သီချင်းဆိုနေရင်း အင်္ကျီကျွတ်ကျခဲ့ပေမယ့်လည်း ဟန်မပျက်ပဲ ဆက်လက်ကပြတင်ဆက်ခဲ့တဲ့ Hara





တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးအမျိုးသမီး Idol အဖွဲ့ဖြစ်တဲ့ KARA ရဲ့ အဖွဲ့ဝင်ဟောင်းဖြစ်သူ Hara ဟာ လက်ရှိမှာ တစ်ကိုယ်တော်အနေနဲ့ လှုပ်ရှားနေတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့နှစ်တုန်းက ပုဂ္ဂိုလ်ရေးနှောင့်ယှက်မှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံခဲ့ရပြီးနောက် စိတ်ဓာတ်တွေကျဆင်းခဲ့ကာ ပရိသတ်တွေအရှေ့ကနေ အချိန်တစ်ခုမျှပျောက်ကွယ်သွားခဲ့ပေမယ့် အခုအချိန်မှာတော့ ဖန်သားပြင်ထက်ကို ပြန်လည်ရောက်ရှိလို့လာခဲ့ပါပြီ။



သူမဟာ တောင်ကိုရီးယားနိုင်ငံမှာသာမက ဂျပန်နိုင်ငံမှာလည်း အနုပညာလှုပ်ရှားမှုတွေလုပ်ခဲ့သူဖြစ်တာမို့လို့ အခုပြန်လည်ပြီးလှုပ်ရှားမှုတွေ လုပ်တဲ့အချိန်မှာတော့ တိုက်ရိုက်ထုတ်လွှင့်ခဲ့တဲ့ ဂျပန်နိုင်ငံရဲ့ ‘TV Tokyo Music Festival’ ကနေတဆင့် ပရိသတ်တွေဆီကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒီလိုမျိုး ပရိသတ်တွေအရှေ့ပြန်ရောက်လာတာက Hara အနေနဲ့ဆိုရင် သေမင်းနဲ့ရင်ဆိုင်တွေ့ကြုံပြီးမှ ပထမဆုံးစတိတ်စင်ပေါ်ကို ပြန်ရောက်လာတာဖြစ်တဲ့အတွက် ပရိသတ်တွေက သူမရဲ့ အဆိုပါတင်ဆက်မှုကို စိတ်ဝင်စားခဲ့ကြပါတယ်။



ထိုပွဲမှာ Hara က KARA အဖွဲ့ရဲ့ နာမည်ကြီးသီချင်းတစ်ပုဒ်ဖြစ်တဲ့ “Mister” သီချင်းကို တိုက်ရိုက်သီဆိုကပြဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဖျော်ဖြေနေတဲ့အချိန်အတွင်းမှာ သူမ၀တ်ဆင်ထားတဲ့ ရင်ပြတ်အကျီင်္က လျှောကျသွားပြီး အထဲက ဆီလီကွန်ဘရာကိုပါ ရှင်းရှင်းလင်းလင်း မြင်ရတဲ့အထိ အရှက်ရစရာဖြစ်သွားခဲ့ပါတယ်။



ကံမကောင်းစွာနဲ့ပဲ Hara ဟာ သူမရဲ့ ဖျော်ဖြေတင်ဆက်မှုကို အာရုံစိုက်ထားတဲ့အတွက် အကျီင်္လျှောကျနေတာကို သူမကိုယ်တိုင်က မသိခဲ့ပါဘူး။ သိသွားတဲ့အချိန်မှာတော့ ပရော်ဖက်ရှင်နယ်ပီသစွာနဲ့ အကျီင်္ကို အမြန်ပြန်ဆွဲတင်လိုက်ပြီး ဟန်မပျက်ပဲဆက်လက်ကပြတင်ဆက်ခဲ့ပါတယ်။

ကိုယ့်ကိုကိုယ်သေကြောင်းကြံစည်ခဲ့ပေမယ့်လည်း အလျင်မှီကယ်တင်လိုက်နိုင်တဲ့အတွက် သေကံမရောက်ခဲ့တဲ့ Hara အနေနဲ့ အခုလိုမျိုး ပရိသတ်ရှေ့ကို ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိချိန်မှာမှ ဒီလိုမျိုးအရှက်ရစရာဖြစ်သွားခဲ့တဲ့အတွက် ပရိသတ်တွေကတော့ သူမကို စိတ်မထိခိုက်အောင် အားပေးစကားတွေ ပြောထားခဲ့ပါတယ်။

သီချင်းဆိုနေရင်း အကျီင်္ကျွတ်ကျသွားခဲ့တဲ့ Hara


ဒီလိုဖြစ်ပြီး နောက်တစ်နေ့မှာတော့ Hara က သူမကို အားပေးစကားပြောထားကြတဲ့သူတွေအတွက် သူမအနေနဲ့ အဆင်ပြေကြောင်း၊ ဖြစ်တဲ့အချိန်ုတုန်းကတော့ နည်းနည်းလန့်ပြီး ရှော့ခ်ရသွားပေမယ့် လက်ရှိမှာတော့ ဘာမှမဖြစ်ကြောင်း၊ စိတ်ပူပေးကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ မကြာခင်ပြန်လည်ဆုံတွေ့ကြမယ်လို့ဆိုကာ သူမရဲ့ အင်စတာဂရမ်ကနေတဆင့် အသိပေးခဲ့ပါတယ်။

Credit  \\  original

Recent Updates

Recent Posts Widget