ရဲဘော်လေးတွေသီဆိုကြတဲ့ မိုးခါးရေသီချင်းကြောင့် အနာဂါတ်အလင်းရောင်ကို မှိန်ဖျော့ဖျော့မြင် လိုက်ရသလို ခံစားရတယ်လို့ဆိုတဲ့ ဆောင်ဦးလှိုင်
ဆောင်းဦးလှိုင်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်များထဲက အဆိုတော်တစ်ဦးဖြစ်ပြီး ချိုသာတဲ့ အသံရှိတာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲရောက်အောင် သီဆိုနိုင်သူတစ်ယောက်လို့လည်းဆိုရမှာပါ။ သီချင်းအသစ်တွေကို အကောင်းဆုံဖြစ်အောင် ကြိုးစားနေပြီး မေတ္တာတရားတွေနဲ့လွှမ်းခြုံထားတဲ့ကမ္ဘာအသေးစားလေးတစ်ခုမှာ ရောက်ရှိနေသလိုခံစားရတာကြောင့် သီချင်းသစ်တွေဟာလှပပါလိမ့်မယ် ဆိုပြီးတော့ လက်ခံထားတဲ့ သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ရဲဘော်လေးတွေသီဆိုကြတဲ့ မိုးခါးရေသီချင်းကြောင့် အနာဂါတ်အလင်းရောင်ကို မှိန်ဖျော့ဖျော့မြင် လိုက်ရသလို ခံစားရတယ် ဆိုပြီးတော့ သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ ပရိသတ်တွေကို ရင်ဖွင့်ပြောပြခဲ့တာဖြစ်ပါတယ်။
ရဲဘော်လေးတွေသီဆိုကြတဲ့ မိုးခါးရေသီချင်း 1.5 million viewers hit ဖြစ်တဲ့ကိစ္စက အနာဂါတ်အလင်းရောင်ကို မှိန်ဖျော့ဖျော့မြင်လိုက်ရ သလိုမျိုး အင်အားတစ်စုံတစ်ရာပေါ့” ဆိုပြီးတော့ ရဲဘော်လေးတွေသီချင်းလေးကြောင့် သူ့အတွက် အင်အားလေးဖြစ်စေတယ်ဆိုတာကိုလည်း”အခုရက်ပိုင်းတွေမှာ ပီတိဖြစ်ရတဲ့ ပျော်ရွှင်စရာအချိန်များ ဘဝထဲကို ရောက်ရောက်လာတယ်။ကျွန်တော့်ဘဝဟာ တဖြည်းဖြည်းချင်း ပြောင်းလဲသွားတော့မယ့်သဘောမှာရှိနေတယ်။အေးချမ်းပြီးကောင်းမွန်အောင်ကြိုးစားသွားမယ်”ဆိုပြီးတော့ သူ့ရဲ့ ပြောင်းလဲသွားတဲ့ ဘဝကို ပြောပြခဲ့တာဖြစ်ပါတယ်။ လူငယ်တွေတက်ကြွလာအောင်သီဆိုတဲ့အတွက် ပရိသတ်တွေရဲ့ လက်ခံမှုကို ရရှိနေတယ်ဆိုတာကိုလည်းသီချင်းကိစ္စတွေမှာလည်း (၁) မိုးခါးရေ ၊(၂) မငိုပါနဲ့ကလေးရယ်၊(၃) မျှော်လင့်ချက်တစ်စုံတစ်ရာ တို့လို မေတ္တာတရားအပြည့်နဲ့လူသားဆန်တဲ့ လူမှုရေးနှိုးဆော်တဲ့သီချင်းတွေကို လူအများက ပိုမိုလက်ခံအားပေးလာကြတာတွေ့နေရတယ်”ဆိုပြီးတော့ သူ့ရဲ့သီချင်းလေးတွေနဲ့ ပက်သက်ပြီးတော့ပြောပြခဲ့ပါသေးတယ်။
ပရိသတ်ကြီးရေ နောက်ထပ်သီချင်းသစ်တွေထွက်ဖို့ကြိုးစားနေတဲ့ ဆောင်းဦးလှိုင် အတွက် မှတ်ချက်လေးပြောပေးခဲ့ပါဦး။
Credit \\ original




