“သူမ်ားကို ဒုကၡမေပးခ်င္လို႔ မိန္းမမယူတာဆိုတဲ့ ေရမြန္(Idiots)”




လူငယ္ပရိသတ္ေတြသာမက လူၾကီးပရိသတ္ေတြရဲ့ ရင္ထဲကိုပါ ခံစားခ်က္သီခ်င္း ခပ္ျပင္းျပင္းေတြကို ေရာက္ေအာင္ဆိုတတ္တဲ့ အဆိုေတာ္ျဖစ္တဲ့ Idiots အဖြဲ႔ဝင္ ေရမြန္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ားသိၾကမွာပါ။ အရမ္းမိုက္လြန္းတဲ့ သီခ်င္းေတြကို သီဆိုတတ္တဲ့ ေရမြန္တေယာက္ကေတာ့ လက္ရွိခ်ိန္ထိ လက္တြဲေဖာ္မရွိေသးပဲ တေယာက္ထဲ ျဖတ္သန္းေနတာ ျဖစ္ျပီး သူ႔အခ်စ္ေရးနဲ႔ ပတ္သက္ျပီး ေျပာၾကားသြား ခဲ့ပါတယ္။



ေရမြန္ကေတာ့ Sunday နဲ႔ အင္တာဗ်ဴးမွာေတာ့ အခ်စ္ေရးနဲ႔ ပတ္သက္ျပီး “က်ေနာ္က မိန္းမမယူဘူးလို႔ စဥ္းစားထားတာ။ အသက္ၾကီးလာေတာ့လည္း အခ်စ္နဲ႔ ပတ္သက္တဲ့ ခံစားခ်က္ေတြက နည္းသြားတာေပါ့။ ဘဝနဲ႔ ပိုျပီးေတာ့ နီးစပ္လာတာေပါ့။ က်ေနာ္က လူငယ္လို႔ ထင္ေနၾကေပမယ့္လည္း အရမ္းေတာ့ မငယ္ေတာ့ပါဘူး။ အသက္ ၃၀ ရွိေနျပီေလ။ အသက္ ၃၀ ဆိုေတာ့ ဘဝတစ္ဆစ္ခ်ိဳးကို ေရာက္လာျပီလို႔ ထင္တယ္။ နည္းနည္းကိုယ္က ကေလးလိုေနျပီး ခ်ာတိတ္ေတြနဲ႔ ေပါင္းျပီး ေလွ်ာက္သြားေနေပမယ့္လည္း နည္းနည္းေတာ့ ေျပာင္းလဲသြားျပီဗ်ာ။ ထိပ္စည္းလံုးဝေျပာင္းသြားျပီ။ ၂၀ ေက်ာ္ေတာ့ မဟုတ္ေတ့ာဘူး။ အခ်စ္ကေတာ့ မရွိေတာ့တာမဟုတ္ပါဘူး။ ရွိေတ့ာရွိတာေပါ့။



အရင္ကေလာက္ ဒီေကာင္က ရဲရဲတင္းတင္းမထြက္လာဘူး။ ပုန္းလွ်ိဳးကြယ္လွိ်ဳးနဲ႔ အဲ့လိုမ်ိဳး ျဖစ္ေနတာ။ လူေတြက အသက္ၾကီးလာေလ တာဝန္ယူရတာပိုမ်ားလာတယ္။ စိတ္ညစ္စရာေတြ ပိုျပီးေတာ့မ်ားလာတယ္။ ကိုယ္လုပ္ႏိုင္တဲ့အခ်ိန္ကေတာ့ ကိစၥမရွိဘူးေပါ့။ မလုပ္ႏိုင္တဲ့အခ်ိန္မွာမွ တကယ့္စိန္ေခၚမႈေတြကို ေတြ႔ရမွာပါ။ မိန္းမကေတာ့ မယူခ်င္ဘူးေပါ့။ မယူခ်င္ဘူးဆိုတာကလည္း သူမ်ားကို ဒုကၡမေပးခ်င္လို႔ပါ။ ကိုယ့္ကိုကိုယ္လည္း ျပန္ဆန္းစစ္ေနတာေပါ့။ ေဘာ္ဒါေတြနဲ႔ ေလွ်ာက္သြားျပီးေတာ့ ေလွ်ာက္လုပ္ေနရတာေတြ ၾကိဳက္တယ္။ အခုဆိုလည္း ေဘာလံုးေတြ ေလွ်ာက္ကန္ ဂိမ္းေတြေလွ်ာက္ေဆာ့ ငယ္ငယ္တုန္းက လုပ္တဲ့ဟာေတြ ေလွ်ာက္လုပ္ေနတာ။ သူငယ္ျပန္ေနတာေပါ့” ဆိုျပီးေတာ့ အရႊန္းေဖာက္ ေျပာၾကားသြားခဲ့ပါတယ္။

Credit: ဟီးဟီးဟားဟား

Unicode Version

လူငယ်ပရိသတ်တွေသာမက လူကြီးပရိသတ်တွေရဲ့ ရင်ထဲကိုပါ ခံစားချက်သီချင်း ခပ်ပြင်းပြင်းတွေကို ရောက်အောင်ဆိုတတ်တဲ့ အဆိုတော်ဖြစ်တဲ့ Idiots အဖွဲ့ဝင် ရေမွန်ကိုတော့ တော်တော်များများသိကြမှာပါ။ အရမ်းမိုက်လွန်းတဲ့ သီချင်းတွေကို သီဆိုတတ်တဲ့ ရေမွန်တယောက်ကတော့ လက်ရှိချိန်ထိ လက်တွဲဖော်မရှိသေးပဲ တယောက်ထဲ ဖြတ်သန်းနေတာ ဖြစ်ပြီး သူ့အချစ်ရေးနဲ့ ပတ်သက်ပြီး ပြောကြားသွား ခဲ့ပါတယ်။

ရေမွန်ကတော့ Sunday နဲ့ အင်တာဗျူးမှာတော့ အချစ်ရေးနဲ့ ပတ်သက်ပြီး “ကျနော်က မိန်းမမယူဘူးလို့ စဉ်းစားထားတာ။ အသက်ကြီးလာတော့လည်း အချစ်နဲ့ ပတ်သက်တဲ့ ခံစားချက်တွေက နည်းသွားတာပေါ့။ ဘဝနဲ့ ပိုပြီးတော့ နီးစပ်လာတာပေါ့။ ကျနော်က လူငယ်လို့ ထင်နေကြပေမယ့်လည်း အရမ်းတော့ မငယ်တော့ပါဘူး။ အသက် ၃၀ ရှိနေပြီလေ။ အသက် ၃၀ ဆိုတော့ ဘဝတစ်ဆစ်ချိုးကို ရောက်လာပြီလို့ ထင်တယ်။ နည်းနည်းကိုယ်က ကလေးလိုနေပြီး ချာတိတ်တွေနဲ့ ပေါင်းပြီး လျှောက်သွားနေပေမယ့်လည်း နည်းနည်းတော့ ပြောင်းလဲသွားပြီဗျာ။ ထိပ်စည်းလုံးဝပြောင်းသွားပြီ။ ၂၀ ကျော်တော့ မဟုတ်တေ့ာဘူး။ အချစ်ကတော့ မရှိတော့တာမဟုတ်ပါဘူး။ ရှိတေ့ာရှိတာပေါ့။
အရင်ကလောက် ဒီကောင်က ရဲရဲတင်းတင်းမထွက်လာဘူး။ ပုန်းလျှိုးကွယ်လျှိုးနဲ့ အဲ့လိုမျိုး ဖြစ်နေတာ။ လူတွေက အသက်ကြီးလာလေ တာဝန်ယူရတာပိုများလာတယ်။ စိတ်ညစ်စရာတွေ ပိုပြီးတော့များလာတယ်။ ကိုယ်လုပ်နိုင်တဲ့အချိန်ကတော့ ကိစ္စမရှိဘူးပေါ့။ မလုပ်နိုင်တဲ့အချိန်မှာမှ တကယ့်စိန်ခေါ်မှုတွေကို တွေ့ရမှာပါ။ မိန်းမကတော့ မယူချင်ဘူးပေါ့။ မယူချင်ဘူးဆိုတာကလည်း သူများကို ဒုက္ခမပေးချင်လို့ပါ။ ကိုယ့်ကိုကိုယ်လည်း ပြန်ဆန်းစစ်နေတာပေါ့။ ဘော်ဒါတွေနဲ့ လျှောက်သွားပြီးတော့ လျှောက်လုပ်နေရတာတွေ ကြိုက်တယ်။ အခုဆိုလည်း ဘောလုံးတွေ လျှောက်ကန် ဂိမ်းတွေလျှောက်ဆော့ ငယ်ငယ်တုန်းက လုပ်တဲ့ဟာတွေ လျှောက်လုပ်နေတာ။ သူငယ်ပြန်နေတာပေါ့” ဆိုပြီးတော့ အရွှန်းဖောက် ပြောကြားသွားခဲ့ပါတယ်။

Credit: ဟီးဟီးဟားဟား

Recent Updates

Recent Posts Widget