“ကမၻာေက်ာ္ေတာ့မယ့္ ျမန္မာျပည္က Food box”




ဆဲခ်င္တဲ့သူက ထိုင္ဆဲမယ္။ အျပစ္ေျပာခ်င္သူကလည္း ထိုင္ၾကည့္ေျပာေနမယ္။ ေဝဖန္သူကလည္း ေနရာကို ေရာက္ရဲ႕လားေတာင္မသိ ေဝဖန္ၾကမယ္။ ဒါက တစ္ပိုင္း။

Food box တဲ့..လတ္တေလာ အေနအထားအရ..ေအာင္ျမင္တယ္လို ့ဆိုရပါမယ္။ လာလွဴတဲ့ သူေတြကလည္း နာရီ အပိုင္းအျခား တစ္နာရီအတြင္း ၃ ..၄..၅ ဖြဲ႕။ တခ်ိဳ႕ကလည္း ကိုယ္တိုင္ box ထဲကို ထည့္ လွဴခ်င္လို႔ထိုင္ေစာင့္ၾကသလို၊ တခ်ိဳ႕ကလည္း food box ကို လုပ္အားေပးထိန္းသိမ္းေပးေနေသာ လူမႈေရး အသင္း ကို ေပးလွဴခဲ့တာမ်ိဳးရွိတယ္။


ဒီေန ့..တ႐ုတ္ျပည္ ရွန္ဟဲ က တ႐ုတ္(၃)ဦး မွာ Food box အေၾကာင္း ေမးၿပီး သေဘာေတြက်၊ သူတို႔ကိုယ္တိုင္ေတာင္ ယူစားတယ္၊ live ေတြလႊင့္ၿပီး သူတို႔လူမ်ိဳးေတြ သိေအာင္ တင္ေပးသလို၊ ႏိုင္ငံျခားသားတစ္ေယာက္ လမ္းေလွ်ာက္လာၿပီး တန္းစီေစာင့္တယ္၊ လုမယူဘူး။ သူ အလွည့္ေရာက္မွ သူစားခ်င္တာေလး ယူသြားတယ္။

တခ်ိဳ႕လူေတြၾက ဆာေလာင္လို ့ထက္ အေပ်ာ္သေဘာ လုပ္တာမ်ိဳး ျမင္ေတြ႕ခဲ့ရတယ္။ ကၽြန္ေတာ္ကေတာ့ အဲ့လိုေတြ႕ရင္ အားမနာပဲ နားလည္ေအာင္ ရွင္းျပရပါတယ္။ မေျပာရင္မၿပီးဘူး မဟုတ္လား။ ဝမ္းသာစရာေကာင္းတာက.. လူငယ္တစ္စု က သူတို ့ သူငယ္ခ်င္းေတြ စုၿပီး Food box လုပ္ဖို ့ ဆက္သြယ္တိုင္ပင္လာတယ္။



Food box ဟာ လွဴတန္းသူေတြရွိေနသမွ်ေတာ့ ျမင္ေတြ႕ေနရမွာပါ။ စည္းကမ္းမဲ့ သူေတြဟာလည္း တစ္ခါ က ႏွစ္ခါ၊ ႏွစ္ခါက သုံးခါ မဲ့ လာမွာမဟုတ္ပါဘူး။ သူတို႔ မသိစိတ္ထဲကို အသိစိတ္ေလး ကိန္းဝင္ေအာင္ေတာ့ ရွင္းျပရပါတယ္။

လက္ရွိအေနအထားထိေတာ့ ေအာင္ျမင္ေနဆဲပါ။ သို႔ေသာ္ လူေတြ အသိစိတ္မွာ ဘယ္ႏွစ္ဦး ကိုယ္ခ်င္စာနာစိတ္တရား ရသြားလည္း ကေတာ့ အခ်ိန္အခါ ေပၚမူတည္ၿပီး ၾကံၾကံခံရမွာပါ။ ျပည္သူ က ျပည္သူကို ဝန္းရံျခင္းပါပဲ။



ဥဴးမီးစက္ႀကီး(မႏၲေလးတြင္ေနသည္) (ေလးစားစြာျဖင့္ ခရက္ဒစ္)

Unicode Version

ဆဲချင်တဲ့သူက ထိုင်ဆဲမယ်။ အပြစ်ပြောချင်သူကလည်း ထိုင်ကြည့်ပြောနေမယ်။ ဝေဖန်သူကလည်း နေရာကို ရောက်ရဲ့လားတောင်မသိ ဝေဖန်ကြမယ်။ ဒါက တစ်ပိုင်း။

Food box တဲ့..လတ်တလော အနေအထားအရ..အောင်မြင်တယ်လို့ဆိုရပါမယ်။ လာလှူတဲ့ သူတွေကလည်း နာရီ အပိုင်းအခြား တစ်နာရီအတွင်း ၃ ..၄..၅ ဖွဲ့။ တချို့ကလည်း ကိုယ်တိုင် box ထဲကို ထည့် လှူချင်လို့ထိုင်စောင့်ကြသလို၊ တချို့ကလည်း food box ကို လုပ်အားပေးထိန်းသိမ်းပေးနေသော လူမှုရေး အသင်း ကို ပေးလှူခဲ့တာမျိုးရှိတယ်။

ဒီနေ့..တရုတ်ပြည် ရှန်ဟဲ က တရုတ်(၃)ဦး မှာ Food box အကြောင်း မေးပြီး သဘောတွေကျ၊ သူတို့ကိုယ်တိုင်တောင် ယူစားတယ်၊ live တွေလွှင့်ပြီး သူတို့လူမျိုးတွေ သိအောင် တင်ပေးသလို၊ နိုင်ငံခြားသားတစ်ယောက် လမ်းလျှောက်လာပြီး တန်းစီစောင့်တယ်၊ လုမယူဘူး။ သူ အလှည့်ရောက်မှ သူစားချင်တာလေး ယူသွားတယ်။

တချို့လူတွေကြ ဆာလောင်လို့ထက် အပျော်သဘော လုပ်တာမျိုး မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်ကတော့ အဲ့လိုတွေ့ရင် အားမနာပဲ နားလည်အောင် ရှင်းပြရပါတယ်။ မပြောရင်မပြီးဘူး မဟုတ်လား။ ဝမ်းသာစရာကောင်းတာက.. လူငယ်တစ်စု က သူတို့ သူငယ်ချင်းတွေ စုပြီး Food box လုပ်ဖို့ ဆက်သွယ်တိုင်ပင်လာတယ်။
Food box ဟာ လှူတန်းသူတွေရှိနေသမျှတော့ မြင်တွေ့နေရမှာပါ။ စည်းကမ်းမဲ့ သူတွေဟာလည်း တစ်ခါ က နှစ်ခါ၊ နှစ်ခါက သုံးခါ မဲ့ လာမှာမဟုတ်ပါဘူး။ သူတို့ မသိစိတ်ထဲကို အသိစိတ်လေး ကိန်းဝင်အောင်တော့ ရှင်းပြရပါတယ်။

လက်ရှိအနေအထားထိတော့ အောင်မြင်နေဆဲပါ။ သို့သော် လူတွေ အသိစိတ်မှာ ဘယ်နှစ်ဦး ကိုယ်ချင်စာနာစိတ်တရား ရသွားလည်း ကတော့ အချိန်အခါ ပေါ်မူတည်ပြီး ကြံကြံခံရမှာပါ။ ပြည်သူ က ပြည်သူကို ဝန်းရံခြင်းပါပဲ။

ဥူးမီးစက်ကြီး(မန္တလေးတွင်နေသည်) (လေးစားစွာဖြင့် ခရက်ဒစ်)

Recent Updates

Recent Posts Widget