ကြုံဖူးသူတိုင်း… ဒေါသထွက်စေနိုင်တဲ့ …အဖြစ်အပျက်များ
Credit- Nanmalgyi
Unicode vErsion
လူသားတိုင်းကတော့ နေ့စဉ်နဲ့ အမျှစိတ်ရှုပ်စရာတွေ တခုမဟုတ်တခုကို ကြုံတွေ့နေရမှာ အမှန်ပါပဲ။ တနေ့မှာ တခေါက်လောက်တော့ အနည်းဆုံးဖိအားတွေ စိတ်ရှုပ်စရာတွေ ဒေါသထွက်စရာ ကိစ္စတွေကတော့ ကြုံရစမြဲပါပဲ။ ဒီလိုပြဿနာတွေ ကြုံတိုင်းလည်း လူသားတွေအနေနဲ့ တခုမဟုတ်တော့ တခုတော့ ဖြေရှင်းနေရစမြဲပါပဲ။ တခါတလေ ဖြစ်ပေါ်လာတဲ့ အခိုက်အတန့်လေးတွေကတော့ ဒေါသထွက်စရာဖြစ်သလို တော်တော်လေးလည်း စိတ်ရှုပ်စရာကောင်းပါတယ်။ ပြောချင်လွန်းလို့ပေ့ချ်က ဒီတခေါက်ဖော်ပြပေးချင်တာကတော့ ကြုံဖူးသူတိုင်း ဒေါသတထောင်းထောင်း ထွက်စေနိုင်တဲ့ အဖြစ်အပျက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
၁.ဒါကိုတော့ ကမ္ဘာပေါ်မှာ ရှိတဲ့ လူသားတိုင်းကြုံဖူးမယ့် ကိစ္စလို့ ထင်ပါတယ်။ တယောက်ယောက်ကို ကိုယ့်ခွက်ထဲက ဖျော်ရည်ဖြစ်ဖြစ် သောက်စရာတခုခုဖြစ်ဖြစ် ထည့်ပေးရင် တန်းဝင်မသွားပဲ ဒီလိုမျိုး ခွက်ဘောင်ကနေ စီးကြလာတဲ့ အဖြစ်ကတော့ တော်တော်လေး ဒေါသထွက်ချင်စရာပါပဲ။
၂.ဒါကလည်း တော်တော်ကို ဒေါသထွက်ချင်စရာ ကိစ္စပါပဲ။ သင်တို့လည်း ထီထိုးတာတို့ ဘဏ်မှာ ပိုက်ဆံထုတ်တာတို့ လက်မှတ်ပြတဲ့အချိန်တွေမှာ တိုက်ဆိုင်စွာနဲ့ ကိုယ်နံပါတ်လေး တလုံးကိုပဲ ကျော်သွားတဲ့ အခိုက်အတန့်တွေ ဖြစ်ဖူးကြမှာပါ။ အဲ့ကျရင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိပဲ တော်တော်လေး ဒေါသဖြစ်ကြတယ်မလား။
၃.အိမ်မှာ ကြက်ဥတွေ ကြော်စားဖို့အတွက် ဝယ်လာရင် တခုခုနဲ့ တိုက်မိပြီးကြက်ဥတွေ ကွဲသွားရင် ဒေါသထွက်ခဲ့ဖူးကြတယ်မလား။ ဝယ်လာတဲ့အလုံးတိုင်း လုံးလုံးလေးပဲ ဖြစ်ချင်နေကြတယ်လေ။ အခန့်မသင့်လို့ တလုံးလုံးကွဲသွားရင် စိတ်ကသိပ်မကြည်တော့ဘူး။
၄.ဒီလိုအဖြစ်အပျက်တွေကိုလည်း ကြုံဖူးကြမယ် ထင်ပါတယ်။ ပါကင်ပိတ်ထားတဲ့ အရာတခုခုကို ခွာလိုက်ရင် အကုန်မကွာလာပဲ ဒီလိုမျိုး ဖြစ်နေတဲ့အခိုက်အတန့်လေးတွေကိုပေါ့။
၅.သင်တိ့ု ပန်းကန်တွေ ဆေးပြီးရင် အကျီၤမှာ ဒီလိုမျိုးရေလေးတွေတော့ စိုကြတယ်မလား။ အဲ့အချိန်ကျရင် ဒေါသကတော့ အနည်းငယ်ထွက်ပြီး စိတ်မကြည်မလင်တွေ ဖြစ်တတ်တယ်မလား။
၆.ရွံနဲ့ လုပ်ရတဲ့ ရုပ်ထုတွေက အရမ်းကို လက်ဝင်သလို အထိခိုက်လည်း မခံပါဘူး။ သင်တို့လည်းပုံထဲက အဖြစ်အပျက်လို ကြုံရရင် သေအောင်ဒေါသထွက်ကြမယ် ထင်ပါတယ်။ အနုစိတ်လုပ်ခဲ့ပြီးမှဒီလိုအောက်ပြုတ်ကျသွားပြီး မျက်နှာကြီးပြားသွားတာကိုသာ ကြည့်လိုက်ပါတော့။
၇.ဒါတွေကလည်း ဒေါသထွက်စရာကောင်းတဲ့ အရာတွေထဲက တခုပါပဲ။ သင်တို့ Website တခုခုထဲ ဝင်လိုက်ရင် သင်တို့ရဲ့ Gmail ကိုတောင်းတောင်းနေတာကတော့ မရိုက်ချင် ရိုက်ချင်နဲ့ ရိုက်လိုက်ရတယ်မလား။
Credit- Nanmalgyi
Recent Updates
Recent Posts Widget