Super Sunday မှာ အတူဆုံရင်း ပျော်နေကြတဲ့ စိုးမြတ်သူဇာတို့ ညီအမတွေ




ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ ညီအမတွေဖြစ်တဲ့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်နဲ့ စိုးပြည့်သဇင်တို့ညီအမတွေကတော့ တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ကြတဲ့ ချစ်စရာညီအမတွေပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စန္ဒီမြင့်လွင်က သူတို့ညီအမတွေ မင်းသမီးပိုးထည်တိုက်မှာ အတူဆုံနေတဲ့အကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။ အလုပ်အကြောင်းဆွေးနွေးရင်း စားရင်းသောက်ရင်း စရင်းနောက်ရင်းနဲ့ ပျော်နေကြတဲ့ စိုးမြတ်သူဇာတို့ ညီအမတွေကတော့ အရမ်းကို ချစ်ဖို့ကောင်းလှပါတယ်နော်။


မိုမိုလေးချစ်ပရိသတ်တွေအတွက် Super Sunday မှာ ညီအမတွေစုပြီး တွေ့ခဲ့ကြတဲ့ စိုးမြတ်သူဇာတို့ညီအမတွေရဲ့ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။


စန္ဒီမြင့်လွင်ကတော့ “Super Sunday ဒီနေ့ ဆိုင်မှာညီအစ်မတွေစားတယ်သောက်တယ်မိတင်တယ်ရှင့် ပစ္စည်းသစ်တွေအများကြီးထပ်တင်ဖို့ ကာစတမ်မာတွေအတွက်အများကြီးအသစ်တွေတင်ဖို့ တိုင်ပင်နေကြတယ်နော် 😍”ဆိုပြီး မြင်ရသူတွေကို အပျော်တွေကူးစက်တဲ့ သူမတို့ ညီအမတွေရဲ့ပုံတွေကို ဝေမျှပေးထားတာပါ။


နွေးထွေးလွန်းတဲ့ ညီအမတွေ


စိုးမြတ်သူဇာတို့ ညီအမတွေကတော့ အနုပညာအလုပ်တွေလုပ်ရင်း အခုဆိုရင် မင်းသမီး ပိုးထည်တိုက်ကို ဖွင့်လှစ်ထားပြီး အရည်အသွေးကောင်းတဲ့ အထည်တွေကို တင်ရောင်းနေတယ်လို့လည်း သိရပါတယ်။ မိုမိုလေးချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ စိုးညီအမတွေကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။


Myint Myat
Source: Sandy Myint Lwin’s Facebook

Credit  \  original

Recent Updates

Recent Posts Widget