SD ကတ္ေတြ ဝယ္ယူေတာ့မယ္ဆိုရင္ သင္သိထားသင့္တဲ႔အခ်က္မ်ား။
ဖုန္း၊ တက္ဘလက္ေတြမွာစိုက္ထည့္ရတဲ့ မမ္မိုရီအက္စ္ဒီ (SD) ကတ္ေတြကို ေရြးခ်ယ္ဝယ္ရာမွာေသခ်ာဝယ္ဖို႔ အေရးႀကီးပါတယ္။ ေရြးခ်ယ္တဲ့ အခါမွာ အက္စ္ဒီကတ္ေပၚမွာပါတဲ့ SDHC ဒါမွမဟုတ္ SDXC ဆိုတဲ့ အမွတ္အသားေတြပါပါတယ္။ ေနာက္တစ္ခုက UHS-1 ဆိုၿပီးစတဲ့ အမ်ိဳးအစားေတြပါပါတယ္။ ဆိုအဲသည္အခ်က္အလက္ေတြကိုသိထားၿပီးမွသာ ဝယ္ယူတာအဆင္ေျပမွာျဖစ္ပါတယ္။SDကတ္သုံးစြဲသူအမ်ားစုကေတာ့ မိုက္ခရိုအက္စ္ဒီ SDHC နဲ႔ SDXC ကို ဝယ္ယူၾကတာမ်ားတယ္လို႔သိရပါတယ္။ ဒါေပမဲ့ သည္အမ်ိဳးအစားႏွစ္ ပိုင္းမွာဆိုရင္လည္း မမ္မိုရီဆံ့တဲ့ ပမာဏကြဲျပားတာမ်ိဳးရွိပါတယ္။
အဲဒါေတြကေတာ့ SDHC card မွာဆိုရင္ မမ္မိုရီ 2GB ကေန 32GB အထိဆံ့တဲ့ပမာဏရွိပါတယ္။ ဒါေပမဲ့ SDXC card မွာဆိုရင္ေတာ့ မမ္မိုရီ 32GB ကေန 2TB အထိဆံ့တဲ့ပမာဏရွိတာေၾကာင့္ SDHC ထက္ပိုၿပီးဆံ့တဲ့ပမာဏရွိတယ္လို႔ သိရပါတယ္။ ဒါေၾကာင့္သုံးစြဲသူေတြအေနနဲ႔ ပမာဏမ်ာမ်ားစားစားဆံ့တာကို လိုခ်င္တယ္ဆိုရင္ေတာ့ SD ကတ္ကိုု SDXC ပါတဲ့ ကတ္သာဝယ္ယူသင့္ပါတယ္။၁၆ မီဂါပစ္ဇယ္ (16MP)ပါတဲ့ ကင္မရာမွာဆိုရင္ ဓာတ္ပုံတစ္ပုံရိုက္တဲ့အခါတိုင္း ခုနစ္မီဂါဘိုက္ (7MB) ရွိတဲ့ ေဒတာပမာဏသုံးစြဲရမွာျဖစ္ပါတယ္။ တကယ္လို႔ 32GB ကတ္ကိုဝယ္ယူမယ္ဆိုရင္ေတာ့ ဓာတ္ပုံ ၄၅၀ဝ ပုံေလာက္သိမ္းထားနိုင္မွာျဖစ္ပါတယ္။ ေနာက္ၿပီး ဆမ္ေဆာင္းအက္စ္ဆဲဗင္းမွာဆိုရင္ RAW ေဖာ္မတ္ေတြရိုက္နိုင္သလို ဖိုင္ဆိုက္ႀကီးတဲ့ ဓာတ္ပုံေတာ္ေတာ္မ်ားမ်ားကိုလည္း ဖန္တီးရယူနိုင္မွာျဖစ္ပါတယ္။
အက္စ္ဒီကတ္တစ္ခုမွာဆိုရင္ ကိုယ္အသုံးျပဳရတဲ့ေဒတာပမာဏကမ်ားရင္မ်ားသလို ဖုန္းရဲ့လုပ္ေဆာင္မွုေတြက ျမန္ဆန္တာနဲ႔ ေႏွာင့္ေႏွးၾကန႔္ၾကာတာမ်ိဳးေတြျဖစ္တတ္ပါတယ္။ ဥပမာဗီဒီယို ဒါမွမဟုတ္ဓာတ္ပုံေတြကိုအမ်ားႀကီး အသုံးျပဳထည့္သြင္းမယ္ဆိုရင္ ဖုန္းရဲ့လုပ္ေဆာင္မွုက ျမန္ဆန္မွအဆင္ေျပမွာျဖစ္တာေၾကာင့္ မမ္မိုရီပမာဏမ်ားမ်ားစားစားရွိတဲ့ SDXC ကတ္အမ်ိဳးအစားကိုပဲ သုံးစြဲသင့္တယ္လို႔ နည္းပညာရွင္အခ်ိဳ႕က အႀကံျပဳပါတယ္။ေနာက္တစ္ခုကေတာ့ ဖုန္းဟာ့ဒ္ဝဲပိုင္း မခ်ိဳ႕ယြင္းဖို႔အတြက္ အေကာင္းဆုံး အက္စ္ဒီကတ္အမ်ိဳးအစားကေတာ့ အရည္အေသြးအရမ္းျမင့္တဲ့ UHS-1 Class 1 နဲ႔ UHS-1 Class 3 ကိုေရြးခ်ယ္သုံးသင့္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ကိုယ္အသုံးျပဳတဲ့အခါ ဖုန္း ဒါမွမဟုတ္တက္ဘလက္ကို မဟန္းေစဘဲ အဆင္ေျပေအာင္ သုံးစြဲနိုုင္မွာျဖစ္တယ္လို႔ သိရပါတယ္။ မမ္မိုရီပမာဏမ်ားၿပီး ပိုသာလြန္တဲ့ အက္စ္ဒီကတ္ေတြမွာဆိုရင္ သာမန္ အက္စ္ဒီ ကတ္ေတြထက္ ေဈးႏွုန္းအေနနဲ႔ကေတာ့ ပိုမ်ားမွာျဖစ္ပါတယ္။
ဝယ္ယူမယ္ဆိုရင္
မိုက္ခရိုအက္စ္ဒီကတ္အမ်ိဳးအစားေတြျဖစ္တဲ့ SDHC နဲ႔ SDXC မွာ GB (ဂီဂါဗိုက္)ဒါမွမဟုတ္ TB စတဲ့အညႊန္းေတြကိုကတ္ေပၚမွာေဖာ္ျပထားပါ တယ္။ အရည္အေသြးအျမင့္ဆုံးျဖစ္တဲ့ Class 10 အမ်ိဳးအစားဆိုရင္ေတာ့ C ဆိုတဲ့စာလုံးနဲ႔ နံပါတ္ ၁၀ လုံးကိုေဖာ္ျပထားတာျဖစ္ပါတယ္။ ေနာက္ ၿပီး UHS-1 Class1 နဲ႔ Class 3 အမ်ိဳးအစားေတြမွာဆိုရင္ေတာ့ U ဆိုတဲ့စာလုံးနဲ႔ နံပါတ္တစ္လုံးကေန သုံးလုံးအထိေဖာ္ျပထားတာျဖစ္ပါတယ္။ သည္အညႊန္းေတြကိုၾကည့္ၿပီး အထက္ပါေဖာ္ျပထားတဲ့အတိုင္းသုံးစြဲနိုုင္မွာျဖစ္ပါတယ္။
ရာသက္ပန္အာမခံ
အခုဆိုရင္ SD ကတ္တခ်ိဳ႕ရဲ့ အဖုံးခြံမွာ တစ္သက္တာအာမခံဆိုတဲ့စာလုံးနဲ႔ေဖာ္ျပထားတဲ့ အာမခံခ်က္ေပးတဲ့ကတ္ေတြရွိလာပါၿပီ။ ေနာက္ၿပီး SD ကတ္တခ်ိဳ႕က ေရစိုမခံတာမ်ားပါတယ္။ ဒါေပမဲ့ သည္တစ္သက္တာအာမခံကတ္ေတြကေတာ့ ေရစိုခံၿပီး ၾကာရွည္ခံေၾကာင္း မိုဘိုင္းလ္အေရာင္းဆိုင္ တခ်ိဳ႕ရဲ့ရွင္းျပခ်က္အရသိရပါတယ္။ သုံးစြဲသူအေနနဲ႔ဝယ္ယူၿပီးရင္ အဲသည္အဖုံးခြံေတြကိုမလႊင့္ပစ္ဘဲသိမ္းထားသင့္ပါတယ္။ ေနာက္ၿပီး ဆိုင္ရဲ့ေဘာက္ ခ်ာကိုလည္း သိမ္းထားသင့္ပါတယ္။ ကတ္တစ္ခုခုျဖစ္ရင္ ဝယ္ခဲ့တဲ့ဆိုင္မွာ အာမခံအတြက္ ေစာဒကတက္နိုုင္ပါတယ္။
Source: kumudranews
Credit \\ original
(Unicode)
ဖုန်း၊ တက်ဘလက်တွေမှာစိုက်ထည့်ရတဲ့ မမ်မိုရီအက်စ်ဒီ (SD) ကတ်တွေကို ရွေးချယ်ဝယ်ရာမှာသေချာဝယ်ဖို့ အရေးကြီးပါတယ်။ ရွေးချယ်တဲ့ အခါမှာ အက်စ်ဒီကတ်ပေါ်မှာပါတဲ့ SDHC ဒါမှမဟုတ် SDXC ဆိုတဲ့ အမှတ်အသားတွေပါပါတယ်။ နောက်တစ်ခုက UHS-1 ဆိုပြီးစတဲ့ အမျိုးအစားတွေပါပါတယ်။ ဆိုအဲသည်အချက်အလက်တွေကိုသိထားပြီးမှသာ ဝယ်ယူတာအဆင်ပြေမှာဖြစ်ပါတယ်။SDကတ်သုံးစွဲသူအများစုကတော့ မိုက်ခရိုအက်စ်ဒီ SDHC နဲ့ SDXC ကို ဝယ်ယူကြတာများတယ်လို့သိရပါတယ်။ ဒါပေမဲ့ သည်အမျိုးအစားနှစ် ပိုင်းမှာဆိုရင်လည်း မမ်မိုရီဆံ့တဲ့ ပမာဏကွဲပြားတာမျိုးရှိပါတယ်။
အဲဒါတွေကတော့ SDHC card မှာဆိုရင် မမ်မိုရီ 2GB ကနေ 32GB အထိဆံ့တဲ့ပမာဏရှိပါတယ်။ ဒါပေမဲ့ SDXC card မှာဆိုရင်တော့ မမ်မိုရီ 32GB ကနေ 2TB အထိဆံ့တဲ့ပမာဏရှိတာကြောင့် SDHC ထက်ပိုပြီးဆံ့တဲ့ပမာဏရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်သုံးစွဲသူတွေအနေနဲ့ ပမာဏမျာများစားစားဆံ့တာကို လိုချင်တယ်ဆိုရင်တော့ SD ကတ်ကိုု SDXC ပါတဲ့ ကတ်သာဝယ်ယူသင့်ပါတယ်။၁၆ မီဂါပစ်ဇယ် (16MP)ပါတဲ့ ကင်မရာမှာဆိုရင် ဓာတ်ပုံတစ်ပုံရိုက်တဲ့အခါတိုင်း ခုနစ်မီဂါဘိုက် (7MB) ရှိတဲ့ ဒေတာပမာဏသုံးစွဲရမှာဖြစ်ပါတယ်။ တကယ်လို့ 32GB ကတ်ကိုဝယ်ယူမယ်ဆိုရင်တော့ ဓာတ်ပုံ ၄၅၀ဝ ပုံလောက်သိမ်းထားနိုင်မှာဖြစ်ပါတယ်။ နောက်ပြီး ဆမ်ဆောင်းအက်စ်ဆဲဗင်းမှာဆိုရင် RAW ဖော်မတ်တွေရိုက်နိုင်သလို ဖိုင်ဆိုက်ကြီးတဲ့ ဓာတ်ပုံတော်တော်များများကိုလည်း ဖန်တီးရယူနိုင်မှာဖြစ်ပါတယ်။
အက်စ်ဒီကတ်တစ်ခုမှာဆိုရင် ကိုယ်အသုံးပြုရတဲ့ဒေတာပမာဏကများရင်များသလို ဖုန်းရဲ့လုပ်ဆောင်မှုတွေက မြန်ဆန်တာနဲ့ နှောင့်နှေးကြန့်ကြာတာမျိုးတွေဖြစ်တတ်ပါတယ်။ ဥပမာဗီဒီယို ဒါမှမဟုတ်ဓာတ်ပုံတွေကိုအများကြီး အသုံးပြုထည့်သွင်းမယ်ဆိုရင် ဖုန်းရဲ့လုပ်ဆောင်မှုက မြန်ဆန်မှအဆင်ပြေမှာဖြစ်တာကြောင့် မမ်မိုရီပမာဏများများစားစားရှိတဲ့ SDXC ကတ်အမျိုးအစားကိုပဲ သုံးစွဲသင့်တယ်လို့ နည်းပညာရှင်အချို့က အကြံပြုပါတယ်။နောက်တစ်ခုကတော့ ဖုန်းဟာ့ဒ်ဝဲပိုင်း မချို့ယွင်းဖို့အတွက် အကောင်းဆုံး အက်စ်ဒီကတ်အမျိုးအစားကတော့ အရည်အသွေးအရမ်းမြင့်တဲ့ UHS-1 Class 1 နဲ့ UHS-1 Class 3 ကိုရွေးချယ်သုံးသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်အသုံးပြုတဲ့အခါ ဖုန်း ဒါမှမဟုတ်တက်ဘလက်ကို မဟန်းစေဘဲ အဆင်ပြေအောင် သုံးစွဲနိုုင်မှာဖြစ်တယ်လို့ သိရပါတယ်။ မမ်မိုရီပမာဏများပြီး ပိုသာလွန်တဲ့ အက်စ်ဒီကတ်တွေမှာဆိုရင် သာမန် အက်စ်ဒီ ကတ်တွေထက် ဈေးနှုန်းအနေနဲ့ကတော့ ပိုများမှာဖြစ်ပါတယ်။
ဝယ်ယူမယ်ဆိုရင်
မိုက်ခရိုအက်စ်ဒီကတ်အမျိုးအစားတွေဖြစ်တဲ့ SDHC နဲ့ SDXC မှာ GB (ဂီဂါဗိုက်)ဒါမှမဟုတ် TB စတဲ့အညွှန်းတွေကိုကတ်ပေါ်မှာဖော်ပြထားပါ တယ်။ အရည်အသွေးအမြင့်ဆုံးဖြစ်တဲ့ Class 10 အမျိုးအစားဆိုရင်တော့ C ဆိုတဲ့စာလုံးနဲ့ နံပါတ် ၁၀ လုံးကိုဖော်ပြထားတာဖြစ်ပါတယ်။ နောက် ပြီး UHS-1 Class1 နဲ့ Class 3 အမျိုးအစားတွေမှာဆိုရင်တော့ U ဆိုတဲ့စာလုံးနဲ့ နံပါတ်တစ်လုံးကနေ သုံးလုံးအထိဖော်ပြထားတာဖြစ်ပါတယ်။ သည်အညွှန်းတွေကိုကြည့်ပြီး အထက်ပါဖော်ပြထားတဲ့အတိုင်းသုံးစွဲနိုုင်မှာဖြစ်ပါတယ်။
ရာသက်ပန်အာမခံ
အခုဆိုရင် SD ကတ်တချို့ရဲ့ အဖုံးခွံမှာ တစ်သက်တာအာမခံဆိုတဲ့စာလုံးနဲ့ဖော်ပြထားတဲ့ အာမခံချက်ပေးတဲ့ကတ်တွေရှိလာပါပြီ။ နောက်ပြီး SD ကတ်တချို့က ရေစိုမခံတာများပါတယ်။ ဒါပေမဲ့ သည်တစ်သက်တာအာမခံကတ်တွေကတော့ ရေစိုခံပြီး ကြာရှည်ခံကြောင်း မိုဘိုင်းလ်အရောင်းဆိုင် တချို့ရဲ့ရှင်းပြချက်အရသိရပါတယ်။ သုံးစွဲသူအနေနဲ့ဝယ်ယူပြီးရင် အဲသည်အဖုံးခွံတွေကိုမလွှင့်ပစ်ဘဲသိမ်းထားသင့်ပါတယ်။ နောက်ပြီး ဆိုင်ရဲ့ဘောက် ချာကိုလည်း သိမ်းထားသင့်ပါတယ်။ ကတ်တစ်ခုခုဖြစ်ရင် ဝယ်ခဲ့တဲ့ဆိုင်မှာ အာမခံအတွက် စောဒကတက်နိုုင်ပါတယ်။
Source: kumudranews
Credit \\ original