သင်္ချိုင်းကုန်းမှာ ချော်လဲပြီး… တစ်ကားလုံး …သရဲဝင်စီးသလိုမျိုး ကြုံခဲ့ရတဲ့ ..ပွင့်နဒီမောင်
Zawgyiဖြင့်ဖတ်ရန်
Credit- Yomalan
Unicode Version
ဗီ ဒီ ယိုဈေးကွက် ခေတ်ကောင်းခဲ့တဲ့အချိန်တွေတုန်းက ပရိသတ်တွေရဲ့ အားပေးလက်ခံမှုတွေကို များစွာရရှိခဲ့သလို အခုအချိန်မှာလည်း အနုပညာအလုပ်တွေကို တတ်နိုင်တဲ့ အပိုင်းက လုပ်ဆောင်နေတဲ့ ပွင့်နဒီမောင်ကတော့ သရဲ တစ္ဆေနဲ့ ပတ်သက်ပြီး ကြုံတွေ့ခဲ့ရတဲ့
အြ ဖစ် အပျက်အကြောင်းကို Myanmar Platform နဲ့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။ ပွင့်နဒီမောင်က “သရဲကလေ ကြောက်တတ်တဲ့အထဲမှာ ပါတယ်။ ဒါပေမဲ့ သရဲကား အရမ်းကြည့်တယ်။ ဘယ်အချိန်ကြောက်လဲဆိုတော့ ညအိပ်တဲ့အချိန်ပေါ့နော် တစ်နေ့လုံးတစ်ယောက်တည်း သွားရဲလာရဲတယ် နေပြည်တော်ကို တစ်ယောက်တည်း ကားမောင်းဖူးတယ်
အဲ့ လို မျိူးတွေကို မကြောက်ဘူး ကြောက်တဲ့ အချိန်က ညဘက်အိပ်တဲ့ အချိန်မှာ တစ်ယောက်တည်း မအိပ်ရဲဘူး အဲ့အချိန်တော့ အရမ်းကြောက်တယ်။”လို့ပြောသွားခဲ့ပါတယ်။ သရဲနဲ့ ပတ်သက်ပြီး ထူးထူးဆန်းဆန်း ကြုံတွေ့ခဲ့ရတာနဲ့ ပတ်သက်ပြီး “အဲ့တုန်းက သရဲခြောက်ခံရတာထက်စာရင် သရဲစီးခံရတာပေါ့နော် ပိုးအိကိုယ်တိုင်တော့မဟုတ်ဘူး မေမြို့မှာ ကြင်နာသူရဲ့အချစ်အိမ်လေ အဲ့တာသွားရိုက်တုန်းက ကားတစ်စီးလုံးကို
သ ရဲ စီး သလိုဖြစ်တာပေါ့။ အဲ့တုန်းက ထွန်းငယ်ပါတယ် သားညီပါတယ် ဖြိုးငွေစိုးပါတယ် လင်းလက်ပါတယ် တော်တော်များများပါတယ် အရင်တုန်းကကျတော့ Actor တွေက စုပြီးခရီးသွားကြရတာလေ Mini bus အသေးလေးနဲ့ အဲ့တုန်းက မိတ်ကပ် ဒိုဒိုးဆိုတာရှိတယ် သူကကျတော့အရှေ့ဆုံးမှာ အဲ့တုန်းက ထွန်းငယ်က ဝတ်ရည်ဆိုတဲ့ ကောင်မလေးကို ကြိုက်နေတာ ဝတ်ရည် ကြိုက်နေတာက
နောက်တစ်ယောက်ပေါ့နော်။ သူက အသည်းတွေကွဲပြီး အရက်တွေ သောက်ထားတယ်။ မေမြို့လမ်းက အဆင်းကျတော့ အရင်မေမြို့လမ်းက ဒီလိုမျိုးကြီးလည်း မဟုတ်သေးဘူးလေ။
လမ်းမှာ ဆိတ်သားခြောက်တွေကလည်း အများကြီးဝယ်လာတယ်။ ထွန်းငယ်က မေမြို့အဆင်းလမ်းတစ်ဝက်ရောက်တော့ ရှူးဆင်းပေါက်ကြတယ်။ ထွန်းငယ်က ချော်လဲသွားတယ် သူလဲသွားတာကို ပိုးအိတို့အကုန်လုံးမြင်တယ် သူက အသည်းတွေကွဲပြီး ဘီယာသောက်ထားတာဆိုတော့ ငမူး မူးပြီးတော့ ချေ်ာလဲ ပြန်ပြီပေါ့။ ဟဲ့ထွန်းငယ် ထ ထ ဆိုပြီးတော့ အဲ့မှာ သူနဲ့ ပိုးအိတို့ ရှူးပေါက်တဲ့
နေ ရာ မှာလဲ သင်္ချိုကုန်းလိုဖြစ်သွားတာပေါ့နော် သူချော်လဲသွားတာကို မြင်တယ်။ သူက မူးလို ချော်လဲတယ်ပဲ မြင်တာ သူ့ထဲကို ကပ်ပြီး ပါလာသလိုဖြစ်သွားတာပေါ့။ ရှူးပေါက်ပြီးတော့ နည်းနည်း မောင်းလာတဲ့အချိန်မှာ သားကြောက်တယ် သားကိုမခေါ်ပါနဲ့ အဲ့လိုတွေ ကယောင်ကတမ်းတွေ ဘာတွေ အော်မှန်းမသိဘူး။ အကုန်လုံးကမိုးချုပ်နေပြီဆိုတော့ အိပ်နေကြတဲ့ အချိန်မှာ အဲ့လိုအော်တော့ နင်မူးရင်လည်း အေးဆေးနေပေါ့ အကုန်လုံးက အဲ့လိုပြောတယ်။
သူ က ပြောလေလေ ပိုဆိုးလေလေ အဲ့မှာ ယမင်းသူရဲ့ အမေပါတယ်။ ယမင်းသူရဲ့ အမေဆိုတာက ပိုးအိတို့ရဲ့ ပုခုံးလောက်ပဲ ရှိတယ်။ ထွန်းငယ် အဲ့လိုဖြစ်တော့ မေတ္တာသုတ်ကို ထွန်းငယ်ခေါင်းကို ကိုင်ပြီးတော့ ရွတ်လိုက်တာ ယမင်းသူအမေထဲကို ဝင်သွားတာ ထွန်းငယ်ထဲကို ဝင်တုန်းကတောင် သိတစ်ချက်မသိတစ်ချက်ဖြစ်သေးတယ်။ ယမင်းသူအမေထဲကို ဝင်သွားတဲ့ အချိန်မှာ တောက်လျှောက်ကြီးကို ဖြစ်တာ။ အဲ့တုန်းက ကိုသားညီက ချောင်းဝဆရာတော်ကြီးရဲ့ အဆောင်တွေကို ပိုးအိတို့ရဲ့ လက်ကို ပတ်ပေးပေါ့နော်။ ယမင်းသူအမေဆိုတာ နားကပ်တွေပြတ်ထွက် သွေးတွေထွက် ဆံပင်က အရှည်ဆိုတော့ ပြည်ကုန်တော့ ပုံစံကြီးကိုကလည်း အရမ်းကြောက်ဖို့ကောင်းတာပေါ့နော်။ အဲ့မှာ အားလုံးက ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ ကိုသားညီတို့က ဆိတ်သားခြောက်တွေ ပါလာတယ်မလားတဲ့ နည်းနည်း ပစ်ချလိုက်ပါလားတဲ့ ကျန်ခဲ့အောင်ပေါ့နော်။ ပစ်ချရင်လည်း အကုန်လုံး ပစ်ချရမှာ ဒါပေမဲ့ မသိကြဘူး မသိကြတော့ မေမေတို့ကလည်း ကပ်စီးနဲတယ်လေ ဆိတ်သားခြောက်ကို အကုန်မပစ်ချဘူး သုံးချောင်းလေးချောင်းလောက်ပေါ့နော်။
ခေါ် လိုက်သလိုဖြစ်သွားပြီးတော့ နောက်ထပ် ဝင်စီးတာမျိုးတွေ ဖြစ်တာ ယမင်းသူအမေဆိုရင်လေ လင်းလက်ရဲ့ လက်ကို ကိုင်လိုက်တာလေ လုံးဝမလွှတ်တာ လင်းလက်ကလေ ကြောက်လန့်ပြီး တက်ပြီးတော့ မေ့သွားရော။ တခြားသူတွေဆီကိုကျတော့
ကပ် တယ် သိတယ် ပိုးအိတို့ကျတော့ အဲ့အချိန်မှာ ဘုရားစာရွတ် ဘုရားစာရွတ်ကြတယ်။ ယောက်ျားလေးကလည်း ၈ ယောက်လောက်ပါတယ် အားလုံးကလည်း သတိမလွတ်စေနဲ့နော် စီးမှာဆိုးလို့ ဘုရားစာကို အကျယ်ကြီးရွတ် ငါတို့ ဆက်သွားလို့တော့
မ ရတော့ဘူးဆိုပြီးတော့ ရွာတစ်ရွာကို ဝင် အိမ်ကို အကူအညီတောင်းလိုက်ရတာပေါ့။”လို့ ပြောသွားခဲ့ပါတယ်။
Credit- Yomalan
Recent Updates
Recent Posts Widget