အားပေးကြမ်းတဲ့ ပဲခူးကပရိသတ်တွေကြောင့် ရင်ထဲ ဝမ်းသာပီတိတွေ စို့ခဲ့ရတယ်ဆိုတဲ့ သက်မွန်မြင့်




ပရိသတ်တွေအရမ်းချစ်ကြတဲ့ ဝါရင့်အနုပညာရှင်တစ်ဦးဖြစ်တဲ့ မင်းသမီးချောလေး သက်မွန်မြင့်ကတော့ သူမကို အရမ်းချစ်တဲ့ ခင်ပွန်းဖြစ်သူရယ်၊ ချစ်စရာကောင်းတဲ့ သားလေးနဲ့ သမီးလေးရယ်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကို လေးစားတန်ဖိုးထားတတ်လွန်းတဲ့စိတ်ကြောင့်လည်း ချစ်သက်လေးကို အားပေးသူတွေ ပိုမိုများပြားလာတာပါ။ လတ်တလောမှာတော့ သက်မွန်ုမြင့်က ပဲခူးသို့ စိန်နန်းတော်ဖွင့်ပွဲတက်ရောက်ခဲ့တဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။ သက်မွန်မြင့်ကတော့ အားပေးကြမ်းတဲ့ ပဲခူးက ပရိသတ်တွေကြောင့် ရင်ထဲစို့ခဲ့ရတဲ့အကြောင်းကိုလည်း ပြောထားပါသေးတယ်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် ပဲခူးက စိန်နန်းတော် ဆိုင်ဖွင့်ပွဲကို တက်ရောက်ခဲ့တဲ့ သက်မွန်မြင့်ရဲ့ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

သက်မွန်မြင့်ကတော့ “မနေ့က ပဲခူးမြို့မှာ စိန်နန်းတော်ဖွင့်ပွဲ ရောက်ဖြစ်ခဲ့တယ်! ပရိတ်သတ်တွေ အများကြီးဆီက ဟေးကနဲ့ အားပေးကြချိန်မှာ ရင်ထဲ ဝမ်းသာပီတိ က စို့ဝင်လာတယ်! မျက်တောင်တချက် ခတ်လိုက်ရတယ်.. 😬😬😁😁 ကျေးဇူးအထူးတင်ပါတယ်လို့ ပြောပါရစေနော်🙏🏻🙏🏻🙏🏻 အနမ်းတွေ အများကြီး ရခဲ့တဲ့တွက်လည်း ဝမ်းသာမဆုံး!😘😘😘 ဖိတ်ခေါ်တဲ့ စိန်နန်းတော်ကိုလည်း ကျေးဇူး တင်ပါတယ်ရှင့်😉😉 👗 Sweet n Smart 💄 Ka Thi” ဆိုပြီး သူမရဲ့ပွဲတက်ပုံလှလှလေးတွေနဲ့အတူ အားပေးတဲ့ပရိသတ်တွေကြောင့် ကြည်နူးမှုတွေကို လူမှုကွန်ယက်ပေါ်မှာ ဝေမျှပေးထားတာပဲ ဖြစ်ပါတယ်။

အမြဲ ပရိသတ်ကို ဦးထိပ်ထားတဲ့ သူမ…


ပရိသတ်ချစ်တဲ့ မင်းသမီးနဲ့ မင်းသမီး တန်ဖိုးထားရတဲ့ ပရိသတ်…


ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးကိုပိုင်ဆိုင်ထားတဲ့ သက်မွန်မြင့်ကတော့ မိခင်ကောင်းတစ်ဦးရဲ့တာဝန်တွေကိုလည်း အပြည့်အဝကျေပြွန်သူတစ်ဦးပဲ ဖြစ်ပါတယ်။ သူမကတော့ လက်တလောမှာ အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်ပြုလုပ်ဖြစ်နေတာဖြစ်ပြီး ရုပ်ရှင်တွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ပရိသတ်တွေ အရမ်းချစ်ကြတဲ့ ချစ်ဖို့ကောင်းတဲ့ သက်မွန်မြင့်ကို ချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။


Myint Myat
Source;Thet Mon Myint Facebook
Photo;Nay Min Tun

Credit   \  originl

Recent Updates

Recent Posts Widget