ဒုတိယကမာၻစစ္က ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ အမ်ိဳးသမီးကို ၇၅ ႏွစ္အၾကာမွာ ျပန္ရွာေတြ႕ခဲ့ရတဲ့ အဘိုးအို
ဒုတိယကမာၻစစ္က ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ အမ်ိဳးသမီးကို ၇၅ ႏွစ္အၾကာမွာ ျပန္ရွာေတြ႕ခဲ့တဲ့ အဘိုးအို
အသက္ ၉၈ ႏွစ္ ရွိၿပီျဖစ္တဲ့ အေမရိကန္ အဘိုးအိုဟာ ဒုတိယကမာၻစစ္ျဖစ္ခဲ့စဥ္က ခ်စ္ကြၽမ္းဝင္ခဲ့တဲ့ အမ်ိဳးသမီးကို ႏွစ္ေပါင္း ၇၅ ႏွစ္အၾကာမွာ ျပန္လည္ေတြ႕ရွိခဲ့ပါတယ္။
၁၉၄၄ ခုႏွစ္က ျပင္သစ္နိုင္ငံေျမာက္ပိုင္းမွာ စစ္မႈထမ္းခဲ့ရတဲ့ K.T. Robbins ဟာ Jeannine လို႔ အမည္ရတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ျပင္သစ္နိုင္ငံသူ တေယာက္နဲ႕ ႀကိဳက္ႏွစ္သက္ခဲ့တယ္လို႔ ဆိုပါတယ္။ ခ်စ္သူသက္တမ္း ၂ လအၾကာမွာ အမိန႔္ေၾကာင့္ ေရွ႕တန္းကို ထြက္ခဲ့ရၿပီးေနာက္ သူတို႔ ႏွစ္ဦး ကြဲကြာခဲ့ရတယ္လို႔ သိရပါတယ္။
႐ုပ္သံလိုင္းတခုက ဒုတိယကမာၻစစ္မွာ စစ္မႈထမ္းခဲ့တဲ့ စစ္သားေတြရဲ႕ ဓာတ္ပုံေတြကို ျပန္လည္ ၾကည့္ရႈတဲ့ အစီအစဥ္မွာ အဘိုးအို K.T. Robbins ရဲ႕ ဓာတ္ပုံေတြထဲမွာ အဲဒီအမ်ိဳးသမီးရဲ႕ ဓာတ္ပုံ ပါလာတာ ျဖစ္ပါတယ္။
႐ုပ္သံအစီအစဥ္က တာဝန္ရွိသူေတြဟာ အမ်ိဳးသမီးရဲ႕ က်န္ရစ္သူ မိသားစုေတြကို ရွာေဖြဖို႔ ျပဳလုပ္ခဲ့ၿပီး အဘိုးအိုကေတာ့ “သူ အသက္ဆက္ရွင္ဖို႔ မေသခ်ာဘူး”လို႔ ေျပာခဲ့ေပမယ့္ အသက္ ၉၂ ႏွစ္ ရွိၿပီျဖစ္တဲ့ အဘြား Jeannine ကို ကံေကာင္းစြာနဲ႕ ေတြ႕ရခဲ့တာ ျဖစ္ပါတယ္။
“စစ္ႀကီးတုန္းက သူထြက္သြားေတာ့ က်မ အရမ္းငိုခဲ့ရတယ္။ တကယ္ပါ။ က်မ အရမ္းကို ဝမ္းနည္းခဲ့ရတာ။ သူ႕ကို အေမရိကန္ ျပန္မသြားေစခ်င္ခဲ့ဘူး”လို႔ Jeannine က ေျပာပါတယ္။
စစ္မႈထမ္းခဲ့ဖူးတဲ့ အဘိုးအို K.T. Robbins ကေတာ့ “က်ေနာ္ သူ႕ကို အခုခ်ိန္ထိ ခ်စ္ေနဆဲပါပဲ”လို႔ ေျပာဆိုခဲ့ပါတယ္။ သူတို႔ႏွစ္ဦး ျပန္ေတြ႕တဲ့ ဓာတ္ပုံေတြဟာ လူမႈကြန္ရက္မွာ ပ်ံ့ႏွံ႕ေနၿပီး အရမ္းကို ေပ်ာ္႐ႊင္ေနၾကပံုေပၚပါတယ္။
ခရက္ဒစ္ thelifestylemyanmar
Unicode ျဖင့္ဖတ္ရန္
ဒုတိယကမ္ဘာစစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို ၇၅ နှစ်အကြာမှာ ပြန်ရှာတွေ့ခဲ့တဲ့ အဘိုးအို
အသက် ၉၈ နှစ် ရှိပြီဖြစ်တဲ့ အမေရိကန် အဘိုးအိုဟာ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့စဉ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ အမျိုးသမီးကို နှစ်ပေါင်း ၇၅ နှစ်အကြာမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
၁၉၄၄ ခုနှစ်က ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာ စစ်မှုထမ်းခဲ့ရတဲ့ K.T. Robbins ဟာ Jeannine လို့ အမည်ရတဲ့ အသက် ၁၈ နှစ်အရွယ် ပြင်သစ်နိုင်ငံသူ တယောက်နဲ့ ကြိုက်နှစ်သက်ခဲ့တယ်လို့ ဆိုပါတယ်။ ချစ်သူသက်တမ်း ၂ လအကြာမှာ အမိန့်ကြောင့် ရှေ့တန်းကို ထွက်ခဲ့ရပြီးနောက် သူတို့ နှစ်ဦး ကွဲကွာခဲ့ရတယ်လို့ သိရပါတယ်။
ရုပ်သံလိုင်းတခုက ဒုတိယကမ္ဘာစစ်မှာ စစ်မှုထမ်းခဲ့တဲ့ စစ်သားတွေရဲ့ ဓာတ်ပုံတွေကို ပြန်လည် ကြည့်ရှုတဲ့ အစီအစဉ်မှာ အဘိုးအို K.T. Robbins ရဲ့ ဓာတ်ပုံတွေထဲမှာ အဲဒီအမျိုးသမီးရဲ့ ဓာတ်ပုံ ပါလာတာ ဖြစ်ပါတယ်။
ရုပ်သံအစီအစဉ်က တာဝန်ရှိသူတွေဟာ အမျိုးသမီးရဲ့ ကျန်ရစ်သူ မိသားစုတွေကို ရှာဖွေဖို့ ပြုလုပ်ခဲ့ပြီး အဘိုးအိုကတော့ “သူ အသက်ဆက်ရှင်ဖို့ မသေချာဘူး”လို့ ပြောခဲ့ပေမယ့် အသက် ၉၂ နှစ် ရှိပြီဖြစ်တဲ့ အဘွား Jeannine ကို ကံကောင်းစွာနဲ့ တွေ့ရခဲ့တာ ဖြစ်ပါတယ်။
“စစ်ကြီးတုန်းက သူထွက်သွားတော့ ကျမ အရမ်းငိုခဲ့ရတယ်။ တကယ်ပါ။ ကျမ အရမ်းကို ဝမ်းနည်းခဲ့ရတာ။ သူ့ကို အမေရိကန် ပြန်မသွားစေချင်ခဲ့ဘူး”လို့ Jeannine က ပြောပါတယ်။
စစ်မှုထမ်းခဲ့ဖူးတဲ့ အဘိုးအို K.T. Robbins ကတော့ “ကျနော် သူ့ကို အခုချိန်ထိ ချစ်နေဆဲပါပဲ”လို့ ပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦး ပြန်တွေ့တဲ့ ဓာတ်ပုံတွေဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အရမ်းကို ပျော်ရွှင်နေကြပုံပေါ်ပါတယ်။
ခရက်ဒစ် thelifestylemyanmar