(၃) အရမ်းလည်း serious မဖြစ်ဘူး ”
Em Em
Unicode
Crush တွေအများကြီးရှိတဲ့သူတွေဟာ ထက်မြက်သူတွေဖြစ်ရတဲ့ အကြောင်းရင်း (၅) ချက်
Crush ဆိုတာ ကိုယ့်ဖက်ကနေ တစ်ဖက်သတ် ကြိတ်ပြီး ကြွေနေရတဲ့သူကို ဆိုလိုတာပါ။ တစ်ချို့လူတွေမှာတော့ Crush တစ်ယောက်ပဲရှိသလို၊ တစ်ချို့လူတွေမှာကျတော့လည်း တစ်ယောက်မက အများကြီးရှိနေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ Crush အများကြီးရှိတဲ့သူတွေဟာ ထက်မြက်တဲ့သူတွေ ဖြစ်ရတဲ့အကြောင်းရင်းတွေပဲ ဖြစ်ပါတယ် နော် ……
(၁) အကောင်းမြင်စိတ်ရှိတယ် ”
Crush အများကြီးရှိတဲ့ သူတွေဟာ အကောင်းမြင်စိတ် ရှိတဲ့သူတွေပါ။ လူတစ်ယောက်ချင်းစီရဲ့ ကောင်းကွက်လေးတွေကို မြင်ပေးနိုင်စွမး်ရှိတဲ့သူတွေပါ။ လူတိုင်းကိုအကောင်းမြင်စိတ်နဲ့ကြည့်တတ်တဲ့ သူတို့အဖို့ Crush ဆိုတာ ရုပ်ချောစရာလည်း မလိုပါဘူး။ အပြုံးလေးကို Crush သွားတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဒါက အကောင်းမြင်စိတ်ရှိတဲ့သဘောပါ …။
(၂) လွတ်လပ်စွာတွေးခေါ်တတ်တယ် ”
Crush အများကြီးရှိတဲ့သူတွေဟာ လွတ်လပ်စွာ တွေးခေါ်တတ်တဲ့သူတွေပါ။ ပေါ့ပေါ့ပါးပါး တွေးခေါ်စဉ်းစားပြီး လွတ်လွတ်လပ်လပ် နေချင်တဲ့သူတွေဖြစ်ပါတယ်။ ဘယ်သူ့ကိုမှ မတွဲသေးတဲ့အတွက် ဘယ်သူ့ကိုမဆို လွတ်လွတ်လပ်လပ် Crush ချင်တဲ့သူတွေ ပဲ ဖြစ်ပါတယ် …။
(၃) အရမး်လည်း serious မဖြစ်ဘူး ”
Crush အများကြီးရှိတဲ့သူတွေဟာ အရမး် Serious ဖြစ်တဲ့သူတွေ မဟုတ်ပါဘူး။ တစ်ယောက်ဆိုတစ်ယောက် စွဲစွဲမြဲမြဲချစ်ပြီး ဝန်ထုတ်ကြီးတစ်ခုလို နေရမှာထက် Crush တွေအများကြီးထားပြီး ပေါ့ပေါ့ပါးပါးပဲ နေချင်တဲ့သူတွေပါ။ ဖြစ်သမျှအရာတိုင်းကို အကြီးအကျယ်လိုက်ပြီး ခံစားမနေချင်တဲ့သူလေး တွပါ …။
(၄) ရိုးရှင်းတဲ့စိတ်ခံစားချက်ရှိတယ် ”
Crush တွေအများကြီးရှိတဲ့သူတွေဟာ ရိုးရှင်းတဲ့ စိတ်ခံစားချက်ရှိတဲ့သူတွေပါ။ အချစ်ဆိုတာကို ဘဝကြီးတစ်ခုလို မသတ်မှတ်ထားသူတွေဖြစ်ပါတယ်။ နောက်ပြီး တစ်ဖက်လူက ကိုယ့်ကိုပြန်ချစ်သည်ဖြစ်စေ၊ ပြန်မချစ်သည်ဖြစ်စေ သူတို့အတွက် ပြသနာမရှိပါဘူး။ သူတို့ဖက်ကလည်း အရမး်ချစ်လားဆိုတော့ မဟုတ်ပြန်ပါဘူး။ ဒီအတိုင်း Feel နေချင်တဲ့သူတွေပဲ ဖြစ်ပါ တယ် …။
(၅) ရူးသွပ်တာတွေမရှိဘူး ”
Crush တွေအများကြီးရှိတဲ့သူတွေဟာ ရူးသွပ်တာတွေ၊ စိတ်ခံစားချက်တွေ အများကြီး သိပ်ပြီးမရှိတဲ့ သူတွေပါ။ ပေါ့ပေါ့ပါးပါးပဲတွေး၊ ပေါ့ပေါ့ပါးပါးပဲ ခံစားတတ်တဲ့ အေးအေးဆေးဆေး သမားတွေပါ။ သူတို့ရဲ့ ဘဝမှာ ဘယ်အရာကိုမှ အစွန်းရောက်ရူးသွပ်တယ်ဆိုတာမျိုး မရှိပါဘူးနော် …။ ။
Em Em