“အမုန္းတရားျဖန႔္ေဝေသာ အေကာင့္မ်ားကို Facebook က အစိုးရလက္သို႔ အပ္ႏွံမည္”




လူမွုကြန္ယက္ ေဖ့စ္ဘြခ္ေပၚတြင္ အမုန္းတရား၊ အမုန္းစကားမ်ား ေရးသားသူ၊ ျဖန႔္ေဝသူအျဖစ္ သံသယရွိသူမ်ား၏ အေကာင့္မ်ား၊ အခ်က္အလက္မ်ားကို အစိုးလက္သို႔ အပ္မည့္ အစီစဥ္ကို ျပင္သစ္နိုင္ငံတြင္ စတင္လုပ္ေဆာင္ေတာ့မည္ ျဖစ္ေၾကာင္း ေဖ့စ္ဘြခ္က ေၾကညာလိုက္သည္။



ယခုလို နည္းပညာကုမၸဏီႀကီးနဲ႔ အစိုးရတို႔ သေဘာတူညီမွုရယူၿပီး အမုန္းတရားျဖန႔္ေဝသူေတြကို တရားစီရင္နိုင္ေရးအတြက္ အခ်က္အလက္မ်ား အစိုးရထံ လႊဲေျပာင္းေပးမယ့္ လုပ္ဆာင္ခ်က္ဟာ ကမၻာေပၚမွာ ပထမဆုံး ျဖစ္ေၾကာင္း ျပင္သစ္နိုင္ငံ ဒီဂ်စ္တယ္ဆိုင္ရာ ဝန္ႀကီး ‘ကာဒစ္အို’ က မေန႔က ေျပာၾကားလိုက္ပါတယ္။



‘ကာဒစ္အို’

ေဖ့စ္ဘြခ္အေနနဲ႔ လိင္ပိုင္းဆိုင္ရာခြဲျခားႏွိမ့္ခ်ဆက္ဆံျခင္း၊ လူမ်ိဳးေရးခြဲျခားျခင္း သို႔မဟုတ္ ဂ်ဴးလူမ်ိဳး ဆန႔္က်င္ေရး စတဲ့ အမုန္းတရားမ်ား ေရးသားျဖန႔္ေဝသူမ်ား၏ အြန္လိုင္း သုံးစြဲတည္ေနရာ IP address မ်ားကိုပါ အစိုးရကို ေပးသြားမွာျဖစ္ပါတယ္။



‘အီမန္ႏူရယ္ မာခရြန္’

ေဖ့စ္ဘြခ္ရဲ့ စီအီးအို ‘မက္ခ္ဇူကာဘာ့ခ္’ နဲ႔ ျပင္သစ္နိုင္ငံ သမၼတႀကီး ‘အီမန္ႏူရယ္ မာခရြန္’ တို႔ ၿပီးခဲ့တဲ့ ေမလတြင္းမွာ အမုန္းတရားနဲ႔သက္ဆိုင္တဲ့ ေရးသားျဖန႔္ေဝမွုေတြကို ႏွိမ္ႏွင္းရန္ ေဆြးေႏြးခဲ့ၾကပါတယ္။

ေဖ့စ္ဘြခ္ရဲ့ ကမၻာလုံးဆိုင္ရာအေရးအတြက္ ဦးေဆာင္သူ ၿဗိတိသၽွနိုင္ငံ ဒုဝန္ႀကီးေဟာင္းလည္းျဖစ္တဲ့ ‘နစ္ကလပ္ခ္’ က ပုဂၢလိကကုမၸဏီေတြ မဟုတ္တဲ့ အစိုးရအဖြဲ႕အစည္းေတြအေနနဲ႔ လူမွုကြန္ယက္ကို ထိန္းေက်ာင္းသင့္တယ္လို႔ တနလၤာေန႔က ေျပာၾကားလိုက္ပါတယ္။



‘နစ္ကလပ္ခ္’

ဒါ့အျပင္ ဆိုရွယ္မီဒီယာကုမၸဏီေတြအေနနဲ႔ အမုန္းတရားတဲ့ ပက္သက္တဲ့ ကိစၥေတြကို ေျဖရွင္းဖို႔ ပူးေပါင္းေဆာင္ရြက္မွုေတြ တိုးျမႇင့္လုပ္ေဆာင္သင့္တယ္လို႔ ဆိုပါတယ္။

ျပင္သစ္နိုင္ငံမွာ ‘ကာဒစ္အို’ ဝန္ႀကီးျဖစ္လာၿပီးေနာက္ပိုင္းမွာ လူမွုကြန္ယက္ေပၚမွာ အမုန္းစကားေတြ ပ်ံ႕ႏွံ့မွုေတြနဲ႔ ပက္သက္ၿပီး တစ္စိုက္မတ္မတ္ ေထာက္ျပေဝဖန္ခဲ့ပါတယ္၊ သူေဝဖန္ေျပာဆိုတဲ့အထဲမွာ ‘မက္ခ္ဇူကာဘာ့ခ္’ လည္း တစ္ေယာက္ အပါအဝင္ျဖစ္ပါတယ္ ဒါေပမယ့္ ‘မက္ခ္’ ကေတာ့ ဘာမွ တုံ႔ျပန္မွု မလုပ္ခဲ့ပါဘူး။

Credit: Popolay

Unicode Version

လူမှုကွန်ယက် ဖေ့စ်ဘွခ်ပေါ်တွင် အမုန်းတရား၊ အမုန်းစကားများ ရေးသားသူ၊ ဖြန့်ဝေသူအဖြစ် သံသယရှိသူများ၏ အကောင့်များ၊ အချက်အလက်များကို အစိုးလက်သို့ အပ်မည့် အစီစဉ်ကို ပြင်သစ်နိုင်ငံတွင် စတင်လုပ်ဆောင်တော့မည် ဖြစ်ကြောင်း ဖေ့စ်ဘွခ်က ကြေညာလိုက်သည်။
ယခုလို နည်းပညာကုမ္ပဏီကြီးနဲ့ အစိုးရတို့ သဘောတူညီမှုရယူပြီး အမုန်းတရားဖြန့်ဝေသူတွေကို တရားစီရင်နိုင်ရေးအတွက် အချက်အလက်များ အစိုးရထံ လွှဲပြောင်းပေးမယ့် လုပ်ဆာင်ချက်ဟာ ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ ဒီဂျစ်တယ်ဆိုင်ရာ ဝန်ကြီး ‘ကာဒစ်အို’ က မနေ့က ပြောကြားလိုက်ပါတယ်။
‘ကာဒစ်အို’

ဖေ့စ်ဘွခ်အနေနဲ့ လိင်ပိုင်းဆိုင်ရာခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ လူမျိုးရေးခွဲခြားခြင်း သို့မဟုတ် ဂျူးလူမျိုး ဆန့်ကျင်ရေး စတဲ့ အမုန်းတရားများ ရေးသားဖြန့်ဝေသူများ၏ အွန်လိုင်း သုံးစွဲတည်နေရာ IP address များကိုပါ အစိုးရကို ပေးသွားမှာဖြစ်ပါတယ်။
‘အီမန်နူရယ် မာခရွန်’

ဖေ့စ်ဘွခ်ရဲ့ စီအီးအို ‘မက်ခ်ဇူကာဘာ့ခ်’ နဲ့ ပြင်သစ်နိုင်ငံ သမ္မတကြီး ‘အီမန်နူရယ် မာခရွန်’ တို့ ပြီးခဲ့တဲ့ မေလတွင်းမှာ အမုန်းတရားနဲ့သက်ဆိုင်တဲ့ ရေးသားဖြန့်ဝေမှုတွေကို နှိမ်နှင်းရန် ဆွေးနွေးခဲ့ကြပါတယ်။

ဖေ့စ်ဘွခ်ရဲ့ ကမ္ဘာလုံးဆိုင်ရာအရေးအတွက် ဦးဆောင်သူ ဗြိတိသျှနိုင်ငံ ဒုဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ‘နစ်ကလပ်ခ်’ က ပုဂ္ဂလိကကုမ္ပဏီတွေ မဟုတ်တဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့ လူမှုကွန်ယက်ကို ထိန်းကျောင်းသင့်တယ်လို့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။
‘နစ်ကလပ်ခ်’

ဒါ့အပြင် ဆိုရှယ်မီဒီယာကုမ္ပဏီတွေအနေနဲ့ အမုန်းတရားတဲ့ ပက်သက်တဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်လုပ်ဆောင်သင့်တယ်လို့ ဆိုပါတယ်။

ပြင်သစ်နိုင်ငံမှာ ‘ကာဒစ်အို’ ဝန်ကြီးဖြစ်လာပြီးနောက်ပိုင်းမှာ လူမှုကွန်ယက်ပေါ်မှာ အမုန်းစကားတွေ ပျံ့နှံ့မှုတွေနဲ့ ပက်သက်ပြီး တစ်စိုက်မတ်မတ် ထောက်ပြဝေဖန်ခဲ့ပါတယ်၊ သူဝေဖန်ပြောဆိုတဲ့အထဲမှာ ‘မက်ခ်ဇူကာဘာ့ခ်’ လည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ် ဒါပေမယ့် ‘မက်ခ်’ ကတော့ ဘာမှ တုံ့ပြန်မှု မလုပ်ခဲ့ပါဘူး။

Credit: Popolay

Recent Updates

Recent Posts Widget