မျက်ကွင်းနားတစ်ဝိုက်နဲ့ မျက်နှာပေါ်က ဒီလိုအဖြူစိလေးတွေကို ပျောက်ကင်းစေနိုင်တဲ့နည်းလမ်းများ
မျက်ကွင်းနားတစ်ဝိုက်၊ မေးစေ့၊ နှာခေါင်းစတဲ့ နေရာလေးတွေမှာ အဖြစ်များတဲ့ ဒီလိုအဖြူစိလေးတွေဟာ ဆဲလ်သေတွေကနေတစ်ဆင့်
ချွေးပေါက်ကို ပိတ်မိနေရာကနေ ဖြစ်လာရတာပါ။
ဒီလိုအဖြူစိလေးတွေကို ပျောက်ကင်းစေချင်ရင်တော့ ခုဖော်ပြပေးမယ့် နည်းလမ်းလေးတွေကို လိုက်လုပ်ပေးပါနော်။
(၁) ပျားရည်
လိုအပ်သောပစ္စည်းများ
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
JoJoba ဆီ – လက်ဖက်ရည်ဇွန်း ၁ ဇွန်းမှ ၂ ဇွန်းအထိ
အုတ်ဂျုံမှုန့် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပြုလုပ်ပုံအဆင့်ဆင့်
ပါဝင်ပစ္စည်းများအားလုံးကို သမအောင်ရောမွှေလိုက်ပါ။
ရလာတဲ့အနှစ်ကို သန့်စင်ပြီး ခြောက်သွေ့တဲ့ မျက်နှာပေါ်မှာ စက်ဝိုင်းပုံသဏ္ဍန် လိမ်းရင်းနှိပ်နယ်ပေးပါ။
၅ မိနစ်အကြာမှာ ရေနွေး၊ အပျော့စားဆပ်ပြာတို့နဲ့ မျက်နှာသစ်ပါ။
ပြီးရင် Moisturizer လိမ်းပေးလိုက်ပါ။
(၂) ပန်းသီးရှာလကာ
ပန်းသီးရှာလကာကိုရေရောပြီး အဲဒီ့အရည်လေးကို ဂွမ်းစလေးနှစ်ပြီး အဖြူစိလေးတွေကို မကြာခဏ တို့တို့ပေးပါ။
တစ်နေ့ကို လေးငါးကြိမ်ထက်မနည်း ပြုလုပ်ပေးပါ။
(၃) ဆန်မှုန့်
လိုအပ်သောပစ္စည်းမျာ
ဆန်မှုန့် – လက်ဖက်ရည်ဇွန်း ၂ ဇွန်း
မုန့်ဖုတ်ဆိုဒါ – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် – ၁လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေအနည်းငယ်
ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကိုရောစပ်လိုက်ပါ။
ရလာတဲ့အနှစ်ကို အဖြူစိလေးတွေပေါ်မှာ စက်ဝိုင်းပုံသဏ္ဍန်လိမ်းကာ နှိပ်နယ်ပေးပါ။
၅ မိနစ်ခန့်ကြာလျှင် ရေဖြင့်စင်အောင်ဆေးလိုက်ပါ။
credit \\ original





