“ဆင်းရဲတဲ့ဘ၀မှာ ..အတူလက်တွဲခဲ့ကြပြီးမှ… ချမ်းသာလာတဲ့အခါ…”
စောင့်ေ လျှာက်လာခဲ့ပေးတဲ့ မယားဟာ ညိုညို ညှက်ညှက် ပိန်ပိန် ပါးပါးညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူး ကြီး ဖြစ်လာတယ်
ဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်အမှန်တော့ သူနဲ့ပရောပရီ ဖြစ်ပြီး အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီ ကအတွင်းရေးမှူးမလေး ကို သူသဘောကျ နေခဲ့တာပါ
အဝတ်အစား တွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေကျွန်မလျော်ထားပေးခဲ့တယ် အဝတ်ဘီရို ရဲ့ အောက်ဆုံးထပ်မှာထည့်ထားတယ်
Credit \\ original
Unicode Version
သူ့ဘဝ က ကျပန်း ပန်းရံအလုပ် သမား ဘဝကနေစပြီး တဖြည်းဖြည်းနံ သံလျှက်ကိုင် ပန်းရံဆရာတစ်ယောက်ဖြစ်လာခဲ့တယ်….အဲ့ကနေတဆင့်ပြီးတဆင့် ကန်ထရိုက်လုပ်ငန်းရှင်ဖြစ်လာရာက
တဖြည်းဖြည်းနဲ့ .. အိမ်ခြံမြေ ကုမ္မဏီမှာရှယ်ရာတွေဝင်ရာက ..ခုဆိုအိမ်ခြံမြေ နဲ့ဆောက်လုပ်ရေးကုမ္မဏီ ပိုင်ရှင်ဖြစ်လာခဲ့ တယ်
သူ့ ကုမ္မဏီ ဟာနာမည်တော်တော်လေးရနေ ပြီး အဲ့ဒီအရာဟာ သူ့စိတ်တွေကိုပြောင်းလဲ လာစေခဲ့တော့တယ်သူ့ရဲ့ ပန်ရံ အလုပ်သမားဘဝကတည်း ကနှစ်ပေါင်းများစွ
ာ အတူတူပေါင်းသင်း စောင့်လျှောက်လာခဲ့ပေးတဲ့ မယားဟာ ညိုညို ညှက်ညှက် ပိန်ပိန် ပါးပါးညိုချော လေးကနေ ခုဆို ဝဝတုတ်တုတ် မဲမဲ တူးတူး ကြီး ဖြစ်လာတယ်
အသားအရေ တွေကလည်းနုနယ်ပြေပြစ် ရာကနေတဖြေးဖြေးကြမ်းတမ်းခက်ထော် ယုံမက တနေ့တခြား တွန့်လိမ် အရေးအကြောင်းထင်လာခဲ့တယ်သူများမယားချောချောလှလှ တွေနဲ့ ယှဉ်ယင် ပုံဆိုးပန်းဆိုးဖြစ်နေတဲ့သူမယားကို တဖြည်းဖြည်း စိတ်ကုန်လာ ညီးငွေ့လာခဲ့တော့ တယ်
ဒါပေမဲ့ သူ့မယားအကြောင်းတွေးမိတိုင်း အတိတ်တုန်းက အတူတူ ပင်ပန်းဆင်းရဲ ခဲ့တာတွေ ကိုလဲမေ့မရခဲ့ဘူးဒါပေမဲ့သူ့အနေနဲ့သူမယားရဲ့ ရုပ်ရည်နဲ့ခန္တာကိုယ်ကို သီးမခံနိုင်တဲ့အဆုံး စုံတွဲ
ဘဝကိုတော်လောက်ပြီလို့ စဉ်းစားတယ်အမှန်တော့ သူနဲ့ပရောပရီ ဖြစ်ပြီး အပေးအယူ မျှနေတဲ့ သူ့ရဲ့ကုမ္မဏီ ကအတွင်းရေးမှှူးမလေး ကို သူသဘောကျ နေခဲ့တာပါ
ဒါနဲ့ သူ့မိန်းမ နာမည်နဲ့ ဘဏ် စာအုပ်လုပ်ပြီး သိန်း ၁၀၀၀ ထည့်ထားပေးတယ် ပြီးတော့ အိမ်တစ်လုံး လည်းဝယ်ထားပေး ပြီး သူ့မိန်းမ ကိုလုံလောက်ပြည့်စုံအောင်ထောက်ပံ့ပေးထားခဲ့တယ်
သူ့အနေနဲ့ တာဝန်မဲ့တဲ့သူမဖြစ်ချင်တဲ့အတွက် မယားဖြစ်သူရဲ့ အနာဂါတ်အတွက် ကိုကြိုတင်ပြင်ဆင် ပေးထားခဲ့တယ် …သူ့မယားကိုအခက်မတွေ့စေချင်ဘူး ဒီလိုမှမဟုတ်ယင်သူ့စိတ် ထဲကောင်းမှာ
လိပ်ပြာလုံမှာ မဟုတ်ဘူးနောက်ဆုံးတော့ သူ့အစီ အစဉ်တွေကို သူ့မိန်းမကိုပြောပြလိုက်တယ် ..သူမ ဟာ သူ့ရဲ့ အကြောင်းပြချက်နဲ့ တောင်းဆိုချက်တွေကိုရိုရိုကျိုးကျိုးနဲ့ ငြိမ်ငြိမ်လေးထိုင်နားထောင်ပေးတယ်
သတ်မှတ်ထားတဲ့ နေ့ ရောက်တော့ သူ့မိန်းမကို အိမ်ဂရမ် နဲ့စာချုပ်စာတမ်းတွေဘဏ်စာအုပ်တွေကိုလွဲပေး ပြီး နှစ် ၂၀ ကျော်လက်တွဲလာတဲ့ ဘဝ ကိုအဆုံးသတ်လိုက်ပြီးအလုပ်ရုံးခန်းဆီ ကို ထွက်လာခဲ့တော့တယ် ………တမနက်လုံးသူ စိတ်တွေ ဂဏှာမငြိမ်
ဘူးနေ့လည် ခင်းကျတော့သူအိမ်ပြန်လာတော့ သူမိန်းမ လည်းထွက်သွားခဲ့ပြီသူမ ဟာသူဝယ်ထားပေးတဲ့ အိမ်သော့ နဲ့အိမ်ဂရမ် တွေဘဏ်စာအုပ်တွေကို သူ့အိပ်ယာဘေးမှာချထားပေးခဲ့တယ်အဲ့အောက်မှာသူမ ရေးထားတဲ့စာတစ်စောင်လည်း ရှိနေတယ်
ကျွန်မပြန် သွားပြီ ..နော် အမေတို့ ရွာကိုပဲပြန်မှာပါ.ရှင့်ရှာထားတဲ့ ပိုက်ဆံတွေအိမ်တွေ ကျွန်မ အတွက်မလိုအပ်လို့ပြန်ထားခဲ့လိုက်တယ်..အမေတို့ဆီမှာ ကျွန်မအတွက်အကုန်ရှိတာပဲ
အဝတ်အစား တွေ အိပ်ရာခင်းနဲ့ ခြုံစောင်အထူတွေကျွန်မလျော်ထားပေးခဲ့တယ် အဝတ်ဘီရို ရဲ့ အောက်ဆုံးထပ်မှာထည့့်ထားတယ်
အေးတဲ့အခါ ယူခြုံဖို့မမေ့နဲ့အုန်းအဝတ်တွေကို ချိတ်နဲ့ချိတ်ထား ပေးတယ် ရှင့် ရဲ့ ခြေအိပ်တွေ နဲ့ ခါးပတ်တွေ က ဘီရိုအလယ်ထပ် မှာနော် အတွင်းခံတွေ လဲလျော်ထားပြီး အဝတ်ဘီဒို ဘယ်ဖက်ကအံဆွဲထဲမှာ လိပ်ပြီးစီထားတယ်နော်
ကျွန်မ မရှိတော့ ပေမဲ့ ဆရာပေးထားတဲ့ အစာ အိမ်ဆေး တွေ သောက်ဖို့မမေ့နဲ့အုန်း.
နောက်တစ်ခု ရှင်ကအိမ်သော့ခဏခဏမေ့တတ် ကျပျောက်တတ်လို့ကျွန်မ သော့အပိုတွေလုပ်ထားပြီး ခြံစောင့်ဦးလေးကြီးအိမ်မှာအပ်ထားပေးတယ်နော်
မနက်အလုပ်သွားခါနီးရင် အိပ်ရာခေါင်းရင်းက ပြတင်းပေါက် ကိုပိတ်သွားဖို့မမေ့နဲ့အုန်း မိုးရွာ လို့မိုးပက်ရင် အိပ်ရာတွေစိုရွဲကုန်မယ်
ကျွန်မ ရှင်ကြိုက်တဲ့ ဆိတ်သားခြောက် နဲ့ဝက်သားခြောက်နေတစ်လှမ်း သားတွေ ၄, ၅ ပိသာလောက် လုပ်ထားပြီး ကြောင်အိမ်ထဲမှာ အိပ်နဲ့ထည့်ထားခဲ့တယ် စားချင်တဲ့အခါဆီအိုးလေးတည်ပြီးကျော်စားလိုက်ယုံပဲ ပြီးတော့ဟင်းချိုမုန့်မပါ ပဲရွာကဆုံဆီသန့်တွေနဲ့ ကြော်
ထားတဲ့ဘာလချောင်ကြော်ပုလင်းတွေလဲ ကြောင်အိမ် ဒုတိယအဆင့်မှာရှိတယ်တင့်ဆွေ တို့ နဲ့ ဘီယာမြည်းမပြစ် လိုက်နဲ့အုန်း
သူမ ရေးထားတဲ့စာလုံးတွေ က ကြောင်ခြစ်ထားသလိုပဲ မညီမညာနဲ့ လက်ရေးကလဲစုတ်ပြတ်သတ်နေတာပဲ ဒါပေမဲ့စာလုံးတိုင်းဟာသူမရဲ့ ဖြူစင်တဲ့စိတ်ထားအမှန် တွေဆိုတာ သူခံစားမိ လေတိုင်း နှလုံးသားထဲမှာတစစ်စစ်နဲ့နာကျင်လာတယ်
သူ ကြောင်အိမ် ထဲ ကဘာလချောင်ပုလင်းတွေထုတ်ကြည့်ပြီး…သူသာမာန်ဆင်းရဲသားငမွဲလေး ဘဝ လွန်ခဲ့တဲ့ နှစ်၂၀ကတုန်းကသူ့ကိုဒီလို ပဲ ဘာလချောင်ကြော်တွေ ကြော်ကျွေးခဲ့တုန်းက
သူ ပျော်ရွင်ကြည်နူးခဲ့ရဖူးတယ်အဲ့ဒီတုန်းက ဘဝတစ်လျှောက်လုံးမှာ သူမကိုပျော်ရွင်အောင်ထားရ မယ်လို့ သူ့ကိုယ် သူဂတိ ပေးခဲ့ဖူးတယ်
သူချက်ချင်းပဲ ကားမောင်းထွက်ပြီးသူ့မိန်းမ ကိုလိုက်ရှာတယ် နာရီဝက်လောက်ကြာတော့ ကားဂိတ်မှာ သူ့မိန်းမကို တွေ့တယ် သူ့တစ်ကိုယ်လုံးလဲချွေးတွေရွဲနစ်နေတာပဲသူ
…မိန်းမကိုဒေါသနဲ့လှမ်းအော်တယ် ..နင်က ဘယ်ကိုသွားမလို့လဲ ငါအခုအလုပ်ကပြန်လာတာ တစ်နေကုန်ပင်ပန်းလာတာထမင်းတောင်မစားရသေးဘူးအိမ်ရှင်မတာဝန်ဆိုတာ ဒီလိုပဲ လင်ကို ပစ်ထား ရသလား ? ငါနဲ့ခုချက်ချင်းအိမ်ပြန်လိုက်ခဲ့ …
သူ့ဇနီး လည်း မျက်ရည်တွေစီးကျလာ ယင်း ထိုင်ရာကထပြီးသူ့နောက်ကို တိတ်တိတ်ဆိတ်ဆိတ်ပဲလိုက်လာ ခဲ့တော့တယ် သူမ မျက်နာမှာလည်း မျက်ရည်စတွေနဲ့ .
.ပြုံးလာတယ်သူမ မသိတာက သူ့ရှေ့က စိုက်စိုက်နဲ့လျောက်နေနဲ့ သူယောက်ျား ရဲ့ပါးမှာမျက်
ရည်တွေစီးကျနေတယ်ဆိုတာပါပဲ
စောစောက ကားဂိတ်ကိုသူ ကားမောင်းလာတော့လမ်းမှာတစ်လမ်းလုံးသူစိုးရိမ်လာတာ သူမကိုပြန်ရှာ လို့မတွေ့တော့မှာကိုပဲအရမ်းကြောက်နေခဲ့တာပါသူဟာ သူ့ကိုယ်သူကြိမ်ဆဲမိတယ်
ဘာလိုအဲ့လောက်တောင်အသုံးမကျတာလဲ ဘာမဟုတ်တဲ့ တစ်ခြားမိန်းမ
လှတာလေးနဲ့ပဲ သူ့ ကိုသိပ်ချစ်သိပ်ရိုသေပြီး သူနဲ့အတူ အေးအတူပူအမျှ နှစ်ပေါင်း၂၀ကျော် အပင်ပန်းအဆင်းရဲအတူတူခံလာတဲ့မိန်းမကိုပစ်ပယ်ဖို့စဉ်းစားမိရတာလဲ ပေါ့ တကယ်ဆို သူမ ဟာ သူ့ဘဝရဲ့ ခွဲခွာမရတဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါပဲ ဆိုတာသူနားလည်သွားပါပြီ
ပျော်ရွင်မှု့ဆိုတာ ဘဏ်စာအုပ်ထဲက ငွေကြေးပမာဏပေါ်မှာမမူတည်ပါဘူး ကိုယ်ချစ်တဲ့သူရဲ့အပြုံးပေါ်မှာတာမူတည်တာပါလွပ်လပ်မှု့ဆိုတာ လူတိုင်းအတွက်ဖြစ်နိုင်ပါတယ်ကိုယ်ကသာရွေးချယ်မလားဆိုတာ မူတည်သွားတာပါ
သင်သိရင် အေးချမ်းလိမ့်မယ်(Page)
Credit \\ original