အေလာင္းေတာ္ကႆပ ေဂါပက ေငြေၾကးအလြဲသံုးစားမႈ ေဒသခံ ေဖာ္ထုတ္ရွင္းလင္း…!
စစ္ကိုင္းတိုင္း ယင္းမာပင္ခ႐ိုင္ရွိ အေလာင္းေတာ္ကႆပ ဘုရားေဂါပက အဖြဲ႔သည္ အလွဴခံရေငြမ်ားကို အလြဲသံုးစားလုပ္ျပီး စာရင္းလိမ္လည္တင္ျပေနသည္မ်ား ရွိသည္ဟု ဆိုကာ အဂတိလုိက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္ထံ တုိင္ၾကားသူမ်ားမွ မံုရြာတြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ခဲ႔သည္။
၂၀၁၆-၂၀၁၇ ႏွင့္၂၀၁၇-၂၀၁၈ ဘုရားဖူးရာသီအတြင္း ေဂါပကမွ ေငြေၾကးအလြဲသံုးစား လုပ္ထားမႈမွာ က်ပ္သိန္း ၂ေထာင္နီးပါး ရွိသည္ဟု အေလာင္းေတာ္ကႆပ နာယက အဖြဲ႔ စာေရးေဟာင္း ဦးေအာင္ဝင္းဦးက ေျပာသည္။
“အေဆာက္အဦး၊လမ္း ၊ပစၥည္းဝယ္တာေတြမွာ ပိုသံုးထားတာ။တည္ေဆာက္ေရးလုပ္ငန္းေတြအားလံုးက ေဂါပကေတြခ်ည္းပဲလုပ္တာ၊တင္ဒါမေခၚဘူး၊နာယက အဖြဲ႔အစည္းေတြက ၾကီးၾကပ္ကြပ္ကဲဖို႔ လိုပါတယ္။တာဝန္ရွိသူေတြက စစ္ေဆးလုပ္မွ အလြဲသံုးစားလုပ္မႈ ပေပ်ာက္ႏိုင္မွာ”ဟု ၄င္းက ေျပာသည္။
ဦးေအာင္ဝင္းဦးေျပာျပခ်က္အရ ၄င္းကိုယ္တိုင္ေကာက္ခံရရွိေသာ အလွဴ ေငြစာရင္းပင္ ေဂါပက အဖြဲ႔မွ ေဖ်ာက္ထားျခင္းမ်ားရွိသည္ဟု ဆိုသည္။အလွဴခံရေငြ စာရင္းမ်ားအား ေဖ်ာက္ထားျခင္း၊အမွန္တကယ္ ကုန္က်ေငြထက္ စာရင္းပိုျပထားသည္ဟုဆိုကာ စာရင္းဇယားမ်ားကို ျပကာ ရွင္းလင္းပြဲျပဳလုပ္ခဲ႔ျခင္းျဖစ္သည္။
ေဂါပက အဖြဲ႔ ေငြေၾကးအလြဲသံုးစားလုပ္သည္ဟုဆိုကာ အဂတိတိုင္ဖ်က္ေရးေကာ္မရွင္ထံသို႔လည္း ေဖေဖာ္ဝါရီလအတြင္းက တိုင္ၾကားခဲ႔ျပီး ခ႐ိုင္အဆင့္စစ္ေဆမႈမ်ား ျပဳလုပ္ေနေၾကာင္းသိရသည္။
အေလာင္းေတာ္ကႆပ ေဂါပက အဖြဲ႔မွ ဒုဥကၠ႒ ဦးခ်ိဳဦးက “ေတာင္ေပၚမွာက သယ္ယူစရိတ္က ရွိေသးတယ္။ေျမျပန္႔ကေစ်းနဲ႔သြားတြက္ေနလို႔မရဘူး။ေတာင္ေပၚဆိုေတာ့ အလုပ္သမားခကလည္းျမင့္တယ္။ျပီးခဲ႔တဲ႔ ႏွစ္ကဆို လမ္းလည္းေဖာက္ခဲ႔တယ္။ဘတ္ဟိုးလည္း ဝယ္ခဲ႔တယ္”ဟု ဆိုသည္။
အေလာင္းေတာ္ ကႆပ ဘုရားဖူးရာသီ တစ္ႏွစ္လွ်င္ က်ပ္ငိန္း ၆ေထာင္ႏွင့္ ၇ေထာင္ၾကား အလွဴခံရရွိသည္ဟု ဦးခ်ိဳဦးထံမွ သိရသည္။
ႏွစ္စဥ္ အလွဴေငြ သိန္း ေထာင္ခ်ီ ရေနေသာ္လည္း အေလာင္းေတာ္ကႆပ သြားလမ္းမွာ ယခုထိတိုင္ ေကာင္းမြန္ျခင္းမရွိသျဖင့္ ေဒသခံမ်ား ဒုကၡေရာက္ေနသည္ဟု သတင္းစာရွင္းလင္းပြဲတြင္ ယင္းမာပင္ျမိဳ႕နယ္မွ ကမၻာေအးခ်မ္းသာ ဘုန္းၾကီးေက်ာင္းမွ ဆရာေတာ္ ဥဴးေသာပါက က မိန္႔သည္။
ေဂါပက၏ အလွဴေငြအား တိုင္းအစိုးရမွ ၾကီးၾကပ္ကာ လမ္းခင္းေပးရန္ တိုင္းေဒသၾကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚေအာင္ေမရီက လႊတ္ေတာ္တြင္ ေမးျမန္းခဲ႔ဖူးသည္။
တိုင္းအစိုးရအေနျဖင့္ ထိုကဲ႔သို႔ လုပ္ပိုင္ခြင့္မရွိေၾကာင္း စစ္ကိုင္းတိုင္းစည္ပင္သာယာေရးဝန္ၾကီးက ျပန္လည္ေျဖၾကားခဲ့သည္။
မုံရြာေဂဇက္
Credit \ original
Unicode
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင်ရှိ အလောင်းတော်ကဿပ ဘုရားဂေါပက အဖွဲ့သည် အလှူခံရငွေများကို အလွဲသုံးစားလုပ်ပြီး စာရင်းလိမ်လည်တင်ပြနေသည်များ ရှိသည်ဟု ဆိုကာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ထံ တိုင်ကြားသူများမှ မုံရွာတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့သည်။
၂၀၁၆-၂၀၁၇ နှင့်၂၀၁၇-၂၀၁၈ ဘုရားဖူးရာသီအတွင်း ဂေါပကမှ ငွေကြေးအလွဲသုံးစား လုပ်ထားမှုမှာ ကျပ်သိန်း ၂ထောင်နီးပါး ရှိသည်ဟု အလောင်းတော်ကဿပ နာယက အဖွဲ့ စာရေးဟောင်း ဦးအောင်ဝင်းဦးက ပြောသည်။
“အဆောက်အဦး၊လမ်း ၊ပစ္စည်းဝယ်တာတွေမှာ ပိုသုံးထားတာ။တည်ဆောက်ရေးလုပ်ငန်းတွေအားလုံးက ဂေါပကတွေချည်းပဲလုပ်တာ၊တင်ဒါမခေါ်ဘူး၊နာယက အဖွဲ့အစည်းတွေက ကြီးကြပ်ကွပ်ကဲဖို့ လိုပါတယ်။တာဝန်ရှိသူတွေက စစ်ဆေးလုပ်မှ အလွဲသုံးစားလုပ်မှု ပပျောက်နိုင်မှာ”ဟု ၄င်းက ပြောသည်။
ဦးအောင်ဝင်းဦးပြောပြချက်အရ ၄င်းကိုယ်တိုင်ကောက်ခံရရှိသော အလှူ ငွေစာရင်းပင် ဂေါပက အဖွဲ့မှ ဖျောက်ထားခြင်းများရှိသည်ဟု ဆိုသည်။အလှူခံရငွေ စာရင်းများအား ဖျောက်ထားခြင်း၊အမှန်တကယ် ကုန်ကျငွေထက် စာရင်းပိုပြထားသည်ဟုဆိုကာ စာရင်းဇယားများကို ပြကာ ရှင်းလင်းပွဲပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဂေါပက အဖွဲ့ ငွေကြေးအလွဲသုံးစားလုပ်သည်ဟုဆိုကာ အဂတိတိုင်ဖျက်ရေးကော်မရှင်ထံသို့လည်း ဖေဖော်ဝါရီလအတွင်းက တိုင်ကြားခဲ့ပြီး ခရိုင်အဆင့်စစ်ဆေမှုများ ပြုလုပ်နေကြောင်းသိရသည်။
အလောင်းတော်ကဿပ ဂေါပက အဖွဲ့မှ ဒုဥက္ကဋ္ဌ ဦးချိုဦးက “တောင်ပေါ်မှာက သယ်ယူစရိတ်က ရှိသေးတယ်။မြေပြန့်ကဈေးနဲ့သွားတွက်နေလို့မရဘူး။တောင်ပေါ်ဆိုတော့ အလုပ်သမားခကလည်းမြင့်တယ်။ပြီးခဲ့တဲ့ နှစ်ကဆို လမ်းလည်းဖောက်ခဲ့တယ်။ဘတ်ဟိုးလည်း ဝယ်ခဲ့တယ်”ဟု ဆိုသည်။
အလောင်းတော် ကဿပ ဘုရားဖူးရာသီ တစ်နှစ်လျှင် ကျပ်ငိန်း ၆ထောင်နှင့် ၇ထောင်ကြား အလှူခံရရှိသည်ဟု ဦးချိုဦးထံမှ သိရသည်။
နှစ်စဉ် အလှူငွေ သိန်း ထောင်ချီ ရနေသော်လည်း အလောင်းတော်ကဿပ သွားလမ်းမှာ ယခုထိတိုင် ကောင်းမွန်ခြင်းမရှိသဖြင့် ဒေသခံများ ဒုက္ခရောက်နေသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ယင်းမာပင်မြို့နယ်မှ ကမ္ဘာအေးချမ်းသာ ဘုန်းကြီးကျောင်းမှ ဆရာတော် ဥူးသောပါက က မိန့်သည်။
ဂေါပက၏ အလှူငွေအား တိုင်းအစိုးရမှ ကြီးကြပ်ကာ လမ်းခင်းပေးရန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက လွှတ်တော်တွင် မေးမြန်းခဲ့ဖူးသည်။
တိုင်းအစိုးရအနေဖြင့် ထိုကဲ့သို့ လုပ်ပိုင်ခွင့်မရှိကြောင်း စစ်ကိုင်းတိုင်းစည်ပင်သာယာရေးဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။
မုံရွာဂေဇက်
Credit \ original


