ်ဘုရား”လို့ပြောပြီး ဘုရားကျောင်းဆောင်ပေါ်ပြန်တင်ထားပါ။
ပြီးတာနဲ့ ပဠာန်း၂၄ပစ္စည်း ကို ၂၄ကြိမ်ရွတ်ဆိုရမှာဖြစ်ပါတယ်။
ပြီးရင် သဗ္ဗသိဒ္ဓိ ဂါထာကို ၂၄ ခေါက် ရွတ်ဆိုပါ။
သဗ္ဗသိဒ္ဓိဂါထာ
************
ဒိဝါ တပတိ အာဒိစ္စော
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြာဟ္မဏော။
အထ သဗ္ဗမဟောရတ္တိ ံ
ဗုဒ္ဓေါ တပတိ တေဇသာ။
တာဒိသံ တေဇသမ္ပန္နံ
ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။
နမက္ကာရာနုဘာဝေန
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။
ကျက်သရေမင်္ဂလာနှင့် ပြည့်စုံ၍စီးပွား လာဘ်လာဘပေါများကာ ကောင်းမြတ်သောဆန္ဒမှန်သမျှပြည့်စုံစေနိုင်ပါသည်။ ။
ရွတ်ပြီးတာနဲ့ အရပ် ၈မျက်နှာကိုမေတ္တာပို့ပါ။ ပြီးတာနဲ့ ၇ရက် သားသမီးတွေ ငွေကိုရေလိုသုံးနိုင်ကြပါစေလို့ဆုတောင်းပါ။ဒီလိုဆုတောင်းပြီးမှသာ တပည့်တော်သည်လည်း ငွေကိုရေလိုသုံးနိုင်တဲ့သူဖြစ်ပါစေသတည်း လို့ဆုတောင်းရပါမယ်။
အဓိဠာန်ပြည့်တဲ့နေ့မှာ ကပ်လှူထားတဲ့သောက်တော်ရေဘူးကိုယူ အိမ်ကဆင်းတုတော်မှာဖြစ်ဖြစ် ၊စေတီတစ်ဆူဆူမှာဖြစ်ဖြစ် ဘူးထဲကရေနဲ့ ရေသပ္ပါယ်ပါ။ရေသပ္ပါယ်နေတုန်းမှာ “မကောင်းတဲ့ကံအညစ်အကြေး ကြမ္မာဝဋ်ကြွေးတွေပြေပျောက်ပါစေ၊သန့်စင်လာပါစေ၊ ကောင်းတဲ့ကံတွေပေါ်ထွက်လာပါစေ လို့ ၇ရက် သားသမီးအတွက်အရင်ဆုတောင်းပါ။ပြီးမှကိုယ့်အတွက်ဆုတောင်းပါ။ရေသန့်ဘူးထဲမှပိုက်ဆံကို ဘုန်းတော်ကြီးတစ်ပါးကို နဝကမ္မအဖြစ်ကပ်လှူရပါမယ်။ လှူတဲ့အခါမှာစိတ်ထဲကဒီလိုဆုတောင်းပါ။
“ယခုလိုနဝကမ္မအလှူသည် အလိုရှိရာ လိုအပ်တဲ့နေရာတွေမှာမိမိလိုသလိုသုံးစွဲနိုင်အောင်ဆပ်ကပ်လှူဒါန်းခြင်းဖြစ်ပါသဖြင့် တူညီသောအကျိုးပေးနဲ့ ၇ရက်သားသမီးအပေါင်းနဲ့တကွ တပည့်တော်သည်လည်းအလိုရှိတဲ့အခါ လိုအပ်တဲ့ငွေကြေးမျအလျင်အမြန်ရပါစေသတည်း”
လို့ဆုတောင်းပါ။ပြုလုပ်ရမဲ့အဓိဠာန်ကဒါလေး ပါပဲ ။
လွန်ခဲ့တဲ့ 4နှစ်လောက်ကဆို အိပ်ကပ်ထဲပိုက်ဆံတစ်သောင်းကပ်ဖို့တောင်အနိုင်နိုင်ရယ်ပါ။ဒီအဓိဠာန်လေးကို သူရဇ္ဇမဂ္ဂဇင်းကတွေ့လို့ ယုံယုံကြည်ကြည်နဲ့ အဓိဠာန်ဝင်ခဲ့ပါတယ်။ခုချိန်မှာတော့ အသင့်အတင့်သုံးစွဲနိုင်တဲ့အနေအထားရှိနေပါပြီ ။ယုံယုံကြည်ကြည်နဲ့အဓိဠာန်ဝင်ကြည့်ပါ ။ငွေကြေးလမ်းကြောင်းပွင့်လာပြီးအလုပ်အကိုင်တွေအဆင်ပြေလာပါလိမ့်မယ်။ကိုယ်တွေ့ကျင့်စဉ်လေးပါ။
Credit-မူရင်းရေးသားသူ(လေးစားစွာဖြင့်)


