႐ုပ္႐ွင္လက္မွတ္မွာ မီတာခ ေကာက္တာကို ေျဖ႐ွင္းလုိက္တဲ့ PARADISO ႐ုပ္႐ွင္႐ုံ
႐ုပ္႐ွင္လက္မွတ္မွာ မီတာခ ေကာက္တာကို ေျဖ႐ွင္းလုိက္တဲ့ PARADISO ႐ုပ္႐ွင္႐ုံ
လက္႐ွိ လူမႈကြန္ရက္မွာ လူေျပာမ်ား ေနတဲ့ Paradiso ႐ုပ္႐ွင္႐ုံက လက္မွတ္ျဖတ္ပုိင္းမွာ လက္မွတ္ဖုိးအျပင္ Electric Charges ကုိပါထည့္သြင္း ေကာက္ခံရျခင္း အေၾကာင္းနဲ႔ နဲ႔ ပတ္သက္ၿပီး Paradiso ႐ုပ္႐ွင္႐ုံက AGM ဦးသန္းေဆြက Cele 7 နဲ႔ အင္တာဗ်ဴး တစ္ခုမွာ ေျပာသြားခဲ့ပါတယ္။
ဦးသန္းေဆြက “ကြၽန္ေတာ္တုိ႔ Paradiso ႐ုပ္႐ွင္႐ုံ ေတြရဲ႕ လက္မွတ္ ေစ်းႏႈန္းနဲ႔ ပတ္သက္ၿပီးေတာ့ လက္႐ွိ လူမႈကြန္ရက္ေပၚမွာ ေတြ႔႐ွိေနရတာနဲ႔ ပတ္သက္ၿပီးေတာ့ ႐ွင္းလင္းတင္ျပမွာ ျဖစ္ပါတယ္။
ပထမဦးဆုံး အေနနဲ႔ ကြၽန္ေတာ္တုိ႔ Paradiso Company ကုိ ဦးေဆာင္ေနတဲ့ အႏုပညာ႐ွင္မ်ား ကုိ အရင္ ေျပာခ်င္ပါတယ္ ။ အဓိက ဦးေဆာင္ေနတာ ကေတာ့ ဦးလြင္မုိး ဦးလူမင္း ကုိေျပတီဦး ဦးေအာင္လြင္ ဒါ႐ုိက္တာေတြထဲမွာ ဆုိရင္ေတာ့ ဒါ႐ုိက္တာ ေမာင္သီ ဒည႐ုိက္တာ ေမာင္မ်ိဳးမင္း (ရင္တြင္းျဖစ္) ေနာက္ၿပီးေတာ့ ဒါ႐ုိက္တာ ကုိေပါက္ ေနာက္ၿပီးေတာ့ ဒါ႐ုိက္တာ မီးပြား အစ႐ွိတဲ့ ဒါ႐ုိက္တာေတြ အျပင္အျခား သ႐ုပ္ေဆာင္ေတြ ျဖစ္တဲ့ ဦးဇာဂနာ ဦးအ႐ုိင္း ဦးငွက္ေပ်ာေၾကာ္ ဦးေညာင္ေညာင္ ေနာက္ၿပီး ကြယ္လြန္သြားၿပီ ျဖစ္တဲ့ ဦးကင္းေကာင္တုိ႔ ေပါ့ေနာ္။
သူတုိ႔က ဦးေဆာင္ၿပီး ဖြဲ႔စည္းထားတာ ျဖစ္ပါတယ္။ အဓိကေတာ့ ရန္ကုန္ မႏၱေလးလုိ ျမဳိ႕ႀကီးေတြမွာဆုိ လွ်ပ္စစ္မီး လုံလုံ ေလာက္ေလာက္ အသုံးျပဳလုိ႔ရတဲ့ ေနရာေတြ မွာဆုိး မီးစက္ အသုံးျပဳဖုိ႔ မလုိပါဘူး။
ကြၽန္ေတာ္တုိ႔က ႐ုပ္႐ွင္႐ုံ မ႐ွိတဲ့ ျမဳိ႕ေတြမွာ အဓိက တည္ေဆာက္တာ ျဖစ္လုိ႔ ျမဳိ႕ငယ္ေလးေတြမွာေတာ့ မီးစက္နဲ႔ မျဖစ္မေန ျပသရပါတယ္။ ဒီလုိ ျပသရတဲ့ အခါမွာေတာ့ ကြၽန္ေတာ္တုိ႔ E Charges ဆုိၿပီးေတာ့ သတ္မွတ္ ပါတယ္။
သုိ႔ေသာ္လည္း ကြၽန္ေတာ္တုိ႔က E charges လုိ႔သာ သတ္မွတ္ေပမယ့္ လည္း ႐ုံျပဳိင္႐ွိတဲ့ ၿမိဳ႕ေတြေပါ့ေနာ္ ကြၽန္ေတာ္တုိ႔ ႐ုံေဆာက္ၿပီးမွ ႐ုံေတြ တည္ေဆာက္ေနတဲ့ ၿမိဳ႕ေတြလည္း ႐ွိပါတယ္ အဲ့ေနရာေတြမွာ အားလုံးကုိ ယွဥ္ၾကည့္လုိက္မယ္ ဆုိရင္ ကြၽန္ေတာ္တုိ႔႐ုံရဲ႕ E Charges အပါအဝင္ လက္မွတ္ေစ်းႏႈန္းက အျခား႐ုံေတြရဲ႕ ေစ်းႏႈန္းနဲ႔ ႏႈိင္းယွဥ္ၿပီးေတာ့ ၾကည့္မယ္ ဆုိရင္ မိဘျပည္သူေတြ အားလုံးက သေဘာေပါက္မယ္ လုိ႔ ထင္ပါတယ္။
ဒီအခုေဖာ္ျပေနတဲ့ လက္မွတ္ေပၚမွာ ေပါ့ေနာ္ သူက ၂၅၀၀ တန္း သုံးခုံ ဝယ္တာပါ သုံးခုံဝယ္တဲ့ အတြက္ေၾကာင့္ လက္မွတ္ခက ၇၅၀၀ ျဖစ္သလုိ E Charges ကလည္း သုံးခုံအတြက္ ၂၀၀ အေျမႇာက္ ၃ ျဖစ္တဲ့အတြက္ ၆၀၀ က်ပါတယ္ ။
ခုံတုိင္းကုိ ေကာက္ပါတယ္။ ႐ုံတုိင္းမွာလဲ သတ္မွတ္ပါတယ္။ Paradiso ႐ုပ္႐ွင္တုိင္းမွာ ကြၽန္ေတာ္တုိ႔ Electric Charges သတ္မွတ္ပါတယ္။ သုိ႔ေသာ္လည္း ကြၽန္ေတာ္တုိ႔ဆီက E Charges အပါအဝင္ ေစ်းႏႈန္းသည္ တျခား႐ုံေတြနဲ႔ ယွဥ္ၾကည့္လုိ႔ ရပါတယ္။”လုိ႔ေျပာသြားခဲ့ပါတယ္။
Credit \\ original
Unicode
ရုပ်ရှင်လက်မှတ်မှာ မီတာခ ကောက်တာကို ဖြေရှင်းလိုက်တဲ့ PARADISO ရုပ်ရှင်ရုံ
လက်ရှိ လူမှုကွန်ရက်မှာ လူပြောများ နေတဲ့ Paradiso ရုပ်ရှင်ရုံက လက်မှတ်ဖြတ်ပိုင်းမှာ လက်မှတ်ဖိုးအပြင် Electric Charges ကိုပါထည့်သွင်း ကောက်ခံရခြင်း အကြောင်းနဲ့ နဲ့ ပတ်သက်ပြီး Paradiso ရုပ်ရှင်ရုံက AGM ဦးသန်းဆွေက Cele 7 နဲ့ အင်တာဗျူး တစ်ခုမှာ ပြောသွားခဲ့ပါတယ်။
ဦးသန်းဆွေက “ကျွန်တော်တို့ Paradiso ရုပ်ရှင်ရုံ တွေရဲ့ လက်မှတ် ဈေးနှုန်းနဲ့ ပတ်သက်ပြီးတော့ လက်ရှိ လူမှုကွန်ရက်ပေါ်မှာ တွေ့ရှိနေရတာနဲ့ ပတ်သက်ပြီးတော့ ရှင်းလင်းတင်ပြမှာ ဖြစ်ပါတယ်။
ပထမဦးဆုံး အနေနဲ့ ကျွန်တော်တို့ Paradiso Company ကို ဦးဆောင်နေတဲ့ အနုပညာရှင်များ ကို အရင် ပြောချင်ပါတယ် ။ အဓိက ဦးဆောင်နေတာ ကတော့ ဦးလွင်မိုး ဦးလူမင်း ကိုပြေတီဦး ဦးအောင်လွင် ဒါရိုက်တာတွေထဲမှာ ဆိုရင်တော့ ဒါရိုက်တာ မောင်သီ ဒညရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) နောက်ပြီးတော့ ဒါရိုက်တာ ကိုပေါက် နောက်ပြီးတော့ ဒါရိုက်တာ မီးပွား အစရှိတဲ့ ဒါရိုက်တာတွေ အပြင်အခြား သရုပ်ဆောင်တွေ ဖြစ်တဲ့ ဦးဇာဂနာ ဦးအရိုင်း ဦးငှက်ပျောကြော် ဦးညောင်ညောင် နောက်ပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဦးကင်းကောင်တို့ ပေါ့နော်။
သူတို့က ဦးဆောင်ပြီး ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဓိကတော့ ရန်ကုန် မန္တလေးလို မြို့ကြီးတွေမှာဆို လျှပ်စစ်မီး လုံလုံ လောက်လောက် အသုံးပြုလို့ရတဲ့ နေရာတွေ မှာဆိုး မီးစက် အသုံးပြုဖို့ မလိုပါဘူး။
ကျွန်တော်တို့က ရုပ်ရှင်ရုံ မရှိတဲ့ မြို့တွေမှာ အဓိက တည်ဆောက်တာ ဖြစ်လို့ မြို့ငယ်လေးတွေမှာတော့ မီးစက်နဲ့ မဖြစ်မနေ ပြသရပါတယ်။ ဒီလို ပြသရတဲ့ အခါမှာတော့ ကျွန်တော်တို့ E Charges ဆိုပြီးတော့ သတ်မှတ် ပါတယ်။
သို့သော်လည်း ကျွန်တော်တို့က E charges လို့သာ သတ်မှတ်ပေမယ့် လည်း ရုံပြိုင်ရှိတဲ့ မြို့တွေပေါ့နော် ကျွန်တော်တို့ ရုံဆောက်ပြီးမှ ရုံတွေ တည်ဆောက်နေတဲ့ မြို့တွေလည်း ရှိပါတယ် အဲ့နေရာတွေမှာ အားလုံးကို ယှဉ်ကြည့်လိုက်မယ် ဆိုရင် ကျွန်တော်တို့ရုံရဲ့ E Charges အပါအဝင် လက်မှတ်ဈေးနှုန်းက အခြားရုံတွေရဲ့ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ပြီးတော့ ကြည့်မယ် ဆိုရင် မိဘပြည်သူတွေ အားလုံးက သဘောပေါက်မယ် လို့ ထင်ပါတယ်။
ဒီအခုဖော်ပြနေတဲ့ လက်မှတ်ပေါ်မှာ ပေါ့နော် သူက ၂၅၀၀ တန်း သုံးခုံ ဝယ်တာပါ သုံးခုံဝယ်တဲ့ အတွက်ကြောင့် လက်မှတ်ခက ၇၅၀၀ ဖြစ်သလို E Charges ကလည်း သုံးခုံအတွက် ၂၀၀ အမြှောက် ၃ ဖြစ်တဲ့အတွက် ၆၀၀ ကျပါတယ် ။
ခုံတိုင်းကို ကောက်ပါတယ်။ ရုံတိုင်းမှာလဲ သတ်မှတ်ပါတယ်။ Paradiso ရုပ်ရှင်တိုင်းမှာ ကျွန်တော်တို့ Electric Charges သတ်မှတ်ပါတယ်။ သို့သော်လည်း ကျွန်တော်တို့ဆီက E Charges အပါအဝင် ဈေးနှုန်းသည် တခြားရုံတွေနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။”လို့ပြောသွားခဲ့ပါတယ်။
Credit \\ original


