လူကြမ်းပေမယ့် နှလုံးသားလေး အရမ်းနုတာကြောင့် ပရိသတ်တွေ အံ့သြခဲ့ရတဲ့ Novem Htoo
ပရိသတ်တွေ အပတ်စဉ်စောင့်ကြည့်ခဲ့တဲ့ The Voice Myanmar Season 2 ပြိုင်ပွဲကြီးက Semi Final ကို ကျင်းပပြီးနောက် မကြာခင်မှာ Final Show ကြီးကို ကျင်းပပြုလုပ်တော့မှာ ဖြစ်ပါတယ်။ Team KP အဖွဲ့မှ Novem Htoo၊ Team NINI အဖွဲ့မှ Hazel၊ Team RZN အဖွဲ့မှ Paul Austin၊ Team YC အဖွဲ့မှ Melody Khong တို့က Final Show ကြီးအထိ တက်လှမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။
Team KP အဖွဲ့မှ Novem Htoo ကတော့ Rock သီချင်းအကြမ်းကြီးတွေကို သီဆိုပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အများဆုံး ရရှိထားတာပဲ ဖြစ်ပါတယ်။ အမြဲတမ်း သီချင်းကြမ်းကြီးတွေဆိုတတ်တဲ့ ကိုလူကြမ်းကြီး Novem Htoo က မထင်ထားလောက်အောင် နှလုံးသားလေး နုနယ်တာကို တွေ့ရပါတယ်။
Novem Htoo က Semi Final Live Show မှာ ပြောခဲ့တဲ့ စကားတစ်ခွန်းကြောင့် ပရိသတ်တွေ တော်တော်ကြီး အံ့သြခဲ့ကြရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် Novem Htoo ရဲ့ ဗီဒီယိုကို မျှဝေပေးလိုက်ပါတယ်နော်။
“လူကသာကြမ်းတာ နှလုံးသားက ပျော့အိအိလေးရယ်” အဲ့ဒါလာပြောတာပါ ” ဆိုတဲ့ Novem Htoo
Novem Htoo ကတော့ တကယ်ကို ပျော်ပျော်နေတတ်သူတစ်ဦးပဲနော်။ လာမယ့် Final Show ပွဲကြီးမှာလည်း Novem Htoo ကို အားပေးဝန်းရံကြပါဦးနော် ပရိသတ်ကြီးရေ။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။
Rowena
Source:Novem Htoo
Credit \ original




