One Lady Show ျပဳလုပ္ပီးရင္ အနားယူေတာ့မယ္ ဆိုတဲ့ အိုင္းရင္းဇင္မာျမင့္ ..




(Zawgyi ျဖင့္ဖတ္ရန္)

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို ရရွိထားတဲ့ အဆိုရွင္တစ္ေယာက္ျဖစ္တဲ့ အိုင္းရင္းဇင္မာျမင့္ကေတာ့ သူမရဲ႕ အသက္ဝင္လွတဲ့ သီခ်င္းေကာင္းေတြေၾကာင့္ နာမည္ေက်ာ္တဲ့သူတစ္ေယာက္ျဖစ္ပါတယ္။


သူမကေတာ့ လတ္တေလာကမွ “အေၾကာင္းျပန္ေပးပါ” ဆုိတဲ့ သီခ်င္းေခြအသစ္ကို ျဖန္႔ခ်ီခဲ့တာျဖစ္ပါတယ္။ ဒါ့အျပင္ အိုင္းရင္းကေတာ့ မၾကာခင္မွာလည္း One Lady Show ျပဳလုပ္ဖို႔အတြက္ ျပင္ဆင္ေနတာျဖစ္ပါတယ္။

အိုင္းရင္းဇင္မာျမင့္ကေတာ့ ဒီကေန႕မွာ ပရိသတ္ေတြကို အေရးႀကီးကိစၥတစ္ခုကို အသိေပးလိုက္တာျဖစ္ပါတယ္။ အိုင္းရင္းဇင္မာျမင့္ကေတာ့ “ဆံုးျဖတ္ခဲ့ပါပီOne Lady Showျပဳလုပ္ပီးရင္ အနားယူေတာ့မယ္” လို႔ သူမရဲ႕ ေဖစ္ဘုတ္ေပၚမွာ အသိေပးလိုက္တာျဖစ္ပါတယ္။



ယုန္ေလး၊ ခန္႔စည္သူ၊ တင္ဇာေမာ္၊ စႏၵီျမင့္လြင္တို႕ကေတာ့ အိုင္းရင္းဇင္မာျမင့္ရဲ႕ ပိုစ့္ေအာက္မွာ အခုလိုပဲ အားေပးစကားေတြ ေရးသားခဲ့ၾကပါတယ္။





ိုင္းရင္းဇင္မာျမင့္တစ္ေယာက္ ခဏတာပဲအနားယူၿပီး အႏုပညာအလုပ္ေတြ ျပန္လုပ္ႏိုင္ဖို႔အတြက္ေတာ့ ပရိသတ္ေတြက ေမွ်ာ္လင့္ေနၾကပါတယ္။
Credit  \\original

(Unicode ျဖင့္ဖတ္ရန္)

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ အဆိုရှင်တစ်ယောက်ဖြစ်တဲ့ အိုင်းရင်းဇင်မာမြင့်ကတော့ သူမရဲ့ အသက်ဝင်လှတဲ့ သီချင်းကောင်းတွေကြောင့် နာမည်ကျော်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

သူမကတော့ လတ်တလောကမှ “အကြောင်းပြန်ပေးပါ” ဆိုတဲ့ သီချင်းခွေအသစ်ကို ဖြန့်ချီခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် အိုင်းရင်းကတော့ မကြာခင်မှာလည်း One Lady Show ပြုလုပ်ဖို့အတွက် ပြင်ဆင်နေတာဖြစ်ပါတယ်။

အိုင်းရင်းဇင်မာမြင့်ကတော့ ဒီကနေ့မှာ ပရိသတ်တွေကို အရေးကြီးကိစ္စတစ်ခုကို အသိပေးလိုက်တာဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့်ကတော့ “ဆုံးဖြတ်ခဲ့ပါပီOne Lady Showပြုလုပ်ပီးရင် အနားယူတော့မယ်” လို့ သူမရဲ့ ဖေစ်ဘုတ်ပေါ်မှာ အသိပေးလိုက်တာဖြစ်ပါတယ်။

ယုန်လေး၊ ခန့်စည်သူ၊ တင်ဇာမော်၊ စန္ဒီမြင့်လွင်တို့ကတော့ အိုင်းရင်းဇင်မာမြင့်ရဲ့ ပိုစ့်အောက်မှာ အခုလိုပဲ အားပေးစကားတွေ ရေးသားခဲ့ကြပါတယ်။

အိုင်းရင်းဇင်မာမြင့်တစ်ယောက် ခဏတာပဲအနားယူပြီး အနုပညာအလုပ်တွေ ပြန်လုပ်နိုင်ဖို့အတွက်တော့ ပရိသတ်တွေက မျှော်လင့်နေကြပါတယ်။
Credit  \\original



Recent Updates

Recent Posts Widget