လမ်းဘေး မှာ ရပ်နေ တဲ့ ဆိုင် ကယ်သမားပေါ် ကို ဝန်ပိုတင်လာတဲ့ကား တိမ်းမှောက်




အိန္ဒိယနို င်ငံ၊ Sathyamangalam မြို့မှာ ဝန်ပိုတင်လာတဲ့ ကားတစ်စီးဟာ၊ အရှိန်ကိုလည်း ပြင်းစွာ မောင်းနှင်လာခဲ့ရာ၊ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်တဲ့ CCTV မှတ်တမ်း ဗွီဒီယိုဖိုင်တွေကလည်း လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။


ကားဟာ လမ်းဘေးမှာရပ်ထားတဲ့ ဆိုင်ကယ်သမားပေါ်ကို တည့်တည့်ကြီး တိမ်းမှောက်ကျခဲ့တာကြောင့် အပြစ်မဲ့ဆိုင်ကယ်သမားခမျာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသသတင်းတွေက ဖော်ပြခဲ့ပါတယ်။ ဆိုင်ကယ်သမားကလည်း ကားကို ကြောင်ပြီး ကြည့်နေခဲ့တာပါ။



သေဆုံးသူ ဆိုင်ကယ်သမားရဲ့အမည်ကတော့ Palanisamy လို့ သိရပြီး၊ သူကလည်း ဆိုင်ကယ်နဲ့ လမ်းမပေါ်ကိုပြန်ထွက်ဖို့ ပြင်ဆင်နေတာပါ။ ဒါပေမယ့် ကားကြီးလာတာကိုတွေ့လို့ ခဏရပ်စောင့်နေပုံပါဘဲ။ ဒါပေမယ့် ကားကြီးကလည်း လုံးဝအရှိန်မထိန်းနိုင်တော့ဘဲ သူ့ပေါ်ကို လဲကျပါတော့တယ်။



Palanisamy ဟာ အသက်(၆၈)နှစ်အရွယ် အဖိုးအိုဖြစ်ပြီး၊ တောင်သူအလုပ်နဲ့ အသက်မွေးဝမ်းကြောင်း ပြုပါတယ်။ မြို့နယ်ပြည်သူ့ဆေးရုံကို သူ့ကို အမြန်ပို့ပေးခဲ့ပေမယ့် အသက်က ဆေးရုံအထိတောင် ပါမလာဘူးလို့ သိရပါတယ်။ ကားဆရာကတော့ အခင်းဖြစ်နေရာကနေ ထွက်ပြေးနေပါတယ်။

သူကတော့ ဘာဒဏ်ရာမှ မရရှိဘူးလို့ သတင်းတွေအရ သိရပါတယ်။ လက်ရှိအချိန်ထိ ရဲတွေက သူ့ကို ဖမ်းဆီးဖို့ ရှာဖွေနေပြီး၊ အများပြည်သူကိုလည်း တွေ့ရှိက သတင်းပေးကြဖို့ တောင်းဆိုထားပါတယ်။ သူရဲ့ အတ္တကြီးတဲ့၊ လောဘကြီးတဲ့လုပ်ရပ်ကြောင့် အပြစ်မဲ့လူတစ်ဦး အသက်ဆုံးရှုံးခဲ့ရတာပါ။

Credit  \\  original

Recent Updates

Recent Posts Widget