Paul တီးတဲ့ စန္ဒယား သံစဉ်တွေနားထောင်ပြီးမျက်ရည်ကျခဲ့ရတဲ့ မျက်မမြင်ဆင်ကြီး





Paul Barton ဆိုတဲ့ စန္ဒယားပညာရှင်တစ်ဦးဟာ ထိုင်းဘက်ကို နောက်ဆုံးခရီးသွားခဲ့ပြီးနောက် အဲ့ဒီမှာ လအနည်းငယ်ကြာအောင် နေထိုင်ခဲ့ပါတယ်။ ထိုမှာ နေထိုင်နေစဉ် သူဟာ အမှတ်မထင်ပဲ Khwan ဆိုတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ပြီး အိမ်ထောင်ကျခဲ့ပါတယ်။

Khwan ဟာ တောရိုင်းတိရစ္ဆာန်နဲ့ ပတ်သတ်ပြီး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။ ဒါ့ကြောင့်ဇနီးသည်နဲ့အတူ သွားရောက်ခဲ့ပြီး အကူအညီမဲ့နေတဲ့ တိရိစ္ဆာန်တွေကိုရဲ့ အကြောင်းကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ယခုအချိန်ဟာ ကျွန်းသစ်တွေ ကမ္ဘာအနှံ့မှာ ဝယ်လိုအားတွေ ကောင်းနေတဲ့အတွက် သစ်တောတွေတော်တော်များများဖြုန်းတီးကုန်ပြီး တောရိုင်းတိရစ္ဆာန်တွေလည်း အဆက်မပြတ် သတ်ဖြတ်ခံနေရတဲ့အချိန်ဖြစ်ပါတယ်။


ဆင်အပါအဝင် ဆင်ကဲ့သို့ ခွန်အားကြီးမားတဲ့ကြီးမားတဲ့ တောရိုင်းတိရိစ္ဆာန်တွေကို လေးလံကြီးမားတဲ့ တာဝန်တွေ ထမ်းဆောင်ပြီး သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုနေပေမဲ့ ဘယ်သူမှာ ပိတ်ပင်တားဆီးခြင်းမရှိကြပါဘူး။

မရေတွက်နိုင်တဲ့ တိရိစ္ဆာန်ပေါင်းများစွာ သေကြေပျက်စီးကုန်ပြီး ကျန်ရှိနေတဲ့ တိရိစ္ဆာန်တွေကတော့ အကူအညီမဲ့နဲ့ ကျန်ရစ်ခဲ့ပါတယ်။ Khwan နဲ့ Paul ဟာ လူသားအချင်းချင်းအပေါ် ကြာနာမှုရှိကြသလို တိရိစ္ဆာန်တွေအတွက်လည်း ဒီလိုအခွင့်အလမ်းတွေ ရှိသင့်တယ်လို့ ဆိုပါတယ်။


Paul ဟာ ပထမဦးဆုံးအကြိမ်း ဆင်တွေအတွက် စန္ဒရားတီးခတ်ခဲ့ပေမဲ့ ဘာအခွင့်အလမ်းမှ မရရှိခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ သတ္တဝါတွေအပေါ် ကြင်နာမှုရှိအောင် ဘယ်လိုပြုလုပ်ရမလဲဆိုတာနောက်ပိုင်းမှာ သဘောပေါက်လာခဲ့ပါတယ်။

ယခုလက်ရှိ Youtube ပေါ်မှာ တင်ထားတဲ့ Video ကတော့ သူဟာ မျက်စိကွယ်နေတဲ့ အသက် ၈၀ အရွယ်ရှိတဲ့ ဆင်ကြီးအတွက် စန္ဒယားတီးခတ်ပြထားတာပဲဖြစ်ပါတယ်။ ပထမဦးစွာ Paul ဟာ ဆင်ကြီးရဲ့ ဦးခေါင်းကို ပွတ်သတ်ပြီး နားဝင်ချိုပြီး သာယာမှုရှိတဲ့ Claire De Lune သံစဉ်ကို တီးခတ်နေစဉ်မှာတော့ ဆင်ကြီးရဲ့ တုံ့ပြန်မှုဟာ အားလုံးအတွက် အံ့သြစရာကောင်းခဲ့ပါတယ်။


သူရဲ့ လုပ်ရပ်ဟာ တိရိစ္ဆာန်အတွက် ဝမ်းမြောက် ကြည်နူးတဲ့ စိတ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ Paul မိနစ်အနည်းငယ်တီးခတ်နေစဉ်အတွင်းမှာ ဆင်ကြီးရဲ့ နားရွက်၊ နှာမောင်း တို့ဟာယုံမှားစရာမရှိအောင် ဝမ်းမြှောက်တဲ့ သင်္ကေတကို ပြသခဲ့ပြီး မျက်ရည်တွေလည်း ကျလာခဲ့ပါတယ်။ ဒီ ဗီဒီယိုကလစ်လေးကို ကြည့်တဲ့အချိန်မှာ ဆင်နဲ့ Paul ကြားမှာ နွေးထွေးကြင်နာတဲ့ အထိအတွေ့ရရှိစေတဲ့အပြင် ကြည့်ရှု့သူတွေအနေနဲ့လည်း စိတ်ကြည်နူးမှုရစေမှာအမှန်ပါပဲ။


Credit  \\  original

Recent Updates

Recent Posts Widget