Song Song Couple ကွာရှင်းတာက Park Bo Gum ကြောင့်လို့သတင်းတွေထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး အေဂျင်စီမှ သတိပေး




ဒီနေ့မနက်ပိုင်းမှာထွက်ပေါ်လာတဲ့ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ရဲ့ ကွာရှင်းတဲ့သတင်းနဲ့ ပတ်သတ်ပြီး အခြေအမြစ်မရှိတဲ့ ကောလဟာလသတင်းတွေကလည်း ဆက်လက်ထွက်ပေါ်လျှက်ရှိနေပါတယ်။ အဲဒီလိုမျိုး ကောလဟာလသတင်းတွေထဲမှာ Song Hye Kyo နဲ့အတူ “Encounter” ဇာတ်လမ်းတွဲကို တွဲဖက်ရိုက်ကူးခဲ့တဲ့ မင်းသား Park Bo Gum လည်း ပါဝင်လျှက်ရှိနေပါတယ်။



ဒီလိုမျိုးထွက်ပေါ်နေတဲ့ ကောလဟာလတွေနဲ့ပတ်သတ်ပြီး Park Bo Gum ရဲ့ အေဂျင်စီဖြစ်တဲ့ Blossom Entertainment က အခုလိုပဲသတိပေးချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ရဲ့ ကွာရှင်းမှုဟာ Park Bo Gum နဲ့ သက်ဆိုင်ခြင်းမရှိကြောင်း၊ အခြေအမြစ်မရှိတဲ့သတင်းဖြန့်ဝေတဲ့သူတွေကို အေဂျင်စီမှ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်းကို ကြေညာခဲ့တာ ဖြစ်ပါတယ်။


Park Bo Gum ဟာ Song Joong Ki နဲ့ အေဂျင်တူတဲ့အပြင် အရမ်းကိုရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေတွေဖြစ်တာကြောင့် Song Hye Kyo နဲ့အတူ ဇာတ်ကားတွဲရိုက်တုန်းကဆိုရင် အတော်လေးကို အာရုံစိုက်ခံခဲ့ရပါတယ်။


အခု Song Joong Ki နဲ့ Song Hye Kyo တို့ ၂ ယောက်ရဲ့ ကွာရှင်းလိုက်ကြပြီဆိုတဲ့ သတင်းထွက်ပေါ်လာခဲ့ပြန်တော့လည်း ဒီကွာရှင်းမှုဟာ Park Bo Gum ကြောင့်ဆိုပြီး ကောလဟာလတွေ ထွက်ပေါ်လို့ လာခဲ့တာ ဖြစ်ပါတယ်



Song Hye Kyo ရဲ့ အေဂျင်စီဖြစ်တဲ့ UAA Korea ကလည်း ကွာရှင်းမှုနဲ့ပတ်သတ်ပြီး ဆက်လက်ထွက်ပေါ်နေတဲ့ ကောလဟာလသတင်းတွေကို မယုံကြဖို့အတွက်ကို သတိပေးထုတ်ပြန်ထားပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget