စင္ကာပူတြင္လည္း မီတာခမ်ားေစ်းတက္




စင္ကာပူ ႏုိင္ငံမွာ အိမ္သံုး လွ်ပ္စစ္ မီတာခေတြကို သတ္မွတ္ အခ်ိန္ကာလ တစ္ခုအတြင္း တိုးျမႇင့္ ေကာက္ခံသြားမယ္လုိ႔ Channel News Asia သတင္းဌာန က ေဖာ္ျပထားပါတယ္။ဇူလုိင္လကေန စက္တင္ဘာလ အေတာအတြင္း အိမ္သံုး မီတာခေတြကို ၆.၄ ရာခိုင္ႏႈန္း တိုးျမႇင့္သြားမယ္လုိ႔ ဆိုပါတယ္။တစ္နည္းအားျဖင့္ တစ္ကီလိုဝပ္ နာရီကို ၁.၄၃ ဆင့္ေလာက္ မီတာခ ေစ်းတက္သြားျခင္း ျဖစ္ပါတယ္။ ဒါဟာ ငါးႏွစ္ေလာက္ နီးပါး ကာလအတြင္း စင္ကာပူမွာ မီတာခ အျမင့္ဆံုး တက္လာျခင္းပါ။


လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈအတြက္ ေလာင္စာအျဖစ္ အသံုးျပဳတဲ့ သဘာဝဓာတ္ေငြ႕ ေစ်းတက္လာတာေၾကာင့္ အခုလို မီတာခေတြ တိုးျမႇင့္ သတ္မွတ္လုိက္တာလုိ႔ စင္ကာပူ အစိုးရပိုင္ ဓာတ္အား ျဖန္႔ျဖဴးေရးဌာန SP Groupက ေျပာပါတယ္။ အိမ္သံုး မီတာခေတြဟာ လက္ရွိ တစ္ကီလိုဝပ္ နာရီကို ၂၂.၇၉ ဆင့္ က်သင့္ေနရာက ဇူလိုင္လ ၁ ရက္ကေန စက္တင္ဘာ ၃၀ အတြင္းမွာ တစ္ကီလိုဝပ္ နာရီကို ၂၄.၂၂ ဆင့္ က်သင့္ေတာ့မွာ ျဖစ္ပါတယ္။
ဒါဟာ ၂၀၁၄ ခုႏွစ္၊ ေအာက္တိုဘာလကေန ဒီဇင္ဘာလအတြင္း သတ္မွတ္ခဲ့တဲ့ တစ္ကီလိုဝပ္ နာရီကို ၂၅.၂၈ ဆင့္ဆိုတဲ့ မီတာခေနာက္ပိုင္း အျမင့္ဆံုး ျဖစ္ပါတယ္။စင္ကာပူမွာ ေနအိမ္ေတြဆီ သြယ္ပို႔ေပးတဲ့ သဘာဝ ဓာတ္ေငြ႕ ေစ်းႏႈန္းေတြလည္း ဇူလုိင္နဲ႔ စက္တင္ဘာလၾကားမွာ ၁.၆ ရာခိုင္ႏႈန္းေလာက္ ျမင့္တက္လာမယ္လုိ႔ သိရွိရပါတယ္။
ဓာတ္ပုံ – EPA
Credit 7DaysDailyNews
Unicode
စင်ကာပူ နိုင်ငံမှာ အိမ်သုံး လျှပ်စစ် မီတာခတွေကို သတ်မှတ် အချိန်ကာလ တစ်ခုအတွင်း တိုးမြှင့် ကောက်ခံသွားမယ်လို့ Channel News Asia သတင်းဌာန က ဖော်ပြထားပါတယ်။ဇူလိုင်လကနေ စက်တင်ဘာလ အတောအတွင်း အိမ်သုံး မီတာခတွေကို ၆.၄ ရာခိုင်နှုန်း တိုးမြှင့်သွားမယ်လို့ ဆိုပါတယ်။တစ်နည်းအားဖြင့် တစ်ကီလိုဝပ် နာရီကို ၁.၄၃ ဆင့်လောက် မီတာခ ဈေးတက်သွားခြင်း ဖြစ်ပါတယ်။ ဒါဟာ ငါးနှစ်လောက် နီးပါး ကာလအတွင်း စင်ကာပူမှာ မီတာခ အမြင့်ဆုံး တက်လာခြင်းပါ။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုအတွက် လောင်စာအဖြစ် အသုံးပြုတဲ့ သဘာဝဓာတ်ငွေ့ ဈေးတက်လာတာကြောင့် အခုလို မီတာခတွေ တိုးမြှင့် သတ်မှတ်လိုက်တာလို့ စင်ကာပူ အစိုးရပိုင် ဓာတ်အား ဖြန့်ဖြူးရေးဌာန SP Groupက ပြောပါတယ်။ အိမ်သုံး မီတာခတွေဟာ လက်ရှိ တစ်ကီလိုဝပ် နာရီကို ၂၂.၇၉ ဆင့် ကျသင့်နေရာက ဇူလိုင်လ ၁ ရက်ကနေ စက်တင်ဘာ ၃၀ အတွင်းမှာ တစ်ကီလိုဝပ် နာရီကို ၂၄.၂၂ ဆင့် ကျသင့်တော့မှာ ဖြစ်ပါတယ်။
ဒါဟာ ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလကနေ ဒီဇင်ဘာလအတွင်း သတ်မှတ်ခဲ့တဲ့ တစ်ကီလိုဝပ် နာရီကို ၂၅.၂၈ ဆင့်ဆိုတဲ့ မီတာခနောက်ပိုင်း အမြင့်ဆုံး ဖြစ်ပါတယ်။စင်ကာပူမှာ နေအိမ်တွေဆီ သွယ်ပို့ပေးတဲ့ သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းတွေလည်း ဇူလိုင်နဲ့ စက်တင်ဘာလကြားမှာ ၁.၆ ရာခိုင်နှုန်းလောက် မြင့်တက်လာမယ်လို့ သိရှိရပါတယ်။
ဓာတ်ပုံ – EPA
Credit 7DaysDailyNews

Recent Updates

Recent Posts Widget