မီတာ Bill လာရင္ သုံးတဲ့ယူနစ္နဲ႔ မီတာပံုးက မီတာယူနစ္ မွန္ မမွန္ တိုက္စစ္ၾကပါ…
မီတာခေတြ ဘယ္ေလာက္က်မလဲတြက္ေနတာထက္ အခုခ်က္ခ်င္းလုပ္ဖုိ႔ လုိတဲ့ အေရးႀကီးအလုပ္တခုလွ်ပ္စစ္မီးသံုးတဲ့ အိမ္တိုင္း လုပ္ငန္းရွင္တိုင္းဖတ္သင့္ပါတယ္။ ၆ လပိုင္း မီတာ Bill လာရင္ မီတာစာရြက္က မီတာယူနစ္နဲ႔ မီတာပံုးက မီတာယူနစ္ မွန္ မမွန္ တိုက္ေပးပါ။ မမွန္ရင္ေတာ့ Complaint တက္ပါ။
မီတာခ တက္ေတာ့မယ္။ တက္တာက ေရွာင္လို႔ မရဘူး။ အမ်ားက ဘယ္ေလာက္ ပိုကုန္က်မလဲ အပူတျပင္း တြက္ေနၾကတယ္။ အဲဒါထက္ ပိုအေရးႀကီးတဲ႔ မတက္ခင္ အေရးတႀကီး ခ်က္ခ်င္း လုပ္စရာ တစ္ခုရွိပါတယ္။
(၁) အရင္ေဆာင္ခဲ႔တဲ႔ မီတာေဘေတြ ျပန္စုပါ။၊ (၂) တစ္လကို ပ်ွမ္းမွ် ယူနစ္ ဘယ္ေလာက္ သံုးသလဲ တြက္ၾကည့္ပါ။ (၃) မီတာပံုးက လက္ရွိ မီတာ ယူနစ္ကို ဖတ္ပါ။ (၄) လက္ရွိ ”မီတာပံုး မီတာယူနစ္”ကို တစ္လသံုးတဲ႔ ”ပွ်မ္းမွ်ယူနစ္”နဲ႔ ႏွဳတ္ပါ။ (၅) ေနာက္ဆံုး မီတာေဘက ”ယခုလဖတ္ခ်က္” ဂဏန္းနဲ႔ တိုက္ပါ။
(၄) နဲ႔ (၅) တြက္ခ်က္ ရမႈ ဂဏန္း အလြန္ကြာေနၿပီဆိုရင္ ဇြန္လ မီတာမေဆာင္ခင္ သူတို႔ရံုးမွာရွိတဲ႔ မီတာပံုး မီတာ ယူနစ္အမွန္အတိုင္း ျပင္ေပးဖို႔၊ ႏႈန္းအေဟာင္းနဲ႔ အရင္ မီတာခေတြ ေပးေဆာင္ႏိုင္ဖို႔ အျမန္လုပ္ပါ။
သိတဲ႔အတိုင္း မီတာဖတ္ စာေရးေတြက မီတာမဖတ္ပဲ ခန္႔မွန္းနဲ႔ ေကာက္ၾကတာမ်ားပါတယ္။ ဇြန္လေဘမွာ မီတာအမွန္ စာရင္း မရွင္းထားဘူး ဆိုရင္ အရင္ မီတာေတြကို ဇူလိုင္လေနာက္ပိုင္း မီတာႏႈန္းသစ္ေတြနဲ႔ ေပးရပါလိမ္႔မယ္။
William Ye (ေလးစားမႈျဖင့္ ခရက္ဒစ္)
Unicode ျဖင့္ဖတ္ရန္
မီတာခတွေ ဘယ်လောက်ကျမလဲတွက်နေတာထက် အခုချက်ချင်းလုပ်ဖို့ လိုတဲ့ အရေးကြီးအလုပ်တခု
လျှပ်စစ်မီးသုံးတဲ့ အိမ်တိုင်း လုပ်ငန်းရှင်တိုင်းဖတ်သင့်ပါတယ်။ ၆ လပိုင်း မီတာ Bill လာရင် မီတာစာရွက်က မီတာယူနစ်နဲ့ မီတာပုံးက မီတာယူနစ် မှန် မမှန် တိုက်ပေးပါ။ မမှန်ရင်တော့ Complaint တက်ပါ။
မီတာခ တက်တော့မယ်။ တက်တာက ရှောင်လို့ မရဘူး။ အများက ဘယ်လောက် ပိုကုန်ကျမလဲ အပူတပြင်း တွက်နေကြတယ်။ အဲဒါထက် ပိုအရေးကြီးတဲ့ မတက်ခင် အရေးတကြီး ချက်ချင်း လုပ်စရာ တစ်ခုရှိပါတယ်။
(၁) အရင်ဆောင်ခဲ့တဲ့ မီတာဘေတွေ ပြန်စုပါ။၊ (၂) တစ်လကို ပျှမ်းမျှ ယူနစ် ဘယ်လောက် သုံးသလဲ တွက်ကြည့်ပါ။ (၃) မီတာပုံးက လက်ရှိ မီတာ ယူနစ်ကို ဖတ်ပါ။ (၄) လက်ရှိ ”မီတာပုံး မီတာယူနစ်”ကို တစ်လသုံးတဲ့ ”ပျှမ်းမျှယူနစ်”နဲ့ နှုတ်ပါ။ (၅) နောက်ဆုံး မီတာဘေက ”ယခုလဖတ်ချက်” ဂဏန်းနဲ့ တိုက်ပါ။
(၄) နဲ့ (၅) တွက်ချက် ရမှု ဂဏန်း အလွန်ကွာနေပြီဆိုရင် ဇွန်လ မီတာမဆောင်ခင် သူတို့ရုံးမှာရှိတဲ့ မီတာပုံး မီတာ ယူနစ်အမှန်အတိုင်း ပြင်ပေးဖို့၊ နှုန်းအဟောင်းနဲ့ အရင် မီတာခတွေ ပေးဆောင်နိုင်ဖို့ အမြန်လုပ်ပါ။
သိတဲ့အတိုင်း မီတာဖတ် စာရေးတွေက မီတာမဖတ်ပဲ ခန့်မှန်းနဲ့ ကောက်ကြတာများပါတယ်။ ဇွန်လဘေမှာ မီတာအမှန် စာရင်း မရှင်းထားဘူး ဆိုရင် အရင် မီတာတွေကို ဇူလိုင်လနောက်ပိုင်း မီတာနှုန်းသစ်တွေနဲ့ ပေးရပါလိမ့်မယ်။
William Ye (လေးစားမှုဖြင့် ခရက်ဒစ်)


