“လှူဒါန်းသူတွေရဲ့ စေတနာများဖြင့် မုန့်နဲ့ အစားစာတွေ ထပ်ဖြည့်ထားတဲ့… Food box”
အခု food bank မြန်မာပြည်မှာစလုပ်တယ် ကျွန်တော်လှုတယ် တခြားအလှုရှင်တွေလှုတယ် ကျွန်တော်မေးတယ်ဒီအစ်မတို့အစ်ကိုတို့လှုတဲ့ဟာ မလိုတဲ့လူလဲယူမယ် လိုတာထက်ပိုယူသွားမယ်ဆိုတာစဉ်းစားမိလားလို့ အဲ့တော့သူတို့ကဖြေတယ် ` လှုကတည်းကစိတ်ပြတ်ပြီးသားပဲကိုဝမ်းရာဘယ်သူယူယူပါ’တဲ့။ကျွန်တော်တို့ကနှစ်၅၀လောက်စောပြီးလုပ်နေတဲ့နိုင်ငံတကာကိုသွားနိုင်းလို့မရသေးဘူး ပထမအဆင့်အစားအစာတွေလှုထားမယ် ဘယ်သူမဆိုလာပါယူပါ ….
အသိပညာပေးသွားမှာပါ။…
Unicode Version
Food box ဆိုတာနိုင်ငံခြားမှာပေါ်တာနှစ်ငါးဆယ်ကျော်ပါပြီ…သူတို့ဆီမှာကတော်တော်အသားကျနေပြီ ဆာလောင်နေသူတွေစားနိုင်ဖို့၊ကျောင်းသားလေးတွေ၊ဝယ်မစားနိုင်သူတွေစားဖို့ ဒီ food box ကိုမန္တလေးမှာလုပ်တော့ ကျွန်တော့်ရဲ့ရည်ရွှယ်ချက်က ဘယ်သူမဆိုယူပါ စားပါ သောက်ပါ ဒါပေမယ့် ကိုယ်လိုသလောက်လေးယူဖို့ နောက်လူအတွက်တော့ချန်ဖို့ ဒီmassage လေးပေးချင်တာပါ။ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေအရ သူများနိုင်ငံသားတွေလိုစိတ်ဓာတ်မရင့်ကျက်ကြသေးဘူး၊ဥပမာ ဆေးရုံမှာထမင်းဝေတယ် တချို့သူများကိုအားမနာဘူးရှေ့ကကြားဖြတ်ပြီးဝင်ယူတယ် ကျွန်တော်ကပြောရတယ် သူများကိုအားနာပါနောက်ကတန်းစီပါ…
အခု food bank မြန်မာပြည်မှာစလုပ်တယ် ကျွန်တော်လှုတယ် တခြားအလှုရှင်တွေလှုတယ် ကျွန်တော်မေးတယ်ဒီအစ်မတို့အစ်ကိုတို့လှုတဲ့ဟာ မလိုတဲ့လူလဲယူမယ် လိုတာထက်ပိုယူသွားမယ်ဆိုတာစဉ်းစားမိလားလို့ အဲ့တော့သူတု့ိကဖြေတယ် ` လှုကတည်းကစိတ်ပြတ်ပြီးသားပဲကိုဝမ်းရာဘယ်သူယူယူပါ’တဲ့။ကျွန်တော်တို့ကနှစ်၅၀လောက်စောပြီးလုပ်နေတဲ့နိုင်ငံတကာကိုသွားနိူင်းလို့မရသေးဘူး ပထမအဆင့်အစားအစာတွေလှုထားမယ် ဘယ်သူမဆိုလာပါယူပါ ….
အဲယူတဲ့အခါ ` ကိုယ်လိုသလောက်သာယူပါ နောက်လူအတွက်ချန်ပေးပါ ’ အဲ့ဒါလေးကိုကျွန်တော်တို့သူတို့စိတ်ထဲဝင်အောင်ပြောပေးနေတယ် လေ့ကျင့်ပေးနေတယ် စားပြီးအမှိုက်ကိုလဲ အမှိုက်အိတ်ထဲထည့်အောင်ပြောပေးနေတယ်ဒီနေ့ဆိုဖေးကူလက်များအသင်းကလူအင်အား၄ဦးနဲ့လာကူညီပေးတယ်။စည်းကမ်းမရှိတာတော့ရှိမှာပဲ ဒါကိုအသိပညာပေးချင်လို့လုပ်တာပဲလေ ချက်ချင်းကြီးတော့ စင်္ကာပူလိုအမေရိကန်လိုတော့ဖြစ်မှာမဟုတ်ဘူးဖြစ်အောင်နှစ်ချီပြီးပုံစံအမျိုးမျိုးနဲ့ကြိုးစားသွားရမှာပါပဲ။ရန်ကုန်မှာလူငယ်တွေလူကြီးတွေနောက်ဖေးလမ်းကြားတွေ၊မြောင်းတွေအပင်ပန်းခံပြီးဆယ် ဟောနောက်နေ့အမှိုက်ပြန်ပစ်ကြတယ်….
အဲ့တော့အဲ့ဒီသန့်ရှင်းရေးလုပ်အားပေးတွေနောက်ထပ်မလုပ်တောဘူးလား လက်လျော့တော့မှာလား ? သူတို့လက်မလျော့ပါဘူး အမှိုက်ပစ်သူကိုအသိပညာပေးပြီး အောင်မြင်အောင်ဆက်လုပ်သွားကြမယ့်သူတွေပါ။အဲ့သဘောပါပဲ food bank ဆိုတာကြီးကို ကျွန်တော်ကိုယ်တိုင်မနေ့တစ်နေ့ကမှကြားဖူးကြတဲ့နိုင်ငံမှာစလုပ်တဲ့အချိန်မှာ အသားကျသေးမှာမဟုတ်ပါဘူး ကျွန်တော်တို့အလှုရှင်တွေလှုတဲ့ရည်ရွှယ်ချက်ကဘယ်သူမဆိုလာယူပါ ရပါတယ် ဆင်းရဲချမ်းသာမရွှေးပါ လာယူတဲ့သူတွေကိုတဖြည်းဖြည်းချင်းသဘောပေါက်အောင်ရှင်းပြပြီး
အသိပညာပေးသွားမှာပါ။…
ဒါကြောင့်လာယူတဲ့လူတွေကိုလဲအရမ်းကြီးအဆိုးမြင်ပြီး မပြောကြမရေးကြစေချင်ပါဘူး…အပြောင်းအလဲဆိုတာချက်ချင်းကြီးပြောင်းလဲယူလို့မရပါဘူး…အချိန်ယူပြီးစိတ်ရှည်လက်ရှည်လုပ်ယူရမှာပါ။တိုင်းပြည်တစ်ပြည်စိတ်ဓာတ်ဆိုတာပိုတောင်ခက်ပါလိမ့်မယ် မလုပ်ရင်လဲပိုပိုပြီးကျွန်တော်တို့နိုင်ငံဒီထက်ပိုအောက်တန်းကျပြီးနိုင်ငံတကာအလယ်မှာမျက်နှာငယ်ရပါမယ် ဒီတော့မြန်မာနိင်ငံမန္တလေးမြို့မှာစတင်ပေါ်ပေါက်လာတဲ့ food bankလေးနဲ့ကျွန်တော်တို့လူမျိုးတွေရဲ့စိတ်ဓာတ်လေးတွေတဖြည်းဖြည်းပြောင်းလဲတိုးတက်လာအောင် အကောင်းမြင်စိတ်လေးနဲ့..အတူတူဝိုင်းဝန်းကြိုးစားကြပါစို့။
Credit … ဦးစိုင်းနေမျိုးမောင်မောင်
One to one ကလေးလူနာကူညီရေး
Recent Updates
Recent Posts Widget