ဆယ္တန္းေအာင္တဲ့ အထိမ္းအမွတ္ အေနနဲ႔ လမ္းထဲမွာ စတုဒိသာေကြ်းမည့္ ေမသက္ထားေဆြ




တကၠသိုလ္၀င္တန္းကို ေအာင္ျမင္စြာ ျဖတ္ေက်ာ္ႏိုင္ဖို႔ဆိုတာ ကံတရားအေထာက္အပံ့ေတြလိုအပ္သလို နည္းမွန္လမ္းမွန္နဲ႔ အခ်ိန္ ယူေလ့လာ ႀကိဳးစားဖို႔လည္း လိုအပ္ပါတယ္။ ေမသက္ထားေဆြက ေတာ့ တက္ၠသိုလ္၀င္တန္းစာေမးပြဲကို ျမန္မာစာ၊ ဇီ၀ေဗဒဘာသာ ရပ္ေတြမွာ ဂုဏ္ထူးေတြနဲ႔ ေအာင္ျမင္ခဲ့ပါတယ္။ ေမသက္ထား ေဆြအေနနဲ႔ အႏုပညာပိုင္းမွာေရာ၊ ပညာေရးပိုင္းမွာပါ ေအာင္ျမင္မႈရေနတဲ့ အဓိကေသာ့ခ်က္ကေတာ့ သူ႔ရဲ႕မိခင္ ေဒၚႏုႏုေဆြပါပဲ။ မိခင္ရဲ႕ ဆံုးမသြန္သင္မႈေတြ၊ ဂ႐ုစိုက္ မႈေတြက အေရးပါတဲ့ အခန္းက႑တစ္ခုကေန ပါ၀င္ပါတယ္။


“အေမက အမ်ားႀကီးစိတ္ဓာတ္ခြန္အားေပးပါ တယ္။ ငယ္ငယ္ကတည္းကေပါ့ေနာ္။ သမီးသီခ်င္းဆို ၿပိဳင္ပြဲၿပိဳင္သည္ပဲျဖစ္ေစ၊ ေက်ာင္းစာဘက္ပဲျဖစ္ေစ၊ တစ္ခုခုဆိုရင္ က်ဴရွင္ေတြဘာေတြနဲ႔ အရမ္းပင္ပန္း ေနတဲ့အခါ ေမေမက အားေပးတယ္။ ေမေမကေတာ့ သမီးအတြက္တံတိုင္းႀကီးတစ္ခုသဖြယ္ပါပဲ။ အတိအက် တစ္ရာရာခိုင္ႏႈန္းနီးပါး ေမေမ့ရဲ႕ပံ့ပိုးမႈေတြက အေရးပါ ပါတယ္။ တျခားကေတာ့ သမီးဂုဏ္ထူးထြက္တယ္ဆိုတာကလည္း ဆရာေတြက သမီးကိုသင္ၾကားျပသေပးတာေၾကာင့္လည္း ပါ၀င္ပါတယ္။ ဆရာနဲ႔ ေက်ာင္းသား၊ မိဘနဲ႔ သားသမီးညီတဲ့ အခါမွာ ေအာင္ျမင္မႈဆိုတာရတာေပါ့” လို႔ ေမသက္ထားေဆြက ေျပာပါတယ္။


ဆယ္တန္းေအာင္တဲ့အထိမ္းအမွတ္အေနနဲ႔ တစ္ခုခုလုပ္ဖို႔ရွိမလားလို႔ ေမသက္ထားေဆြကိုေမးတဲ့အခါ … “အဲဒီလိုမ်ဳိးရွိတယ္။ ဘယ္လိုလုပ္မလဲဆိုေတာ့ သမီးတို႔ အခုလမ္း ထဲေပါ့ေနာ္။ သမီးေအာင္တဲ့အထိမ္းအမွတ္အေနနဲ႔ လမ္းထဲမွာ စတုဒိသာေကၽြးမယ္။ အဲဒီလိုမ်ဳိးလုပ္ရင္ေကာင္း မလားစဥ္းစားေနတယ္။ ေနာက္ၿပီးရင္ အမ်ဳိးေတြေပါ့ေနာ္။ အမ်ဳိးေတြပြဲကေတာ့ သိတယ္မဟုတ္လား။ က်င္းပရမွာေပါ့ (ရယ္လ်က္) “လို႔ ေျပာပါတယ္။ အျဖဴ၊ အစိမ္းနဲ႔ ေက်ာင္း သူဘ၀ကို အၿပီးအပိုင္ ႏႈတ္ဆက္လိုက္ရၿပီဆိုေတာ့ ဘယ္လို ခံစားရလဲလို႔ေမးေတာ့ “ေက်ာင္းသား၊ ေက်ာင္းသူဘ၀ဆိုတာ ေမ့လို႔မရဘူးေပါ့ေနာ္။ ငယ္ငယ္တုန္းက ဆိုးခဲ့တာေတြ၊ အမွတ္တရေတြ အမ်ားႀကီးပဲ။ ၿပီးေတာ့ အျဖဴနဲ႔အစိမ္းဆိုတာ ဘယ္ေတာ့မွ ျပန္၀တ္လို႔မရေတာ့ဘူးေပါ့။ ေအာင္စာရင္းမ ထြက္ခင္တုန္းကဆို ရင္ကိုယ့္ကိုယ္ကိုယ္ဆယ္တန္းပဲ။ ၿပီးေတာ့ အ.ထ.က ၁ (ဒဂံု) ေပါ့ေနာ္။ ဒဂံု (၁)ရဲ႕ ေက်ာင္းသူတစ္ ေယာက္အေနနဲ႔ ေအာင္ျမင္ရတဲ့အတြက္ ပိုၿပီးေတာ့ ဂုဏ္ယူမိပါ တယ္”လို႔ ေမသက္ထားေဆြက ေျပာျပခဲ့ပါတယ္။



Credit-ေပၚျပဴလာ

Unicode ျဖင့္ဖတ္ရန္

တက္ကသိုလ်၀င်တန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ဖို့ဆိုတာ ကံတရားအထောက်အပံ့တွေလိုအပ်သလို နည်းမှန်လမ်းမှန်နဲ့ အချိန် ယူလေ့လာ ကြိုးစားဖို့လည်း လိုအပ်ပါတယ်။ မေသက်ထားဆွေက တော့ တက်္ကသိုလ်၀င်တန်းစာမေးပွဲကို မြန်မာစာ၊ ဇီ၀ဗေဒဘာသာ ရပ်တွေမှာ ဂုဏ်ထူးတွေနဲ့ အောင်မြင်ခဲ့ပါတယ်။ မေသက်ထား ဆွေအနေနဲ့ အနုပညာပိုင်းမှာရော၊ ပညာရေးပိုင်းမှာပါ အောင်မြင်မှုရနေတဲ့ အဓိကသော့ချက်ကတော့ သူ့ရဲ့မိခင် ဒေါ်နုနုဆွေပါပဲ။ မိခင်ရဲ့ ဆုံးမသွန်သင်မှုတွေ၊ ဂရုစိုက် မှုတွေက အရေးပါတဲ့ အခန်းကဏ္႑တစ်ခုကနေ ပါ၀င်ပါတယ်။


“အမေက အများကြီးစိတ်ဓာတ်ခွန်အားပေးပါ တယ်။ ငယ်ငယ်ကတည်းကပေါ့နော်။ သမီးသီချင်းဆို ပြိုင်ပွဲပြိုင်သည်ပဲဖြစ်စေ၊ ကျောင်းစာဘက်ပဲဖြစ်စေ၊ တစ်ခုခုဆိုရင် ကျူရှင်တွေဘာတွေနဲ့ အရမ်းပင်ပန်း နေတဲ့အခါ မေမေက အားပေးတယ်။ မေမေကတော့ သမီးအတွက်တံတိုင်းကြီးတစ်ခုသဖွယ်ပါပဲ။ အတိအကျ တစ်ရာရာခိုင်နှုန်းနီးပါး မေမေ့ရဲ့ပံ့ပိုးမှုတွေက အရေးပါ ပါတယ်။ တခြားကတော့ သမီးဂုဏ်ထူးထွက်တယ်ဆိုတာကလည်း ဆရာတွေက သမီးကိုသင်ကြားပြသပေးတာကြောင့်လည်း ပါ၀င်ပါတယ်။ ဆရာနဲ့ ကျောင်းသား၊ မိဘနဲ့ သားသမီးညီတဲ့ အခါမှာ အောင်မြင်မှုဆိုတာရတာပေါ့” လို့ မေသက်ထားဆွေက ပြောပါတယ်။


ဆယ်တန်းအောင်တဲ့အထိမ်းအမှတ်အနေနဲ့ တစ်ခုခုလုပ်ဖို့ရှိမလားလို့ မေသက်ထားဆွေကိုမေးတဲ့အခါ … “အဲဒီလိုမျိုးရှိတယ်။ ဘယ်လိုလုပ်မလဲဆိုတော့ သမီးတို့ အခုလမ်း ထဲပေါ့နော်။ သမီးအောင်တဲ့အထိမ်းအမှတ်အနေနဲ့ လမ်းထဲမှာ စတုဒိသာကျေွးမယ်။ အဲဒီလိုမျိုးလုပ်ရင်ကောင်း မလားစဉ်းစားနေတယ်။ နောက်ပြီးရင် အမျိုးတွေပေါ့နော်။ အမျိုးတွေပွဲကတော့ သိတယ်မဟုတ်လား။ ကျင်းပရမှာပေါ့ (ရယ်လျက်) “လို့ ပြောပါတယ်။ အဖြူ၊ အစိမ်းနဲ့ ကျောင်း သူဘ၀ကို အပြီးအပိုင် နှုတ်ဆက်လိုက်ရပြီဆိုတော့ ဘယ်လို ခံစားရလဲလို့မေးတော့ “ကျောင်းသား၊ ကျောင်းသူဘ၀ဆိုတာ မေ့လို့မရဘူးပေါ့နော်။ ငယ်ငယ်တုန်းက ဆိုးခဲ့တာတွေ၊ အမှတ်တရတွေ အများကြီးပဲ။ ပြီးတော့ အဖြူနဲ့အစိမ်းဆိုတာ ဘယ်တော့မှ ပြန်၀တ်လို့မရတော့ဘူးပေါ့။ အောင်စာရင်းမ ထွက်ခင်တုန်းကဆို ရင်ကိုယ့်ကိုယ်ကိုယ်ဆယ်တန်းပဲ။ ပြီးတော့ အ.ထ.က ၁ (ဒဂုံ) ပေါ့နော်။ ဒဂုံ (၁)ရဲ့ ကျောင်းသူတစ် ယောက်အနေနဲ့ အောင်မြင်ရတဲ့အတွက် ပိုပြီးတော့ ဂုဏ်ယူမိပါ တယ်”လို့ မေသက်ထားဆွေက ပြောပြခဲ့ပါတယ်။

Credit-ပေါ်ပြူလာ

Recent Updates

Recent Posts Widget