ဖခင်ဖြစ်သူအတွက် ကားအသစ်ကြီးတစ်စီးဝယ်ပေးလိုက်တဲ့ ဟဲလေး





ကိုယ်ပိုင်သံစဉ်တွေကို ဖန်တီးပြီး ပရိသတ်တွေကို ရိုးမသွားတဲ့ အနုပညာတွေကို ချပြနေတဲ့ အဆိုတော် ဟဲလေးကတော့ ဒီနေ့ထိတိုင် ပရိသတ်တွေရဲ့အားပေးခြင်းကို အပြည့်အဝရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ မိဘကိုလည်း အရမ်းသိတတ်တဲ့ ဟဲလေးကတော့ လတ်တလောမှာ ဖခင်ဖြစ်သူစီးဖို့အတွက် ကားအသစ်ကြီးတစ်စီး ဝယ်ပေးလိုက်တဲ့အကြောင်း



လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ ကားကိုအရမ်းချစ်တဲ့ အဖေကို ပျော်သွားအောင် ကားဝယ်ပေးခဲ့တဲ့ ဟဲလေးကတော့ တကယ့်ကို သိတတ်လိမ္မာတဲ့ သားတစ်ဦးပါပဲနော်။မိုမိုလေးချစ်ပရိသတ်တွေအတွက် ဖခင်ဖြစ်သူ ကျန်းမာသန်စွမ်းတုန်း စီးချင်တဲ့ ကားကို စီးရအောင် ဝယ်ပေးခဲ့တဲ့ ဟဲလေးရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။ဟဲလေးကတော့ “ကားအလွန်ချစ်သော..အဖေ❣ သူအလွန်ချစ်သော…ကားကြီးရသွားသောအခါ🚘 ကဲ…အဖေကျန်းမာတုန်း..မားသားကြီးနဲ့မြေးတွေ တင်ပြီးတော့..စိတ်ကြိုက်သာ..မှည့်ပေတော့🙏❣🙏” ဆိုပြီး အဖေဖြစ်သူကို ကားအသစ်ကြီးတစ်စီး ဝယ်ပေးခဲ့တဲ့အကြောင်း ကြည်နူးပီတိဖြစ်စွာ ရေးသားထားတာပါ။ဖခင်ဖြစ်သူအတွက် ဟဲလေးဝယ်ပေးခဲ့တဲ့ကားက တကယ့်အမိုက်စားကြီးနော်…။မိဘကိုသိတတ်တဲ့ အဆိုတော် ဟဲလေးကတော့ အောင်မြင်မှုတွေ၊ ကံကောင်းမှုတွေဆက်တိုက်ရောက်လာဦးမှာ အသေအချာပါပဲ။

နားလည်မှုအပြည့်အဝရှိတဲ့ ပါရမီဖြည့်ဘက်ကို ပိုင်ဆိုင်ထားတဲ့ ဟဲလေးကတော့ ချစ်ဇနီးလေးရယ် ချစ်စရာကောင်းတဲ့ သားလေးနှစ်ယောက်နဲ့အတူ သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။ အဆိုတော် ဟဲလေးကတော့ လတ်တလောမှာ နယ်ရှိုးတွေလည်း ဆက်တိုက်ဆိုဖြစ်နေပြီး သီချင်းသစ်တွေလည်း ဖန်တီးဖြစ်နေတယ်လို့ သိရပါတယ်။ တလောကထွက်ရှိထားတဲ့ ဟဲလေးရဲ့”စမူဆာ” သီချင်းဗီဒီယိုလေးကလည်း ပရိသတ်တွေကြားမှာ တော်တော်လေး နာမည်ကြီးသွားပါသေးတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း ကားအရမ်းချစ်တဲ့ အဖေကို ကားအကောင်းစားကြီး ဝယ်ပေးခဲ့တဲ့ ဟဲလေးရဲ့အကြောင်းကို သဘောကျတယ်ဆိုရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။

Credit  \\  original

Recent Updates

Recent Posts Widget