“ဝိတ်ချချင်သူများအတွက်… မျှစ်သုပ် စားပြီး …အဆီချမယ်။”
Zawgyi
ကောင်းမွန်စေပါတယ်။
Credit
Unicode Version
မျှစ်ကိုကြော်ချက်စားသုံးနိုင်သလို မျှစ်ချဉ်အနေနဲ့လည်းစားသုံးနိုင်ပါတယ်။ ဒါ့အပြင် မျှစ်သုပ်အနေနဲ့လည်း
စားသုံးနိုင်ပါတယ်။ ပထမဆုံး မျှစ်ကိုနူးနူးလေးဖြစ်အောင် ပြုတ်ပါ။
ကြက်သွန်နီကို ပါးပါးလေးလှီးထားပါ။ ငရုတ်သီးစိမ်းထောင်းထားပါ။ ပြုတ်ထားတဲ့မျှစ်ကို အရည်တွေညှစ်ပစ်ပါ။
ထို့နောက် မျှစ်ကို ဇလုံထဲထည့်ပြီး သံပရာရည်လေး ညှစ်ပေးပါ။ ဆားအနည်းငယ်ထည့်ပေးပါ။
ဆီစိမ်းလေး အနည်းငယ်ထည့်ပါ။ သံပရာရည်လေး ညှစ်ပေးပြီး ထောင်းတဲ့ ငရုတ်သီးနဲ့ ကြက်သွန်နီလေးတွေ ထည့်ကာ
ရောသမအောင် မွှေပါ။ ဒါဆိုရင်တော့ ထမင်းမြိန်စေမယ့် အရသာရှိတဲ့ မျှစ်သုပ်လေး သုံးဆောင်နိုင်ပါပြီ။
မျှစ်ဟာ ခန္ဓာကိုယ်အတွက် မကောင်းတဲ့ အဆီပိုတွေကို လျော့ကျစေနိုင်ပါတယ်။ မျှစ်စားသုံးခြင်းဖြင့်
ဦးနှောက်ဆဲလ်ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။ နာတာရှည်ရောဂါများကို သက်သာစေနိုင်ပါတယ်။
အစာခြေစနစ်ကို ကောင်းမွန်စေပြီး အမျှင်ဓါတ်ပါ၀င်မှုကြောင့် ၀မ်းမှန်စေပါတယ်။ ကင်ဆာရောဂါတွေကို
ကာကွယ်တားဆီးပေးနိုင်တဲ့ အာဟာရဂုဏ်သတ္တိတွေလည်း ပါ၀င်ပါတယ်။ ခန္ဓာကိုယ် ကိုယ်ခံအားစနစ်ကို
ကောင်းမွန်စေပါတယ်။
Credit